Pages

Pages - Menu

Wednesday, October 9, 2013

နိုင်ငံပေါင်း၂၁ဝကျော်တွင်အသုံးပြုနိုင် သည့် Master Card ပထမဆုံးရောင်းချ ====================== ဖြူသင်းခိုင် ရန်ကုန် အောက်တိုဘာ ၈ ................................. CB ဘဏ်က ပထမဆုံးထုတ်လုပ်ရောင်းချ နေသော ပြည်တွင်းမှပြည်ပသို့ ခရီးထွက်ခွာ သည့်အခါ နိုင်ငံပေါင်း ၂၁ဝ ကျော်တွင် အသုံးပြု နိုင်သည့်Easi Travel Master Card ကို စတင်ရောင်းချပြီဖြစ်ကြောင်း CB ဘဏ်က ယနေ့ မီဒီယာများနှင့်တွေ့ဆုံစဉ် အတည်ပြုသည်။ ပြည်ပနိုင်ငံများသို့သွားရောက်သည့်အခါ ကမ္ဘာ့နိုင်ငံပေါင်း ၂၁ဝ ကျော်ရှိ Master Card အမှတ်တံဆိပ်ပါသော ATM တွင် ငွေသား များထုတ်ယူနိုင်ပြီး စားသောက်ဆိုင်၊ ဟိုတယ်၊ Shopping Center ၊ ဆေးရုံ အစရှိသောနေရာများ တွင် Easi Travel Master Card ဖြင့်အသုံးပြု နိုင်သည့်အပြင် အွန်လိုင်းငွေပေးချေမှုများ ပြုလုပ် နိုင်မည်ဖြစ်သည်။ '' Easi Travel Master Card က နိုင်ငံခြား ရောက်မြန်မာတွေကို လုံခြုံစိတ်ချရတဲ့ငွေပေးချေ မှုစနစ်အသုံးပြုနိုင်အောင် ကူညီပေးသွာမှာပါ'' ဟု Master Card ၏အရှေ့တောင်အာရှဥက္ကဋ္ဌ Mr.Matthew Driver ကပြောသည်။ Easi Travel Master Card အားသုံးစွဲလို လျှင် ရန်ကုန်မြို့ရှိ CB ဘဏ်ရုံးချုပ်နှင့် ရုံးခန်း ခွဲများတွင် မြန်မာကျပ်ငွေရှစ်ထောင်ဖြင့် လျှောက်လွှာကြေးပေးဆောင်၍ ကတ်အတွင်းသို့ စာရင်းစဖွင့်ငွေ အမေရိကန်ဒေါ်လာ ၅ဝ ဖြင့် စတင်စာရင်းဖွင့်နိုင်ပြီး ကတ်အတွင်း သို့အများဆုံး ပေးသွင်းနိုင်သည့်ငွေပမာဏမှာ အမေရိကန် ဒေါ်လာ ၅ဝဝဝ ပေးသွင်းနိုင်ကြောင်း၊ Easi Travel Master Card အတွင်းသို့ ကြိုတင်ငွေ ဖြည့်သွင်းရာတွင် ပေးသွင်းလိုသည့်အမေရိကန် ဒေါ်လာနှင့်ညီမျှသော မြန်မာကျပ်ငွေဖြင့် ကြိုတင်ဖြည့်သွင်းရမည်ဖြစ်ကြောင်း ၄င်းကပြောသည်။

RangonNewsDaily:: October. 9 .2013
CB ဘဏ်က ပထမဆုံးထုတ်လုပ်ရောင်းချ နေသော ပြည်တွင်းမှပြည်ပသို့ ခရီးထွက်ခွာ သည့်အခါ နိုင်ငံပေါင်း ၂၁ဝ ကျော်တွင် အသုံးပြု နိုင်သည့်Easi Travel Master Card ကို စတင်ရောင်းချပြီဖြစ်ကြောင်း CB ဘဏ်က ယနေ့ မီဒီယာများနှင့်တွေ့ဆုံစဉ် အတည်ပြုသည်။ ပြည်ပနိုင်ငံများသို့သွားရောက်သည့်အခါ ကမ္ဘာ့နိုင်ငံပေါင်း ၂၁ဝ ကျော်ရှိ Master Card အမှတ်တံဆိပ်ပါသော ATM တွင် ငွေသား များထုတ်ယူနိုင်ပြီး စားသောက်ဆိုင်၊ ဟိုတယ်၊ Shopping Center ၊ ဆေးရုံ
အစရှိသောနေရာများ တွင် Easi Travel Master Card ဖြင့်အသုံးပြု
နိုင်သည့်အပြင် အွန်လိုင်းငွေပေးချေမှုများ ပြုလုပ် နိုင်မည်ဖြစ်သည်။

'' Easi Travel Master Card က နိုင်ငံခြား ရောက်မြန်မာတွေကို လုံခြုံစိတ်ချရတဲ့ငွေပေးချေ မှုစနစ်အသုံးပြုနိုင်အောင် ကူညီပေးသွာမှာပါ'' ဟု Master Card ၏အရှေ့တောင်အာရှဥက္ကဋ္ဌ Mr.Matthew Driver ကပြောသည်။

Easi Travel Master Card အားသုံးစွဲလို လျှင် ရန်ကုန်မြို့ရှိCB ဘဏ်ရုံးချုပ်နှင့် ရုံးခန်း ခွဲများတွင် မြန်မာကျပ်ငွေ
ရှစ်ထောင်ဖြင့်လျှောက်လွှာကြေးပေးဆောင်၍ ကတ်အတွင်းသို့ စာရင်းစဖွင့်ငွေ အမေရိကန်ဒေါ်လာ ၅ဝ ဖြင့် စတင်စာရင်းဖွင့်နိုင်ပြီး ကတ်အတွင်းသို့အများဆုံး ပေးသွင်းနိုင်သည့်ငွေပမာဏမှာ အမေရိကန် ဒေါ်လာ ၅ဝဝဝ ပေးသွင်းနိုင်ကြောင်း၊ Easi Travel Master Card အတွင်းသို့ ကြိုတင်ငွေ ဖြည့်သွင်းရာတွင် ပေးသွင်းလိုသည့်အမေရိကန် ဒေါ်လာနှင့်ညီမျှသော မြန်မာကျပ်ငွေဖြင့် ကြိုတင်ဖြည့်သွင်းရမည်ဖြစ်ကြောင်း၎င်းကပြောသည်။
The Union Daily , kolatt(PBDN)
RangonNewsDaily
 

No comments:

Post a Comment