Pages

Pages - Menu

Monday, October 7, 2013

"လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်း အတွက် ပညာရှင်များလိုအပ်မှုကို အကြောင်းပြပြီး တရုတ်လူမျိုးများအား လိုအပ်သည်ထက်ပိုမိုပြီး ခေါ်ယူနေ"

RangonNewsDaily:: October. 7 .2013
လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းတွင် ကြေးနီသတ္ထုတူးဖော်ရေးလုပ် ငန်းများဆောင်ရွက်
ရန်အတွက် ပညာရှင်များလိုအပ်သည်ကို အကြောင်းပြ ပြီး တရုတ်လူမျိုးများ ၀င်ရောက်လာမှုသည် တစ်နေ့ထက်တစ်နေ့ပိုမိုမြင့် မားလာနေကြောင်း
လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်း စတင်ရန် အတွက်လာရောက်စဉ်ကတည်းက ၀င်ရောက်
လာသော တရုတ်များသည် ဗီဇာသက်တမ်းကုန်သော်လည်း ပြန်လည်ထွက်ခွာခြင်းမရှိသည့်အပြင်
နောက်ထပ် တစ်ယောက်ပြီး တစ်ယောက် ထပ်မံဝင်ရောက်လာခြင်းသာ ရှိနေကြောင်း မြန်မာဝမ်
ပေါင်ကြေးနီသတ္ထုတူးဖော်ရေးစီမံကိန်းမှ မြန်မာ အလုပ်သမား တစ်ဦးက သလ္လာဝတီတိုင်းမ်ကိုအ
တည်ပြုပြောကြားခဲ့ပါတယ်။
::
"လ-၀-က အနေနဲ့ ပြည်ဝင်ခွင့် ဗီဇာကို လာရောက်စစ်ဆေးတာမျိုးတစ်ခါမှ မရှိခဲ့ပါဘူး။ ဒီအလုပ်ခွင်
ထဲမှာ ဗီဇာသက်တမ်းကုန်နေတဲ့ ပညာရှင်ဆိုပြီး အကြောင်းပြခေါ်လာတဲ့ တရုတ်တွေအများကြီးရှိနေ
ပါတယ်။တစ်ကယ်တန်း ပညာရှင်မဟုတ်ပါဘူး။

တစ်ချို့ဆိုရင် အလုပ်ခွင်မှာ မူးယစ်ဆေးဝါးသုံးစွဲနေ တဲ့သူတွေ ရှိနေပါတယ်။" မြန်မာဝမိပေါင်
ကုမ္ပဏီမှ ယာဉ်မောင်းတစ်ဦး က သလ္လာဝတီတိုင်းမ်ကိုပြောပါတယ်။
::
တရုတ်လူမျိုးများကို လုပ်ငန်းလိုအပ်မှုတွေထက်ပိုမိုခေါ်ယူထားမှုမြင့်တက် လာနေသော်လည်း ဒေ
သခံများအားအလုပ်ခန့်ထားမှုမှာအလွန်ပင်နည်းနေပြီး တစ်အိမ်ထောင်စု တစ်ယောက်နှုန်း ယာမြေ
(၁၀)ဧက စွန့်လွတ်ရသည့် ယာပိုင်ရှင်တစ်ဦးလျှင် အလုပ်တစ်နေရာသာခန့်ထားမှုများရှိနေကြောင်း မိုးကြိုးပြင်ရွာနေသူတစ်ဦးကဆိုပါတယ်။


သလ္လာဝတီတိုင်းမ်::-- , kolatt(PBDN)
RangonNewsDaily


See More News: (www.rangonnewsdaily.blogspot.com)

No comments:

Post a Comment