Pages

Pages - Menu

Monday, October 14, 2013

RNDP ပါတီဝင်များဖမ်းခံရမှုကို ရက္ခိုင့်တပ်မတော် လက်တုန့် ပြန်ပြီ


RangonNewsDaily:: October. 14 .2013
ယခုရက်ပိုင်းရန်ကုန်မြို့ တွင် ဆက်တိုက်ဗုံးပေါက်ကွဲမှုများဖြစ်ပွားလျက်ရှိသောကြောင့် ပြည်သူအများအထိတ်
တလန့်  ဖြစ်နေရသည်မှာ အားလုံး သိရှိပြီးဖြစ်ပါလိမ့်မည်။
အင်းစိန်၊ စော်ဘွားကြီးကုန်း၊ သာကေတ၊ တာမွေတို့ တွင် ပေါက်ကွဲမှုများမဖြစ်ပွားစဉ်ကာလက ရခိုင်ပြည်
နယ် ပဋိပက္ခများတွင် ပါဝင်သည်ဆိုကာ RNDP ပါတီမှ ပါတီဝင်များကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ရခိုင်လူထုနှင့် ပါတီဝင်များအကြားတွင် အစိုးရအား မကျေနပ်မှုများ မြင့်တက်လာခဲ့ကြောင်း သတင်းများဆက်တိုက်တက်
လာခဲ့ပါသည်။ 

ဖမ်းဆီးထိန်းသိမ်းပြီးနောက်ပိုင်းတွင် လွတ်မြောက်နေသည့် ပါတီဝင်အချို့ မှာ ဘင်္ဂလားဒေ့ရှ်ဘက်အခြမ်း
 ကော့ဘဇား ဒုက္ခသည်စခန်းသို့ ထွက်ပြေးခိုလှုံခဲ့ပြီး RNDP ဥက္ကဌဖြစ်သူ ဦးအေးမောင်ကလည်း ၂၄နာ
ရီအတွင်း ဖမ်းဆီးထားသည့် ပါတီဝင်များကို လွှတ်ပေးခြင်းမရှိပါက လက်တုန့် ပြန်မည်ဟု ရာဇသံပေးခဲ့ပါ
သည်။ 

ထို့ နောက် ဖမ်းဆီးထိန်းသိမ်းထားသည့်ထောင်သို့ သွားရောက်ကာ ပြန်လွှတ်ပေးရေးအတွက် ချော့တစ်မျိုး
ခြောက်တစ်လှည့်ဖြင့် သွားရောက် နှောင့်ယှက်နေသည့်အတွက် ကျောက်ဖြူထောင်သို့ ရွှေ့ ပြောင်း အကျဉ်း
ချထားခဲ့ပါသည်။ ထို့ အပြင် RNDP ပါတီအားအစိုးရမှ ဖျက်သိမ်းမည်ဆိုသည့် သတင်းကြောင့် ရခိုင်ပါတီနှစ်
ခု ပူးပေါင်းကာ ပါတီသစ်တစ်ခုအဖြစ် ထူထောင်ခဲ့ပါသည်။ 

၎င်းတို့ ၏ ပါတီဝင်များလွှတ်ပေးခြင်းမရှိသည့်အတွက် RNDP ဦးအေးမောင် ကျောထောက်နောက်ခံပြုထား
သည့် ရက္ခိုင့်တပ်မတော် ALP မှ လက်နက်ကိုင်များက ရာဇသံပေးထားသည့် အတိုင်း ရန်ကုန်မြို့ တွင် လက်
တုန့်  ပြန်ဗုံးခွဲမှုများဆက်တိုက်ပြုလုပ်ရခြင်းဖြစ်ကြောင်း ALP ၏ အိန္ဒိယနယ်စပ်ရှိ ဆက်ဆံရေးရုံးမှ သတင်း
ထုတ်ပြန်ကြေညာခဲ့ပါသည်။ 

ထို့ အပြင် အဖရခိုင်ပြည် ခွဲထွက်ရန်အတွက် တိုက်ပွဲ စတင်လိုက်ပြီဖြစ်ကြောင်းနှင့် “၀” တပ်မှလက်နက်များ
လည်း ၀ယ်ယူစုဆောင်းပြည်ဖြစ်ကြောင်း အတိအလင်း ထုတ်ပြန်ကြေညာခဲ့ကြောင်း သတင်းရရှိပါသည်။

ပေးပို့သူ==== ရက္ခိုင့်သွီး
kingsofnews (Blog) ,  kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment