Pages

Pages - Menu

Thursday, October 31, 2013

ယာဉ်သစ်ဝယ်ထားသူများ မိမိပိုင်ယာဉ် တရားဝင်မှတ်ပုံတင်ထားသောယာဉ် ဟုတ်၊ မဟုတ် လာရောက်စစ်ဆေးရန် သတင်းထုတ်ပြန်

RangonNewsDaily:: October. 31 .2013
မော်တော်ယာဉ်မှတ်ပုံတင်အတုများ လုပ်ဆောင်ပေးနေသည်များ ရှိနေသဖြင့် မော်တော်ယာဉ်လက်ဝယ် ၀ယ်ယူထားသူများအနေဖြင့် မိမိပိုင်ယာဉ်သည် တရားဝင်မှတ်ပုံတင်ထားသည့်ယာဉ် ဟုတ်၊ မဟုတ် လာရောက်စစ်ဆေးကြပါရန်ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက အောက်တိုဘာ ၃၀ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။

မသမာမှုဆောင်ရွက်နေသူများ၊ တရားမ၀င်မော်တော်ယာဉ်များ ကို ဖောင်းကြွနံပါတ်ပြားအတု၊ ယာဉ်မှတ်
ပုံတင်စာအုပ်အတုနှင့် ၀ှီးတက်အတုများဖြင့် ယုံကြည်အောင် စည်းရုံးပြသ၍ ဆောင်ရွက်ခြင်း များရှိနေသည်ဟု ကြေညာချက်တွင်ဖော်ပြပါရှိသည်။

““လူတွေအတုလုပ်ခံနေရမှာစိုးလို့ လာစစ်ဆေးခိုင်းတာပါ။ လာစစ်လို့ ဒီ(အတု)ယာဉ်မျိုးတွေ့ရင် ရုံးကနေ မမှန်ဘူးလို့ပဲပြောလိုက်မှာပါ”” ဟု ကုန်းလမ်းညွှန်ကြားမှုဦးစီးဌာန(နေပြည်တော်) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြည်ပမှတင်သွင်းလာသော မော်တော်ယာဉ်အသစ်များအတွက် လိုင်စင်ပြုလုပ်ရာတွင် အချိန်အနည်းငယ် ကြန့်ကြာသည့်အပေါ် အခွင့်ကောင်းယူ၍ ထိုကဲ့သို့ အတုများပြုလုပ်နေခြင်းဖြစ်ကြောင်း Farmer Auto ကားအရောင်းပြခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။


ပြည်ပမှတင်သွင်းလာသော နောက်ဆုံးမော်ဒယ်မြင့်ယာဉ်များအား သုံးနှစ်သက်တမ်းဖြင့် မှတ်ပုံတင်ဆောင်ရွက်ပေးသည်ကို ခုတုံးလုပ်၍ ဖောင်းကြွနံပါတ်ပြားများ တရားဝင်ရယူသွားပြီး ပြည်ပမှ တရားဝင် တင်သွင်းလာသည့်ယာဉ်များတွင် အသုံးပြုခြင်းမရှိဘဲ တရားမ၀င်ယာဉ်များတွင် အသုံးပြုနေကြသည်ဟု သတင်းရရှိထားကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ယာဉ်ပိုင်ရှင်များအနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည် နယ်များရှိ ကညနရုံးများတွင် လာရောက်စစ်ဆေးကြရန် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (နေပြည်တော်) မှတာဝန်ရှိသူတ
စ်

 ဦးက ပြောသည်။

7Day Daily , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment