RangonNewsDaily:: October. 23 .2013
HTC ရဲ့  စမတ်နာရီ ကိုလည်း မြင်တွေ့ရပါမယ်။ ၂၀၁၄ ခုနှစ် အတွင်း ဖြန့် ချိနိုင် တယ်လို့ ခန့်မှန်းထား ပါတယ်။ HTC Sense Feature ပါ ပါဝင်ပြီး Android OS ကိုပဲ Based လုပ်ပြီး မောင်းနှင် မယ့် နာရီပါပဲ။ လက်ရှိ Samsung ရဲ့  Samsung Galaxy Gear နဲ့ Sony ရဲ့  Smartwatch 2 တို့အတွက် အဓိက ပြိုင်ဘက် ဖြစ်လာစေ မှာ ဖြစ်ပါတယ်။ နာရီရဲ့  ပုံသဏ္ဍာန် ဘယ်လိုရှိလာ မယ် ဆိုတာလည်း မသိရသေးပါဘူး။

အခု ပုံမှာက imagine
လုပ်ထားတာပါ။ ပါဝင်မယ့် Feature အစုံအလင်ကိုလည်း ထွက်ဆို မထားပါဘူး။
သေချာတော့ကတော့ လက်ရှိ စမတ်နာရီများရဲ့  ပြိုင်ဘက် ဖြစ်လာမယ် ဆိုတာပါပဲ။
အားကစားအတွက်ကော၊ ဖျော်ဖြေရေး အတွက်ကော၊ Telecommunication အတွက်ကော
အားလုံး အဆင်ပြေစေမယ့် နည်းပညာပစ္စည်း တစ်ခု ဖြစ်လာမယ်လို့
ခန့်မှန်းထားပါတယ်။
HTC ရဲ့  စမတ်နာရီနဲ့ ပက်သက်တဲ့ တရားဝင် သတင်းအချက်အလက်ကို ယခုရက်ပိုင်းအတွင်း ထုတ်ပြန်သွားဖွယ် ရှိကြောင်း သိရပါတယ်။
.
Ref:pocketlint
Aung Kham (TSJ Team)
TechSpace Journal , kolatt(PBDN)
RangonNewsDaily

No comments:
Post a Comment