Pages

Pages - Menu

Saturday, October 19, 2013

မန္တလေးသို့ သွားရောက်ရန် ကားလက်မှတ်ဝယ်ရာမှ ငွေကျပ်တစ်သောင်းတန် ငွေစက္ကူအတုများ ဖမ်းဆီးရမိ

RangonNewsDaily:: October. 19 .2013
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့ မြောက်အင်းရပ်ကွက် အောင်ရတနာ ခရီးသည်တင် ကားဂိတ်၌ အောက်တိုဘာ ၁၇ ရက် မွန်းတည့် ၁၂ နာရီခန့်က ခိုင်စုဝေ (၃၇နှစ်) ဝဲလာကျေးရွာ ပင်လည် ဘူးမြို့နယ်နေသူသည် မန္တလေးသို့ သွားရောက်ရန် ကားလက်မှတ်ကို ငွေကျပ်တစ်သောင်းတန်သုံးရွက်ဖြင့် ဝယ်ယူခဲ့သည်။

အဆိုပါကားဂိတ်မှ တာဝန်ရှိသူများက ကျပ်တစ်သောင်းတန် ငွေစက္ကူများမှာ အတုဖြစ်နေသည်ကို သိရှိရသဖြင့် ကောလင်းမြို့နယ် ရဲစခန်းသို့ အကြောင်းကြားခဲ့ရာ ကောလင်းရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်ရဲအုပ် စန်းယုနှင့်အဖွဲ့လာရောက်ကြည့်ရှုသိမ်းဆည်းခဲ့ပြီး ငွေစက္ကူအတုအသုံးပြုသူ တည်းခိုနိုင်သည့် တည်းခိုခန်းများတွင် သွားရောက်စစ်ဆေးကြရာ ကောလင်းမြို့ မြောက်အင်းရပ်ကွက် ရွှေလဝင်းတည်းခိုခန်းတွင် ခိုင်စုဝေကို တွေ့ရှိရသည်။

ခိုင်စုဝေ၏ ပိုက်ဆံအိတ်ကို စစ်ဆေးကြရာ ကျပ်တစ်သောင်းတန် ငွေစက္ကူ ၂၂ ရွက်နှင့် ၄င်းသုံးစွဲရန် ဝယ်ယူခဲ့သော ငါးချဉ်ရောင်းသူထံမှ ကျပ်တစ်သောင်းတန် တစ်ရွက်၊ အောင်ရတနာကားဂိတ်မှ ကျပ်တစ်သောင်းတန်သုံးရွက် စုစုပေါင်း ကျပ်တစ်သောင်းတန် ၂၆ ရွက် တန်ဖိုးငွေကျပ် ၂၆ဝဝဝဝ သိမ်းဆည်းရမိသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ ခိုင်စုဝေအား ကောလင်းမြို့နယ် ရဲစခန်းတွင် ထိန်းသိမ်းထားရှိပြီး တရားဥပဒေအရ ဆက်လက်အရေးယူပြီး ဖြစ်ရပ်မှန်ကို စုံစမ်းလျက်ရှိကြောင်း သိရသည်။

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment