![]() |
RangonNewsDaily:: October. 22 .2013
ကျိုက်ထီးရိုးဘုရားဖူးရာသီစဖွင့်သည့် ရက်သီတင်းကျွတ်လပြည့်နေ့ တစ်ရက်တည်း၌ပင် ပြည်တွင်း၊ ပြည်ပမှ လာရောက်ဖူးမြော်သော ဘုရားဖူးဧည့်သည် လေးသောင်းကျော်ရှိခဲ့သည်ဟု ကျိုက်ထီးရိုးတောင်တက် ကား

အသင်းမှ ဦးဝိလွင်က မဇ္ဈိမကို ပြောသည်။
ကျိုက်ထီးရိုးဘုရားသို့လာရောက်ဖူးမြော်သောဘုရားဖူးဧည့်သည်များများပြားခြင်းကြောင့်ကျိုက်ထီးရိုး တောင်
တက်ကားများသည် တစ်နေ့တည်း၌ပင်
ရင်ပြင်တော်ပေါ်အရောက် အခေါက်ရေ ၅၀၀ အထိ ပြေးဆွဲပေးခဲ့ရ
သည်။ ယမန်နှစ်
ကျိုက်ထီးရိုး ဘုရားဖူး ရာသီကာလအစတွင်မူ တောင်အောက်မှ တောင်ပေါ်သို့
ပြေးဆွဲရ
သည့် တောင်တက်ကား အခေါက်ရေမှာ ၄၀၀ အထိသာ ပြေးဆွဲခဲ့ရသည်။
ထို့အပြင် ဘုရားဖူးခရီးသွားဦးရေ များပြားလာသဖြင့် သီတင်းကျွတ်လပြည့်နေ့က တောင်တက်ကားများကို ပုံမှန် ပြေးဆွဲသည့် အချိန်ထက် ကျော်လွန်၍ ည ၁၀ နာရီအထိ ပြေးဆွဲပေးခဲ့ရသည်။
“ရင်ပြင်တော်ပေါ်မှာ မိုးတွေရွာတော့ နေစရာနေရာတွေကလဲ ပြည့်နေပြီ၊ ခရီးသွားတွေက ကင်ပွန်းစခန်း

ကို ဆင်းချင်တယ်
တောင်းဆိုလို့ တောင်တက်ကားတွေ ညဆယ်နာရီအထိ ပြေးဆွဲပေးခဲ့ရတယ်”ဟု ပြော
သည်။
ကျိုက်ထီးရိုးဘုရားဖူးရာသီကာလကိုသီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာလ၁၉ ရက်တွင် စတင် ဖွင့်လှစ်

ခဲ့ပြီး ဧပြီလအထိ သတ်မှတ်ထားသည်။
Mizzima - News, kolatt(PBDN)
RangonNewsDaily
Mizzima - News, kolatt(PBDN)
RangonNewsDaily

No comments:
Post a Comment