Pages

Pages - Menu

Friday, October 25, 2013

ဘုရင့်နောင်ကုန်စည်ဒိုင် ပြောင်းရွှေ့ရန်JICA လေ့လာ

RangonNewsDaily:: October. 25 .2013
ယာဉ်ကြောကျပ်တည်းလမ်းကြောင်းပိတ်ဆို့မှု လျော့ကျစေရန် ဘုရင့်နောင် အဝေးပြေး ကုန်စည်ဒိုင်အား ပြောင်းရွှေ့နိုင်ရန် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့JICAမှ စစ်တမ်းကောက်ယူကာ လေ့လာပြုလုပ်နေကြောင်း အဝေးပြေး ကုန်စည် ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်းမှ တွဲဖက်အတွင်းရေးမှူး ဦးကိုကိုနိုင်က ပြောကြားသည်။

ဘုရင့်နောင်အဝေးပြေး ကုန်စည်ဒိုင်ကို လှည်းကူးသို့JICAမှ ပြောင်းရွှေ့ရန် စီစဉ်ထားခြင်းဖြစ်ပြီး ကုန်စည်ဒိုင်ပွဲရုံ လုပ်ငန်းရှင်များ၏ သဘောထား များကိုလည်းမေးမြန်းရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“အာဏာပိုင်အဖွဲ့အစည်းက ဖန်တီးပေးရမှာပါ။ ထောင်ကျော်ရှိတဲ့ ပွဲရုံတွေက စိတ်တိုင်းကျလုပ်လို့ မရဘူး။ ဘာအစီအစဉ်မှ မကြေားမိဘူး။ ကောလဟလတွေတော့ကြားတယ်”ဟု အဝေးပြေးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်းမှ အတွင်းရေးမှူး ဦးတင်ယုက ပြောကြားသည်။

“ခုမှ JICA လာရောက်ဆွေးနွေးရုံပဲ ရှိသေးတာ။ ဘာမှအကောင်အထည် မဖော်ရသေးပါဘူး။ အတိအကျ ဘာမှမပြောနိုင်သေး ဘူး” ဟု ဦးကိုကိုနိုင်က ဆက်လက်ပြောကြားသည်။

လုပ်ငန်းရှင်တစ်ထောင်ကျော်ဖြင့် လည်ပတ်နေသော ဘုရင့်နောင်ပွဲရုံအား ပြောင်းရွှေ့မည်ဆိုပါက လုပ်ငန်းရှင်များနှင့် ဝယ်ယူသူ များပါ အခက်အခဲများစွာနှင့် ကြုံတွေ့လာနိုင်မည်ဖြစ်ပြီး ပြောင်းရွှေ့ရမည့် အစီအစဉ်အား အကြောင်းကြားလာခြင်း မရှိသေး ကြောင်း ရန်ကုန်မြို့ အခြေစိုက်ဘုရင့်နောင်ပွဲရှိ သကြားပွဲရုံပိုင်ရှင် တစ်ဦးကပြောကြားသည်။

People power , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment