Pages

Pages - Menu

Tuesday, October 15, 2013

Trader ဟိုတယ် ပေါက်ကွဲမူ သံသယရှိသူ ကိုဖော်ထုတ်ရရှိ

ကုန်သည်ကြီးများဟိုတယ် ပေါက်ကွဲမူကြောင့် လွင့်စင်လာသော မှန်ကွဲများကို မြို့တော်စည်ပင် ဝန်ထမ်းများက ညတွင်းချင်းရှင်းလင်းနေစဉ်
RangonNewsDaily:: October. 15 .2013

ကုန်သည်ကြီးများ ဟိုတယ်၏ ညသန်းခေါင်ကျော် ပေါကိကွဲမူဖြစ်စဉ် တွင် အဓိက တရားခံကို ဖော်ထုတ်ရရှိထား ကြောင်းသက်ဆိုင်ရာမှသိရသည်
အဆိုပါပုဂ္ဂိုလ်မှာ ပေါက်ကွဲမူမဖြစိပွားမှီ နောက်ဆုံးတည်းခိုခဲ့သူဖြစ်ပြီး အသက် ၂၇ နှစ်အရွယ် အမျိုးသား ဖြစ်ကြောင်း မှတ်ပုံတင်နံပါတ် ၃ /ဖမန (နိုင် )၀၂၂၅၇၆ ဖြစ်ကာ အမည်မှာ စောမြင့်လွင်(ဘ)ဦးကိုညွန့် ဖြစ်ကြောင်း သက်ဆိုင်ရာမှ လတ်တလော စုံစမ်းချက်များအရသိရသည်

"သူက ဖောက်ခွဲ ရေးပစ္စည်းတွေ ထားပြီး Taxi ကို ခုနှစ်သောင်းပေးပြီး လစ်တာ Taxi ပေါ်မှာ သူမှတ်ပုံတင်ကျန်နေခဲ့တယ်"ဟု တာဝန်ရှိသူ အရာရှိတစ်ဦးက ဆိုသည်

အဆိုပါ သံသယရှိသူ အနေဖြင့် သာကေတ နှင့် အလုံမြို့နယ်တို့ တွင်တွေ့ရှိသည့် ဖောက်ခွဲ ရေးပစ္စည်းများနှင့်လည်းဆက်ဆပ်နေနိုင်ကြောင်း ရန်ကုန်မြို့ လုံခြုရေးတာဝန်ယူထားသူ တပ်မတော် အရာရှိ တစ်ဦးက သုံးသပ်ပြောကြားသည်

လက်ရှိ အချိန်တွင် အခင်းဖြစ်ပွားရာ ကုန်သည်ကြီးများဟိုတယ်၏ အလွှာ ၉ တစ်ထပ်လုံးပြောင်းရွေ့ထားကြောင်း ဒဏ်ရာရရှိသူ အမေရိကန် အမျိုးသမီး၏ ကလေးနှစ်ကို အခန်းပြောင်းရွေ့ကာ စောင့်ရှောက်ထားကြောင်း ဟိုတယ်လုံခြုံရေးတာဝန်ရှိသူတစ်ဦးထံမှသိရသည်

အဆိုပါ အမေရိကန်ဇနီးမောင်နှံ၏ လက်ရှိကိုင်ဆောင်ထားသော နိုင်ငံကူးလက်မှတ်များမှာ pp 488927770 နှင့် pp 488932812 ဖြစ်ကာ ယနေ့ နေ့လည် ၁ နာရီ တွင် ယင်းဟိုတယ်တွင် စတင်တည်းခိုခြင်းဖြစ်ကြောင်းဟိုတယ် စာရင်းများ အရ သိရသည်

People power , Myanmar News Now , kolatt(PBDN)
RangonNewsDaily




ကုန်သည်ကြီးများဟိုတယ် ပေါက်ကွဲမူကြောင့် လွင့်စင်လာသော မှန်ကွဲများကို မြို့တော်စည်ပင် ဝန်ထမ်းများက ညတွင်းချင်းရှင်းလင်းနေစဉ်

ကုန်သည်ကြီးများဟိုတယ်ပေါက်ကွဲမူအားလာရောက်ကြီးကြပ်သူ ရန်ကုန်တိုင်းဒေသကြီး န
်ယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းကိုတွေ့ရစဉ်

ကုန်သည်ကြီးများဟိုတယ်ရှေ့ ပေါက်ကွဲမူ ဖြစ်ပွားစဉ် လွင့်စင်လာသော အပိုင်းအစများ

ပေါက်ကွဲမူဖြစ်ပွားခဲ့သည့် ကုန်သည်ကြီးများ ဟိုတယ်

No comments:

Post a Comment