RangonNewsDaily:: October. 2.2013 ကျန်ရှိနေသေးသည့်နိုင်ငံရေးအကျဥ်းသားများလွတ်မြောက်ရေး
တကိုယ်တော်ဆန္ဒဖော်ထုတ်မှု၂ကြိမ် တိုင်
ပြုလုပ်ခဲ့သော်လည်း အစိုးရက
လိုက်လျောခြင်း မရှိသေးသည့်အတွက် ရခိုင်ဆရာတော် ဦးရက္ခ၀ံသသည် အင်္ဂါနေ့
နေ့လယ်တွင် မန္တလေးမြို့မှ ရခိုင်ပြည်နယ်သို့ လမ်းလျှောက်ပြီး ထပ်မံ
ဆန္ဒဖော်ထုတ်သည့်အစီအ
စဉ်ကို စတင်လိုက်သည်။ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင်အဆုံးသတ်မည့်ခရီးစဉ်တလျှောက်ရေနှင့်ဖျော်ရည်မှတပါးအစားအစာဘုန်း
ပေးခြင်းမပြုဘဲ အစာငတ်ခံ ဆန္ဒဖော်ထုတ်မည်ဟု သိရသည်။
"ဒါ သုံးကြိမ်မြောက်ဆန္ဒဖော်ထုတ်တာပါ ၊ ပထမအကြိမ်က ရန်ကုနှ်မြို့တော်ခန်းမရှေ့ အစာငတ်ခံ ဆန္ဒဖော်
ထုတ်တာ၊ ဒုတိယအကြိမ်က ရန် ကုန်ကနေ မန္တလေးအထိ လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့တယ်၊
အဲဒီအချိန်မှာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့တောင်းဆိုခဲ့တယ်၊အခုထက်ထိဘာမှ ဖြစ်မလာဘူး
၊ တကယ်လို့ လကုန်တဲ့အထိမှ လွတ် မလာခဲ့ဘူးဆိုရင်
ထပ်ပြီးတော့ တောင်းဆိုမယ်ဆိုပြီး သတင်းစာရှင်း
လင်းပွဲမှာ မိန့်ကြားခဲ့တယ်၊
အခုလကုန်ပြီဘာမှ မထူးခြားလာဘူးဒါကြောင့် မဟာမုနိကနေ ရခိုင်မဟာမုနိ
အထိ
လမ်းလျှောက်သွားပြီး တောင်းဆိုဖို့ပါ ဟု ဆရာတော်က မိန့်ဆိုသည်။
လမ်းတလျှောက် အကူ အညီပေးမည့်ဒကာတစ်ဦးနှင့် ဒကာမတစ်ဦးတို့ လိုက်ပါသွားကြောင်း သိရသည်။
ဧရာဝတီ , RangonNewsDaily
kolatt (Pabedan)

"ဒါ သုံးကြိမ်မြောက်ဆန္ဒဖော်ထုတ်တာပါ

No comments:
Post a Comment