Pages

Pages - Menu

Monday, October 14, 2013

နေပြည်တော်ဒေသတွင် ၀ီရသူ လှုံ့ဆော်ပွဲ ကြော်ငြာဆိုင်းဘုတ်များ ဖြုတ်ချခံရ

RangonNewsDaily:: October. 14 .2013

လွန်ခဲ့တဲ့ တစ်ပါတ်ကျော်ကတည်းက နေပြည်တော်ဒေသတ၀ိုက်တွင်လိုက်လံစိုက်ထူထားသည့် 969 အကြမ်း
ဖက်ဂိုဏ်းမှဝီရသူ၏လှုံ့ဆော်ပွဲကြော်ငြာဆိုင်းဘုတ်များအားယမန်နေ့ကစလို့ ပြန်လည်ကာလိုက်လံ ဖြုတ်ချနေ
တယ်လို့ သတင်းရရှိပါတယ်။တရားပွဲအမည်ခံ ၀ီရသူရဲ့ လှုံ့ဆော်ရေးပွဲများကြောင့် ဘာသာခြားများအနေ
ဖြင့် စိုးရိမ်ကြရပြီး၊ အချို့သော အေးချမ်းစွာ နေထိုင်လိုသည့် ဗုဒ္ဓဘာသာဝင်များပါစိတ်အနှောက်အယှက် ဖြစ်
ကြရတယ်လို့ သိရပါတယ်။
နေပြည်တော်ဒေသတ၀ိုက် လူစည်ကားရာနေရာများတွင် ၀ီရသူ၏ လှုံ့ဆော်ရေးပွဲအတွက် ကြော်ငြာများ
အား တွေ့ရှိရသည့်အပြင်၊ လက်ကမ်းကြော်ငြာများအနေဖြင့်ပါ လိုက်လံဝေငှနေပြီး အဆိုပါပွဲသို့ လာရောက်
ရန်အတွက် ကြိုပို့ကားများကိုလည်း စီစဉ်ပေးမှာဖြစ်တယ်လို့ ပွဲဖြစ်မြောက်ရေးအတွက် တက်ကြွစွာ ပါဝင်နေ
သူတစ်ဦးဖြစ်တဲ့ ပျဉ်းမနားမြို့မှ ကိုကျော်မင်းက ပြောပါတယ်။
::
၎င်း၏ ပြောဆိုချက်အရတပ်ကုန်းမြို့အနီးသိုက်ချောင်းတွင်လာမည့် အောက်တိုဘာ (၁၅) ရက်နေ့တွင်လည်း
ကောင်း၊ အောက်တိုဘာ (၁၆) ရက်တွင် လယ်ဝေးမြို့ အောင်းကုန်းကျေးရွာတွင်လည်းကောင်း အသီးသီး
 ပြုလုပ်မယ်လို့ သိရပါတယ်။
::
အဆိုပါ ၀ီရသူ၏ လှုံ့ဆော်ပွဲ ပြုလုပ်မည့်ရက်မှာ အစ္စလာမ်ဘာသာဝင်များ၏ ကုရ်ဘာနီအီးဒ်ပွဲတော် ကျင်းပ
မည့်ကာလများနှင့် တိုက်ဆိုင်နေပြီး မကြာမီရောက်ရှိလာမည့် သီတင်းကျွတ်လပြည့်နေ့ရက်များအတွင်း သုံး
ရက်တိုင်တိုင်ကျင်းပပြုလုပ်လေ့ရှိသည့် နိုင်ငံကျော်ပွဲတော်တစ်ခုဖြစ်သည့်ပျဉ်းမနားနှစ်ကျိပ်ရှစ်ဆူပွဲတော်ကျင်း
ပမည့် အချိန်နှင့်လည်း တိုက်ဆိုင်စွာ နီးကပ်နေခြင်းကြောင့် ဒေသခံများအနေဖြင့်စိုးရိမ်မှုလွန်ကဲလျက်ရှိကြ
ပါတယ်။

၎င်းအပေါ် ဒေသခံတစ်ဦးက အောက်ပါအတိုင်း သုံးသပ်ပါတယ်။
::
"ကျနော့်အမြင်ပြောရရင်၊ ကျနော့်အမြင်နော်။ ဒါ ဟုတ်ချင်မှလဲ ဟုတ်မယ်။ အစ်နေ့မှာ မူစလင်မ်တွေကို
 စောင့်ကြည့်တာတွေ ဓာတ်ပုံရိုက်တာတွေ ဒီကောင်တွေ လိုက်လုပ်မယ်။ ပြီးတော့ ညပိုင်း သူ့ပွဲမှာ ပရိုဂျက်
တာနဲ့ ပရိတ်သတ်တွေကို ထိုးပြပြီး သူ့အကျင့်အတိုင်း ကုလားတွေက ဒီလို ရက်စက်ပါတယ်။

ဘာညာဆိုပြီး ပြောမယ်။ သွေးမဆူဆူအောင်ရွာသားတွေကိုပင့်ပေးခဲ့ပြီးသူပြန်မယ်။ နှစ်ကျိပ်ရှစ်ဆူကျတော့
ရွာသားတွေက မြို့ပေါ်တက်လာပြီး သောင်းကျန်းမယ်။ အဲ့ဒီအခါ သူ့အဖွဲ့တွေက ကောလဟလတွေ ထုတ်ပြီး လူအုပ်ကြီးကို ဆွပေးမယ်။ ပြီးတော့ မြို့ကို ဖျက်ဆီးမယ်။ ကျနော်က ဗုဒ္ဓဘာသာဝင်ပါ။ ကောင်းတယ်။

သူ့ပွဲကို ဘယ်သူမှ စိတ်မ၀င်စားဘူးဗျ။ လူမလာလို့ကို ရွာတွေကို ကားတွေနဲ့ လိုက်ခေါ်ရတယ်။ ပြန်လိုက်ပို့ရ
တယ်။ လိုက်လာတဲ့သူတွေကို စားရိတ်ငြိမ်း ငွေသုံးလေးထောင် ပေးပြီး ခေါ်ရတာတွေလဲ ရှိတယ်ဗျာ။ ဒါ ဘာ
တရားပွဲလဲ" အမည်မဖော်လိုသူ ပျဉ်းမနားမြို့ခံ ဗုဒ္ဓဘာသာဝင် တစ်ဦး ဖြစ်ပါတယ်။
::
ဝီရသူ၏ လှုံ့ဆော်ပွဲအကြို ကြော်ငြာဆိုင်းဘုတ်များအားဘာကြောင့်လိုက်လံ ဖြုတ်သိမ်းရတာလဲ။ဘယ်သူတွေ
က လိုက်လံ ဖြုတ်နေကြတာလဲဆိုတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းလို့ မရသေးပါဘူး။

အလင်းမျက်ဝန်း ::-- , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment