Pages

Pages - Menu

Tuesday, October 8, 2013

ဒေါ်အယ်လ်ခွန်းရီ ဘာကြောင့် မိုးစက်ဝိုင်ကို ကာကွယ်နေတာလဲ

RangonNewsDaily:: October. 8 .2013
ဒေါ်အယ်လ်ခွန်းရီး တစ်ယောက်မြန်မာအလှမယ် မိုးစက်ဝိုင်ကို အင်တာနက်လောကမှာ ဖိုးလပြည်နဲ့ အတူ
တွေ့ခဲ့ရတာကို ဝေဖန်ကြတာနဲ့ပတ်သတ်ပြီး  ဘာကြောင့် မိုးစက်ဝိုင်ကို အွန်လိုင်းက ဝေဖန်မှုတွေအပေါ် ကာကွယ်ပေး ရလဲ ဆိုတာ စဉ်းစားစရာပါ။ ဒေါ်အယ်လ်ခွန်းရီတို့ ရွေးချယ်ထားတဲ့ အလှမယ် အသစ်စက်စက် မိုးစက်ဝိုင်ကို အင်တာနက် အွန်လိုင်းတွေ မှာ ဝေဖန်ကြတဲ့အပေါ် ပြန်သုံးသပ်ဖို့ ဆိုထားတယ်။ ဒါက မိုးစက်ဝိုင်ကို ကာကွယ်တာပါ။ ဒေါ်အယ်လ်ခွန်ရီရဲ့ နောက်ကြောင်းကို ဒါကြောင့် ပြန်ခြေရာ ကောက်ကြည့်တယ်။

ခင်ပွန်းသည် စစ်တပ်အရာရှိကြီး၊ ဖခင်ကလည်း မြောက်ပိုင်း တိုင်း တိုင်းမှူး၊ တလျှောက်လုံး စစ်တပ် အကျိုးစီးပွား အတွက် လုပ်လာတာ လူတိုင်း သိပါတယ်။

ဒီအပြင် ဒေါ်အယ်လ်ခွန်းရီဟာ စစ်အစိုးရ လက်ထက်တလျှောက် ဒေါ်ကြိုင်ကြိုင်ရဲ့ ဦးစီးမှုအောက်မှာ ရှိတဲ့ အမျိုးသမီးရေးရာအတွက် အားကျိုးမန်တက်လုပ်ခဲ့တာ ပြည်သူ သိအောင်ပြောလိုက်တာပါ။

ဒေါ်အယ်လ်ခွန်းရီးက အထက်တန်းပြ ဆရာမ တဦးလည်းဖြစ်တယ်။

ဒီနေ့ခေတ်ကြီးထဲမှာ ဘယ်ဟာကိုမှ လျှော့တွက်လို့မရတော့ပါဘူး။ ပြည်သူတွေကို အချဉ် လို့တော့ မထင် ပါနဲ့ မှားသွားမယ်။ နှစ်ပေါင်းများစွာ ပြည်သူကို တောက်လျှောက် လျှော့တွက်လာခဲ့ကြတာ အားမတန်လို့ မာန်လျှော့်နေခဲ့ရတဲ့ ပြည်သူတွေဟာ စစ်တပ်နဲ့ပတ်သက်လာတော့ကတော့ ရင်ထဲမှာ အနာကိုယ်စီနဲ့ ဆိုတာ သိထားဖို့တော့ လိုတာပေါ့။

အခု Miss Universe Myanmar 2013 ကို ရွေးချယ်တယ်ဆိုတာလဲ အစကတည်းက ဘယ်သူ ဘယ်ဝါ ကို ရွေးမယ်ဆိုတာ အကွက်ရှိပြီး သားတွေပါ။။ ဒါကို မသိတဲ့သူတွေပဲ နားလည်ပါးရိုက်ခံလိုက်ရတာ။

သိတဲ့သူကဖော်လိုက်တော့ ဒေါ်အယ်လ်ခွန်းရီ တစ်ယောက် သားသမီးချင်း ကိုယ်ချင်းစားခိုင်းနေ တယ်။ အရင်စစ်အစိုးရ ခေတ်တွေတုန်းက တပ်မတော်ဖခင်စစ်စစ် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်အပုပ်ချနေခဲ့စဉ်၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ညှင်းပန်းနှိပ်စက် ဖမ်းဆီးခံနေခဲ့ရစဉ်တွေက သူ ဘာလို့ နုတ်ဆိတ်နေခဲ့တာပါလိမ့်။

အခုတော့ ပြည်သူတွေက ရိုင်းဆိုင်းနေ သလို ပြောပေါက်ကတော့ စစ်တပ်အကြိုက် ဖိုးလပြည်တို့ အကြိုက် ဖာထေးပြီးပြောနေလိုက်တာ လူသိတာပေါ့။

မိုးစက်ဝိုင်ဘယ်သူ ဘယ်ဝါဆိုတာတွေကို အင်တာနက်စာမျက်နှာတွေမှာဖတ်ရမှာပေါ့ ထွေထွေထူးထူး
ရေးမနေ တော့ပါဘူး။

မိုးစက်ဝိုင်က ပြီးခဲ့တဲ့ ရက်ပိုင်းက The voice နဲ အင်တာဗျူးဖြေတုန်းက သူ လုပ်မယ့် ပရဟိတ လုပ်ငန်း
တွေ ကိုပြောပါတယ်။

ဘာတဲ့ ထူးဖောင်ဒေးရှင်းတိုလို့ အခိုင်အမာရှိပြီးသား ပရဟိတတွေမှာ သူ ၀ိုင်းဝန်းလုပ်ဆောင်ပေး မယ်... နောက် အမျိုးသမီးရေးရာတို့လို့ အဖွဲ့အစည်ကြီးတွေမှာပေါ့…. အဲလိုဖြေတာပါ။

မိုးစက်ဝိုင်နဲ့ မေးထားတာတွေကို အင်တာနက်စာမျက်နှာပေါ်လဲရောက်တော့ ပြည်သူတွေ ပြောတာများ လာတော့ နောက်တနေ့ သတင်းစာ ရှင်းလင်းပွဲ လုပ်တဲ့အချိန် ချက်ချင်း မူက ပြောင်းသွားတော့တာပဲ။။။။။

ဒါကိုကြည့်ချင်းအားဖြင့် တရုတ် သွေးဗီဇ ပြလိုက်တာပါ။ ဘာကြောင့်လဲဆိုတော့ စီပွားရေး ဈေးကွက်ရွှေ့ သလို လုပ်လိုက်တာပေါ့။ သူဆုရထားတဲ့ ပိုက်ဆံနဲ့ပဲ၊ ပရဟိတ လုပ်ငန်းတွေကို ဆက်လုပ်သွားမှာပါတဲ့။။။။ ထူးဖောင်ဒေးရှင်းဆိုတာနဲ့ အမျိုးသမီးရေးရာတို့အတွက် ဆိုတာ မပါလာတော့ဘူးလေ။

MM Play boys
http://mmplayboys.blogspot.jp/
2013/10/blog-post_8.html#more
 kolatt(PBDN)
RangonNewsDaily
 

No comments:

Post a Comment