Pages

Pages - Menu

Wednesday, October 16, 2013

ကြည့်ုမြင်တိုင် မြို့နယ်တွင် နေအိမ်ပေါ်အထိ တက်၍ သတ်ဖြတ်မှုတွင် လူသတ်သမားအဖြစ် သံသယရှိသူကို ဖမ်းမိပြီ

RangonNewsDaily:: October. 16 .2013
ကြည့်ုမြင်တိုင်၌ အိမ်ပျော်နေသည့် လူတစ်ဦးအား နေအိမ်ပေါ်အထိတက်၍ သတ်ဖြတ်ခဲ့မှုတွင် လူသတ်သမားအဖြစ် သံသယရှိထားသူကို ဖမ်းဆီးမိပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ် ပြန်လိုက်သည်။အဆိုပါ လူသတ်မှုမှာ ကြည့်မြင်တိုင် အောက်ရုံရပ်ကွက်တွင် အောက်တိုဘာ ၁၃ ရက် ည ၉ နာရီက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရပ်ကွက်အတွင်းနေ သိန်းတန်(ခ)သိန်းနိုင် ဆိုသူနှင့် သန်းလင်းထိုက်(ခ) မြွေပွေးတို့ စကားများ ရန်ဖြစ်ခဲ့ကြသည့် ကိစ္စအား မကျေနပ်သဖြင့် ညဘက်တွင် လူသတ်မှုကျူးလွန်ခဲ့ခြင်း ဖြစ်သည်။

သန်းလင်းထိုက်(ခ)မြွေပွေးက သိန်းတန် (ခ)သိန်းနိုင်၏ နေအိမ်ပေါ်သို့ အောက်တို ဘာ ၁၄ ရက် နံနက် ၃နာရီခွဲ အချိန်တွင် တက်ရောက်ပြီး ဓားဖြင့် ထိုးခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် သိန်းတန်မှာ ၀ဲဘက်လည် ပင်းထိုးသွင်း ဒဏ်ရာ တစ်ချက်ရရှိပြီး ရန်ကုန် ဆေးရုံသို့ တင်ပို့ ကုသနေစဉ် သေဆုံးသွားခဲ့ခြင်းလည်း ဖြစ်သည်။

ထို့ကြောင့် လူသတ်သည်ဟု သံသယရှိ ယူဆထားသူ သန်းလင်းထိုက်(ခ) မြွေပွေး အား ကြည့်မြင့်တိုင် စက်ဆန်းနယ်မြေ ရဲစခန်း က (ပ)၃၆၃ /၂၀၁၃ဖြင့် အမှုဖွင့်ပြီး လိုက်လံ ရှာဖွေခဲ့ခြင်း ဖြစ်သည်။ မြို့နယ် ရဲတပ်ဖွဲ့ဝင်များက အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး စုံစမ်း ရှာဖွေခဲ့ရာ ယင်းနေ့ နံနက် ၆ နာရီကျော် အချိန်တွင် သန်းလင်းထိုက်(ခ)မြွေပွေးအား အလတ်ချောင်းရပ်ကွက်၊ အလတ်ချောင်း တံတား ပေါ်တွင် ဖမ်းဆီးမိသည်ဟု တိုင်းရဲ တပ်ဖွဲ့က ဆိုသည်။

ထို့ပြင် ၎င်းထံမှ အရိုးအသွား ကိုးလက် မခန့်ရှိ ဓားဦးချွန် တစ်ချောင်းကို ဖမ်းဆီးရမိခဲ့သည်ဟုဆိုထားသည်။ ၎င်းကို ကိုသိန်းတန်အား သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်၍ စစ်ဆေးသွားမည်ဖြစ်ပြီး
ပြစ်မှုကျူးလွန်ကြောင်း တွေ့ရှိပါက ပုဒ်မ ၃၀၂ ဖြင့် အရေးယူသွားမည်ဟု တိုင်းရဲတပ်ဖွဲ့က ဆိုသည်။

ဇော်ဇော်ထွေး
Mizzima - News, kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment