Pages

Pages - Menu

Friday, October 25, 2013

သီလ၀ါစီမံကိန်းတွင် ပါဝင်သည့် ရေကြောင်း တက္ကသိုလ် နှင့် သာသနာ့ အဆောက် အအုံများ ဖျက်သိမ်းမည်မဟုတ်

RangonNewsDaily:: October. 25 .2013
သီ လဝါအထူးစီးပွားရေးဇုန် ပထမ စီမံကိန်းတည်ဆောက်မည့် ဧရိ ယာနှင့် နယ်နိမိတ်ဆက်စပ်လျက် ရှိသည့် ရေကြောင်း တက္ကသိုလ် အပါအဝင် လက်ရှိလည်ပတ်နေ သည့် စက်ရုံများနှင့် သာသနာ့အ ဆောက်အအုံများကို ဖယ်ရှားသွား မည်မဟုတ်ကြောင်း သီလဝါအ ထူးစီးပွားရေးဇုန် ပထမစီမံကိန်း စီမံခန့်ခွဲမှုကော်မတီ တွဲဖက်အ တွင်းရေးမှူး ဒေါက်တာသန်းသန်း သွယ်က ပြောသည်။

အဆိုပါသီလဝါအထူးစီးပွားရေးဇုန်ပထမစီမံကိန်းတည် ဆောက်မည့်ဧရိယာနှင့် နယ်နိမိတ် ဆက်စပ်လျက်ရှိသည့် ရေကြောင်း တက္ကသိုလ်အပါအဝင် စက်မှုဝန် ကြီးဌာနနှင့် မြန်မာ့ရင်းနှီးမြှုပ်နှံ မှုကော်ပိုရေးရှင်း(MEC)ပိုင် စက် ရုံများ၊ သာသနာ့အဆောက်အ အုံများအား ဖယ်ရှားသွားမည်ဟု သတင်းများ ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

ဒေါက်တာသန်းသန်းသွယ် က ''သီလဝါအထူးစီးပွားရေးဇုန် စီမံကိန်းနယ် နိမိတ်နဲ့ မလွတ်လို့ ရေကြောင်းတက္ကသိုလ်နဲ့ စက်ရုံ တွေကိုဖယ်ခိုင်း မယ်ဆိုတာ မဟုတ် ပါဘူး။ စီမံကိန်းမြေပုံရေးဆွဲထား တဲ့ နေရာတွေမှာလဲ အဲဒီနေရာ တွေမပါပါဘူး။ အဆောက်အအုံ မြေနေရာအားလုံး စီမံကိန်းရဲ့အ ပြင်မှာပါ''ဟု ပြောသည်။

အဆိုပါအထူးစီးပွားရေး ဇုန်စီမံကိန်းမြေဧရိယာ နယ်နိမိတ် ဆက်စပ်ဧရိယာတွင် ရေကြောင်း တက္ကသိုလ်နှင့် တက္ကသိုလ်ပိုင်အ ဆောင်၊ စက်မှုဝန်ကြီးဌာနပိုင် ဓာတ်ဘူးစက်ရုံ၊ ဖန်ချက်စက်ရုံ၊ ဓာတ်အားခွဲရုံ၊ ထုပ်ပိုးနှင့်အထည်ချုပ်စက်ရုံနှင့်စက်ရုံမြေနေရာလျာထားချက်၊ မြန်မာ့ရင်းနှီးမြှုပ် နှံမှု ကော်ပိုရေးရှင်းပိုင်သွပ်ပြား စက်ရုံနှင့် ဖိနပ်စက်ရုံ၊ ဖလန်းရွာ ဦးဘုရားလေးကျောင်း၊ သီလဝါ ကုန်းတန်းတောရကျောင်း၊ ဖန် ချားတောရကျောင်း၊ဖလန်းကန်ဦးဘုန်းကြီးကျောင်းများနှင့် အေး မြသီတာရပ်ကွက်နှင့် ရွှေပြည်သာ ရပ်ကွက် စုစုပေါင်းမြေ၁၃၄၅ဒသမ၆၄၄ဧကရှိကြောင်း သီလ ဝါအထူးစီးပွားရေးဇုန်စီမံကိန်း စီမံခန့်ခွဲမှုကော်မတီ အဖွဲ့ဝင် ဒေါ်မီမီအောင်က ပြောသည်။

ဒေါ်မီမီအောင်က ''အထူး စီးပွားရေးဇုန်နဲ့ နယ်နိမိတ်ဆက် စပ်နေတဲ့ မြေဧက ၁၃၀ဝကျော် ပေါ်မှာ အဆောက်အအုံ၊ တက္က သိုလ်၊စက်ရုံနဲ့ဘုန်းကြီးကျောင်း စုစုပေါင်း အဆောက်အအုံ ၁၆ခု ရှိပါတယ်''ဟု ပြောသည်။

လက်ရှိ ပထမစီမံကိန်းအ ကောင်အထည်ဖော်မည့် ဟက် တာ ၃၉၆ဒသမဝ၆၂(၉၇၈ဒသမ ၆၇၁ဧက)အတွင်းရှိ ဒေသခံရွာ သားများ၏အိမ်ခြေ ၆ရလုံးကို သန်လျင်-ကျောက်တန်း ကားလမ်း မကြီးနှင့် ပေ၂၀ဝအကွာရှိ မြိုင် သာရွာမြို့သစ်တွင် ပြန်လည်နေ ရာချထားပေးနိုင်ရန် အောက်တို ဘာ ၂၂ရက်က သန်လျင်မြို့နယ် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန မြေယာရုံးခွဲ(၂)ရွာသစ်တွင် နေထိုင်ခွင့်ရမည့်သူများ၏ မြေ ကွက်များကို မဲနှိုက်စနစ်များဖြင့် ဆောင်ရွက်ပေးခဲ့သည်။

သီလဝါအထူးစီးပွားရေး ဇုန် စီမံကိန်းဖော်ဆောင်ရေးကော် မတီအတွင်းရေးမှူး ဒေါက်တာ သန်းသန်းသွယ်က ''ပထမစီမံကိန်း နယ်မြေ အလွမ်းဆွတ်ရွာက ဒေသခံတွေရဲ့သဘောတူညီချက်နဲ့မြိုင်သာရွာမြို့သစ်ကို ပြောင်းရ မှာပါ။ အဲဒီမှာ အိမ်ထောင်တစ်စု ကို မြေကွက်အကျယ် ၂၅ပေ* ပေ ၅ဝကို ရေ၊မီးအစုံနဲ့လမ်းတွေကို လဲကွန်ကရစ် ခင်းပေးမှာပါ''ဟု ပြော သည်။

အဆိုပါသီလဝါအထူးစီးပွား ရေးဇုန် စီမံကိန်းဧရိယာဟက်တာ ၂၄၀ဝကျော်ကို အကောင်အထည် ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပထမစီမံကိန်း ဟက်တာ၄၀ဝကို လာမည့်နိုဝင်ဘာလအတွင်း အ ကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

Yangon Media , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment