Pages

Pages - Menu

Wednesday, October 2, 2013

လုံခြုံရေး အားနည်းမှုကြောင့် ဆူးလေအနီးတွင် တရားမဝင် ငွေလဲလှယ်လုပ် ငန်းဖြင့် လိမ်လည်နေသူများ ရှိနေသေး

RangonNewsDaily:: October. 2.2013
လုံခြုံ ရေး အားနည်းမှုကြောင့် မဟာ ဗန္ဓုလပန်းခြံ အနီးတစ်ဝိုက်တွင် နိုင်ငံခြားငွေ တရားမဝင်ငွေလဲ လှယ်ခြင်းလုပ်ငန်းလုပ်ကိုင်သူ များက ငွေလာရောက်လဲလှယ်သူ များကို တစ်ပတ်ရိုက်လိမ်လည်မှု များ ပြုလုပ် နေခြင်းများ ယနေ့ တိုင် ရှိနေသေးကြောင်း ယင်း အနီးတစ်ဝိုက်တွင် တရားရုံးဝန် ဆောင်မှုလုပ်ငန်း လုပ်ဆောင်နေ သူများက ရန်ကုန်တိုင်းမ်နေ့စဉ် သတင်းစာသို့ ပြောသည်။

''ကိုးတောင်ကျားတွေက အခုအချိန်အထိ ရှိနေကြတုန်း ပဲ။ စက်တင် ဘာ ၂၅ရက်ကပဲ မလေးရှားက ပြန်လာတဲ့သင်္ဘော သားတစ်ဦးကို ငွေကျပ် ၆၀၀၀၀ လောက်လိမ်သွားတယ်။ ငွေကို လက်လှည့်ပညာတွေနဲ့ အဖွဲ့ လိုက်လိမ်ယူကြတယ်''ဟု မဟာ ဗန္ဓုလ ပန်းခြံလမ်း တွင် တရားရုံး ဝန်ဆောင်မှု လုပ်ငန်း များ လုပ် ကိုင်သူ ကိုဝင်းထွန်းက ပြောသည်။

ကိုးတောင်ကျား ဟု ခေါ်ရ ခြင်းမှာ ယင်းတို့သည် ငွေကျပ်တစ် သိန်းလျှင် ကျပ် ၉၀၀၀၀သာပါ အောင် ပြုလုပ်လှည့်စားသော ကြောင့် ခေါ် ရခြင်းဖြစ်ကြောင်း၊အစိုးရရုံးပိတ်ရက်များနှင့် ငွေလွှဲ ကောင်တာပိတ်ရက်များတွင် မဟာ ဗန္ဓုလပန်းခြံ အနီး တစ်ဝိုက်တွင် လှုပ်ရှားပြီး အဖွဲ့အင်အားမှာ လူ ၂၀ ခန့်ရှိကြောင်း သိရသည်။

''သူတို့တွေက အဖွဲ့လိုက် လှုပ်ရှားကြတယ်။ ဒါပေမဲ့ ရဲက လိုက်ဖမ်းမယ့်နေ့ကျရင် ဘယ်က နေ သတင်းရလဲတော့ မသိဘူး။ တစ်ဦးမှ ပေါ်မလာဘူး။ ကျွန် တော် ထင်တာ ကတော့ လုံခြုံရေး အားနည်းမှုရယ်၊ အဂတိလိုက် စားမှုတွေကြောင့် ဒီလိုတွေဖြစ်နေ တုန်းလို့ထင်တာပဲ''ဟု ကိုဝင်းထွန်း က ပြောသည်။

ကျောက်တံတားမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ''ကျွန်တော်တို့ အရပ်ဝတ်တွေနဲ့ လုံခြုံရေးတွေ ချထားပါတယ်။ လာရောက် တိုင်ကြားတာမျိုး တော့ အခုတလောမရှိပါဘူး'' ဟု ဖြေသည်။

ရန်ကုန်သို့ လာရောက်အ လုပ်လုပ်ကိုင်နေသူတစ်ဦးက ''အဲဒီ နားရောက်တာနဲ့ အစ်ကိုငွေလဲ မလားဆိုပြီး မေးကြတယ်။ ကျွန် တော့် သူငယ်ချင်းတစ်ဦးလဲ ခံရ ဖူးတယ်။ သူတို့က ငွေလာလဲတဲ့ သူဆိုရင် ဝိုင်းထားပြီး အာရုံနောက် အောင် လုပ်ပြီး လိမ်ကြတာ။ လိမ် လို့မရရင် ဖြဲချင်ကြတယ်။ 


သူတို့ တွေကို နေ့တိုင်း တွေ့နေရတုန်း ပါ''ဟု ပြောသည်။ မဟာဗန္ဓုလပန်းခြံလမ်း သို့ နေ့စဉ်သွားရောက်
သည့် အ ထက်တန်းရှေ့နေ ကိုသန့်စင်က ''ဒီလူတွေကို နေ့တိုင်းတွေ့နေ တာပဲလေ။ လုံခြုံရေး တွေလဲ 
 တွေ့နေတာပဲလေ။ 

ဘာလို့ ဖမ်း ဆီး အရေးယူမှု မလုပ်တာလဲဆို တာကတော့စဉ်းစားစရာပါပဲ။ဒီလူတွေကိုထိထိရောက်ရောက် 
အရေးယူမှုမလုပ်ရင်တော့ ကြာ လာရင် မဟာဗန္ဓုလပန်းခြံရဲ့ ပုံ ရိပ်တစ်ခုလို ဖြစ်လာတော့မှာ သေ ချာ တယ်'' ဟု ပြောသည်။

ငယ်ထွေး(ကလေး)
The Yangon Times , RangonNewsDaily
kolatt (Pabedan)

No comments:

Post a Comment