Pages

Pages - Menu

Thursday, October 31, 2013

ကုန်ဈေးနှုန်း ကြီးမြင့်မှုကြောင့် လစာ တိုးပေးဖို့ အင်ဒိုနီးရှား တွင် သပိတ်မှောက်

Photo: လစာ တိုးပေးဖို့ အင်ဒိုမှာ သပိတ်မှောက်
Thursday, October 31, 2013

အင်ဒိုနီးရှား နိုင်ငံတလွှားမှာ ကုန်ဈေးနှုန်း ကြီးမြင့်လာတဲ့အတွက် လုပ်ခလစာတွေ တိုးပေးဖို့ ရာထောင်ချီတဲ့ အလုပ်သမားတွေ နှစ်ရက်ကြာ သပိတ်မှောက်မှုကို စတင်ခဲ့ကြပါတယ်။

နိုင်ငံစီးပွားရေး တိုးတက်လာတာနဲ့အမျှ အင်ဒိုနီးရှားမှာ သပိတ်မှောက် ဆန္ဒပြမှုတွေ တိုးလာနေပြီး အခုနှစ်ပိုင်းတွေအတွင်း စီးပွားရေး တက်လာတာနဲ့အမျှ တိုးပွားလာတဲ့ အမြတ်ရရှိမှုအပေါ် အလုပ်သမားတွေကလည်း ခံစားခွင့် တိုးလိုချင်ကြောင်း တောင်းဆိုလာကြတာ ဖြစ်ပါတယ်။

ငွေဖောင်းပွမှုနှုန်း တိုးလာပြီး လောင်စာဆီ ဈေးနှုန်းတွေ မြင့်တက်လာတဲ့အပေါ် လိုက်လျောညီထွေ ဖြစ်အောင် အလုပ်သမားတွေရဲ့ အနိမ့်ဆုံး လုပ်ခကိုလည်း ၅၀ ရာခိုင်နှုန်း တိုးပေးဖို့ အလုပ်သမား သမဂ္ဂတွေက အဓိကထား တောင်းဆိုခဲ့ကြပါတယ်။

အင်ဒိုနီးရှားမှာ ပြည်နယ်ဒေသနဲ့ လုပ်ငန်းဆိုင်ရာအလိုက် အနိမ့်ဆုံးလုပ်ခက ကွာခြားပေမယ့် ပျမ်းမျှပေးငွေက တရုတ်နဲ့ အိန္ဒိယမှာ ပေးနေတဲ့ နှုန်းထက် သိသိသာသာကို နည်းနေဆဲ ဖြစ်ပါတယ်။

BBC

RangonNewsDaily:: October. 31 .2013
အင်ဒိုနီးရှား နိုင်ငံတလွှားမှာ ကုန်ဈေးနှုန်း ကြီးမြင့်လာတဲ့အတွက် လုပ်ခလစာတွေ တိုးပေးဖို့ ရာထောင်ချီတဲ့ အလုပ်သမားတွေ နှစ်ရက်ကြာ သပိတ်မှောက်မှုကို စတင်ခဲ့ကြပါတယ်။ နိုင်ငံစီးပွားရေးတိုးတက်လာတာနဲ့အမျှ အင်ဒိုနီးရှားမှာသပိတ်မှောက်ဆန္ဒပြမှုတွေ တိုးလာနေပြီး အခုနှစ်ပိုင်း
တွေအတွင်း စီးပွားရေး တက်လာတာနဲ့အမျှ တိုးပွားလာတဲ့ အမြတ်ရရှိမှုအပေါ်အလုပ်သမားတွေကလည်း ခံ
စားခွင့် တိုးလိုချင်ကြောင်း တောင်းဆိုလာကြတာ ဖြစ်ပါတယ်။

ငွေဖောင်းပွမှုနှုန်းတိုးလာပြီး လောင်စာဆီ ဈေးနှုန်းတွေ မြင့်တက်လာတဲ့အပေါ်လိုက်လျောညီထွေ ဖြစ်အောင်
အလုပ်သမားတွေရဲ့ အနိမ့်ဆုံး လုပ်ခကိုလည်း ၅၀ ရာခိုင်နှုန်း တိုးပေးဖို့ အလုပ်သမား သမဂ္ဂတွေက အဓိက
ထား တောင်းဆိုခဲ့ကြပါတယ်။

အင်ဒိုနီးရှားမှာ ပြည်နယ်ဒေသနဲ့ လုပ်ငန်းဆိုင်ရာအလိုက် အနိမ့်ဆုံးလုပ်ခက ကွာခြားပေမယ့် ပျမ်းမျှပေးငွေ
က တရုတ်နဲ့ အိန္ဒိယမှာ ပေးနေတဲ့ နှုန်းထက် သိသိသာသာကို နည်းနေဆဲ ဖြစ်ပါတယ်။

BBC , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment