Pages

Pages - Menu

Tuesday, October 29, 2013

ရန်ကုန်တိုက်ခန်း ဈေးကွက်ဈေးနှုန်းများ ပိုမိုမြင့်တက်လာ

Photo: ရန်ကုန်တိုက်ခန်း ဈေးကွက်ဈေးနှုန်းများ ပိုမိုမြင့်တက်လာ
Tuesday, October 29, 2013

ရန်ကုန်အိမ်ခြံမြေ ဈေးကွက်အတွင်း တိုက်ခန်းဈေးနှုန်းများမှာ အနည်းငယ် ငြိမ်သက်နေရာမှ ယခုအခါ ဈေးနှုန်းများပြန်လည် မြင့်တက်လာလျက် ရှိနေကြောင်း အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

မြန်မာလူမျိုးများ၏ အစဉ်အလာအရ ဝါတွင်းကာလများတွင် အိမ်အပြောင်းအရွှေ့ မပြုလုပ်ကြဘဲ အိမ်အရောင်းအဝယ်ကိုလည်း မပြုလုပ်ကြသောကြောင့် တိုက်ခန်း ဈေးနှုန်းများ ငြိမ်သက်လျက်ရှိ နေရာမှ သီတင်းကျွတ်ကာလ ပြီးဆုံးသည့် နောက်ပိုင်းတွင် အရောင်း အဝယ် ပုံမှန်ပြန်ဖြစ်လာကာ တိုက်ခန်းဈေးနှုန်းများ လည်း မြင့်တက် လာသည်ဟု သိရသည်။

''ဝါတွင်းကာလမှာတော့ တိုက်ခန်းအရောင်း အဝယ်တွေက တော်တော်လေးကို ပါးခဲ့တယ်။ အခုရက်ပိုင်းမှာတော့ ပြန်ပြီးအရောင်းအဝယ် ဖြစ်လာတယ်။ ဈေးနှုန်းလည်း သိသိသာသာ ပြန်တက်လာတယ်'' ဟု စမ်းချောင်းမြို့နယ် အတွင်းရှိ အိမ်ခြံမြေအကျိုးဆောင် ကိုအောင် သိန်းက ပြောပြခဲ့သည်။

ဝါတွင်းကာလတွင် ငွေကြေးအခက်အခဲ ရှိသူများကသာ တိုက်ခန်း အရောင်းအဝယ် ပြုလုပ်ကြကြောင်း၊ သို့သော် အိမ်ခြံမြေ အရောင်းအဝယ်ပြုလုပ်သူ မရှိသလောက် နည်းပါးကြောင်း သိရသည်။ ယခုရက်ပိုင်းအတွင်း တိုက်ခန်းဈေးနှုန်းများမှာ အရောင်း အဝယ်ဖြစ်လာ၍ ငွေကျပ် ၁ဝ သိန်းမှ ၁၅ သိန်းအကြား မြင့်တက်လာကြောင်း ၎င်းကဆက်လက် ပြောပြခဲ့သည်။ စမ်းချောင်း၊ လမ်းမတော်၊ လသာနှင့် ကျောက်တံတား အစရှိသော နေရာများတွင် မြေညီထပ် တိုက်ခန်းဈေးနှုန်းများမှာ နေရာ အနေအထားပေါ် မူတည်၍ သိန်းထောင်ချီသည်အထိ ဈေးနှုန်းမြင့်မား လာသည်။ ပထမအလွှာနှင့် ဒုတိယ အလွှာများမှာ ငွေကျပ်သိန်း ၄ဝဝ ခန့်ရှိပြီး လေးလွှာနှင့် ငါးလွှာအခန်းများမှာ ငွေကျပ်သိန်း ၃ဝဝ ဝန်းကျင်ရှိသည်။ အပေါ်ဆုံး အလွှာများမှာ ငွေကျပ်သိန်း ၂ဝဝ ဝန်းကျင်ရှိကြောင်း သိရသည်။ 

မြ၀တီ

RangonNewsDaily:: October. 29 .2013
ရန်ကုန်အိမ်ခြံမြေ ဈေးကွက်အတွင်း တိုက်ခန်းဈေးနှုန်းများမှာ အနည်းငယ် ငြိမ်သက်နေရာမှ ယခုအခါ ဈေးနှုန်းများပြန်လည် မြင့်တက်လာလျက် ရှိနေကြောင်း အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။ မြန်မာလူမျိုးများ၏ အစဉ်အလာအရ ဝါတွင်းကာလများတွင် အိမ်အပြောင်းအရွှေ့ မပြုလုပ်ကြဘဲ အိမ်အရောင်းအဝယ်ကိုလည်း မပြုလုပ်ကြသောကြောင့် တိုက်ခန်း ဈေးနှုန်းများ ငြိမ်သက်လျက်ရှိ နေရာမှ သီတင်းကျွတ်ကာလ ပြီးဆုံးသည့် နောက်ပိုင်းတွင် အရောင်း အဝယ် ပုံမှန်ပြန်ဖြစ်လာကာ တိုက်ခန်းဈေးနှုန်းများ လည်း မြင့်တက် လာသည်ဟု သိရသည်။

''ဝါတွင်းကာလမှာတော့ တိုက်ခန်းအရောင်း အဝယ်တွေက တော်တော်လေးကို ပါးခဲ့တယ်။ အခုရက်ပိုင်းမှာတော့ ပြန်ပြီးအရောင်းအဝယ် ဖြစ်လာတယ်။ ဈေးနှုန်းလည်း သိသိသာသာ ပြန်တက်လာတယ်'' ဟု စမ်းချောင်းမြို့နယ် အတွင်းရှိ အိမ်ခြံမြေအကျိုးဆောင် ကိုအောင် သိန်းက ပြောပြခဲ့သည်။

ဝါတွင်းကာလတွင် ငွေကြေးအခက်အခဲ ရှိသူများကသာ တိုက်ခန်း အရောင်းအဝယ် ပြုလုပ်ကြကြောင်း၊ သို့သော် အိမ်ခြံမြေ အရောင်းအဝယ်ပြုလုပ်သူ မရှိသလောက် နည်းပါးကြောင်း သိရသည်။ ယခုရက်ပိုင်းအတွင်း တိုက်ခန်းဈေးနှုန်းများမှာ အရောင်း အဝယ်ဖြစ်လာ၍ ငွေကျပ် ၁ဝ သိန်းမှ ၁၅ သိန်းအကြား မြင့်တက်လာကြောင်း ၎င်းကဆက်လက် ပြောပြခဲ့သည်။ 
 
စမ်းချောင်း၊ လမ်းမတော်၊ လသာနှင့် ကျောက်တံတား အစရှိသော နေရာများတွင် မြေညီထပ် တိုက်ခန်းဈေးနှုန်းများမှာ နေရာ အနေအထားပေါ် မူတည်၍ သိန်းထောင်ချီသည်အထိ ဈေးနှုန်းမြင့်မား လာသည်။ ပထမအလွှာနှင့် ဒုတိယ အလွှာများမှာ ငွေကျပ်သိန်း ၄ဝဝ ခန့်ရှိပြီး လေးလွှာနှင့် ငါးလွှာအခန်းများမှာ ငွေကျပ်သိန်း ၃ဝဝ ဝန်းကျင်ရှိသည်။ အပေါ်ဆုံး အလွှာများမှာ ငွေကျပ်သိန်း ၂ဝဝ ဝန်းကျင်ရှိကြောင်း သိရသည်။

မြ၀တီ , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment