Pages

Pages - Menu

Wednesday, October 23, 2013

ဆွဲကြိုးချ သေဆုံးသွားခဲ့သော် လည်း ပုဒ်မ ၄၂၀ ဖြင့် တရားစွဲဦးမည့် မန္တလေး ကားလောကမှ ကျပ်သိန်းပေါင်း ၄ သောင်းကျော် လိမ်လည်သူ

RangonNewsDaily:: October. 23 .2013
မန္တလေး ကားလောကတွင် ကျပ်သိန်းပေါင်း ၄ သောင်းကျော် လိမ်လည်သူ ကိုကျော်ခိုင်စိုး (ခေါ်) နားကွင်း
ကျော်ကြီးအားမိမိကိုယ်ကိုယ် အဆုံးစီရင်သွားသော်လည်း ပုဒ်မ ၄၂၀ ဖြင့်တရားစွဲဦး မည်ဖြစ်ကြောင်း ချမ်း
အေးသာစံမြို့နယ်၊ အမှတ်(၆) ရဲစခန်းမှ ဒုရဲအုပ် ဦးသန်းဝင်းက ပြောကြားသည်။
“ကျွန်တော်တို့ကတော့ သူ့ကို တရားစွဲကို စွဲမှာပါ၊ လက်ရှိ သူသေသွားပေမယ့် သူ့ကို ဖွင့်ထားတဲ့ အမှုနဲ့ တရားစွဲဦးမှာပါ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

နားကွင်းကျော်ကြီးမှာ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၆) ရဲစခန်းမှာ လာရောက်ဝန်ခံခဲ့ပြီး နားကွင်းကျော် ကြီးအား စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် နာရီပိုင်း အကြာတွင် အာမ

ခံဖြင့် ပြန်လည်လွှတ်ပေးလိုက်ကြောင်း ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၆) ရဲစခန်းမှသိရသည်။
::
“အခုလို တရားစွဲမယ်ဆိုရင်တော့ သူ့မိသားစုတွေကိုတော့စွဲလို့မရပါဘူး၊ တရားစွဲမယ်ဆိုရင်တော့ သူ့ကိုပဲ

တရားစွဲလို့ရမှာပါ၊ တရားဥပဒေ အရလည်း သူ့ကိုပဲ တရားစွဲခွင့်ရှိပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး တရား
လွှတ်တော်ရှေ့နေဒေါ်သန်းသန်းအေးက ပြောကြားသည်။

ကိုကျော်ခိုင်စိုး(ခေါ်) နားကွင်းကျော်ကြီး အသက် ၄၃ နှစ်အဘ ဦးထွန်းမြင့်၏သားသည် အောက်တိုဘာလ

၂၁ ရက်နေ့ နံနက် ၅ နာရီခန့် တွင် ချမ်းအေးသာစံမြို့နယ်၊ ဒေးဝန်းအနောက် ရပ်ကွက် ၃၂၃ ၎င်း၏ နေအိမ်
 အတွင်းရှိ ဧည့်ခန်း မျက်နှာကြက်ပေါ်တွင် ပန်ကာတပ်ဆင်ရန် ပြုလုပ်ထားသည့်သံချိတ်တွင် ပလက်စတစ်
ကြိုးကို ကျစ်ကာ ချိတ်ဆွဲထားသည့်ယင်းကြိုးကို အသုံးပြုကာ မိမိကိုယ်ကိုယ် ဆွဲကြိုးချ သေဆုံးသွားကြောင်း
 မန္တလေးတိုင်းဒေသကြီးရဲစခန်းထံမှ သိရသည်။
::
အပြင်ဒဏ်ရာ မတွေ့ရှိရကြောင်း လက်ရှိအချိန်တွင် သေမှုသေခင်းဆိုင်ရာ အမှတ်စဉ် ၁၅/၂၀၁၃ ဖြင့် အမှု

ဖွင့်ထားပြီးမန္တလေး ပြည်သူ့ဆေး ရုံသို့ပီအာရ်၀၈ ဖြင့် ပို့ဆောင်အပ်နှံ ထားကြောင်းနှင့် ဆေးစစ်ချက်အဖြေ
ရရှိပါက ၎င်းအားဖွင့်ထားသော အမှုဖြင့် ဆက်လက် တရားစွဲဆိုသွားဦးမည်ဖြစ်ကြောင်းမန္တလေးမြို့ချမ်းအေး
သာစံမြို့နယ်၊ အမှတ်(၆) ရဲစခန်းမှ သိရသည်။

People Power ::--kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment