Pages

Pages - Menu

Wednesday, October 23, 2013

ဌာနဆိုင်ရာ ယာဉ်အိုယာဉ်ဟောင်းများကို နှစ်အလိုက် လဲလှယ်ရန် အသုံးစရိတ်ခွင့်ပြုမည်

Photo: ဌာနဆိုင်ရာ ယာဉ်အိုယာဉ်ဟောင်းများကို နှစ်အလိုက် လဲလှယ်ရန် အသုံးစရိတ်ခွင့်ပြုမည်
Wednesday, October 23, 2013

အစိုးရဌာနများရှိ အသုံးပြု၍ မရတော့သော ယာဉ်အို၊ ယာဉ်ဟောင်းများကို ဘဏ္ဍာနှစ်အလိုက် လဲလှယ်ရန် အသုံးစရိတ် ခွင့်ပြုသွားမည် ဖြစ်ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ခင်စန်းရီက ပြည်သူ့လွှတ်တော်တွင် ပြောကြားသည်။

အောက်တိုဘာလ ၂၂ ရက်နေ့တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသန်းမြင့်၏ ဌာနဆိုင်ရာ ယာဉ်အိုယာဉ်ဟောင်းများ ဖျက်သိမ်း၍ သင့်တော်သော ယာဉ်များ အစားထိုးရန် အစီအစဉ်ရှိ မရှိမေးခွန်းကို ၎င်းက ယင်းသို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

အစိုးရ ဝန်ကြီးဌာနများ၏ မော်တော်ယာဉ် ခွဲဝေထုတ်ပေးရန် တင်ပြမှုအပေါ် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနက နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသည့် ယာဉ်များထဲမှ ခွဲဝေပေးမည်ဖြစ်ပြီး ခွဲဝေထုတ်ပေးရန် မဖြစ်နိုင်သည့် ဝန်ကြီးဌာနများ အတွက်မူ ၎င်းတို့ အစီအစဉ်ဖြင့် ဝယ်ယူရန်အတွက် ဘတ်ဂျက် တင်ပြခြင်းကို ခွင့်ပြုထားပြီး ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ပြီးခဲ့သည့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ အထိ အစိုးရဝန်ကြီးဌာန များရှိ ယာဉ်အိုယာဉ်ဟောင်း ၁၉၇၁ စီးကို ဖျက်ဆီးခဲ့ပြီး ယခု ဘဏ္ဍာနှစ်အတွင်း လူစီး မော်တော်ယာဉ် ၁၃၁၈ စီးနှင့် ဘတ်စ်ကား ၄၂၄ စီး ဝယ်ယူရန် ပြည်ထောင်စု လွှတ်တော်က ခွင့်ပြုပေးခဲ့ကြောင်း ၎င်းက ဆိုသည်။

၂၀၁၃ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့အထိ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၏ ကောက်ခံရရှိသာ စာရင်းများအရ ဌာနဆိုင်ရာ မော်တော်ယာဉ် ၃၈,၈၈၈ စီးအနက် သုံးပုံနှစ်ပုံ ဖြစ်သည့် ၂၅,၂၂၀ စီးမှာ ယာဉ်အို ယာဉ်ဟောင်းများ ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနထံမှ သိရသည်။

ယာဉ်အိုယာဉ်ဟောင်း အပ်နှံရေး အစီအစဉ်အရ လာရောက်အပ်နှံသည့် မော်တော်ယာဉ်များ၊ တရားရုံးများတွင် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသည့် မော်တော်ယာဉ်များနှင့် မော်တော်ဆိုင် ကယ်များကိုလည်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဗဟို စက်ပစ္စည်း စာရင်းအင်းနှင့် စစ်ဆေးရေး ဦးစီးဌာနက ကြမ်းခင်းဈေး သတ်မှတ်၍ လေလံတင် ရောင်းချလျက် ရှိကြောင်း အဆိုပါ ဝန်ကြီးဌာနထံမှ သိရသည်။

The Voice Weekly

RangonNewsDaily:: October. 23 .2013
အစိုးရဌာနများရှိ အသုံးပြု၍ မရတော့သော ယာဉ်အို၊ ယာဉ်ဟောင်းများကို ဘဏ္ဍာနှစ်အလိုက် လဲလှယ်ရန် အသုံးစရိတ် ခွင့်ပြုသွားမည် ဖြစ်ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ခင်စန်းရီက ပြည်သူ့လွှတ်တော်တွင် ပြောကြားသည်။ အောက်တိုဘာလ ၂၂ ရက်နေ့တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသန်းမြင့်၏ ဌာနဆိုင်ရာ ယာဉ်အိုယာဉ်ဟောင်းများ ဖျက်သိမ်း၍ သင့်တော်သော ယာဉ်များ အစားထိုးရန် အစီအစဉ်ရှိ မရှိမေးခွန်းကို ၎င်းက ယင်းသို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

အစိုးရ ဝန်ကြီးဌာနများ၏ မော်တော်ယာဉ် ခွဲဝေထုတ်ပေးရန် တင်ပြမှုအပေါ် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနက နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသည့် ယာဉ်များထဲမှ ခွဲဝေပေးမည်ဖြစ်ပြီး ခွဲဝေထုတ်ပေးရန် မဖြစ်နိုင်သည့် ဝန်ကြီးဌာနများ အတွက်မူ ၎င်းတို့ အစီအစဉ်ဖြင့် ဝယ်ယူရန်အတွက် ဘတ်ဂျက် တင်ပြခြင်းကို ခွင့်ပြုထားပြီး ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ပြီးခဲ့သည့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ အထိ အစိုးရဝန်ကြီးဌာန များရှိ ယာဉ်အိုယာဉ်ဟောင်း ၁၉၇၁ စီးကို ဖျက်ဆီးခဲ့ပြီး ယခု ဘဏ္ဍာနှစ်အတွင်း လူစီး မော်တော်ယာဉ် ၁၃၁၈ စီးနှင့် ဘတ်စ်ကား ၄၂၄ စီး ဝယ်ယူရန် ပြည်ထောင်စု လွှတ်တော်က ခွင့်ပြုပေးခဲ့ကြောင်း ၎င်းက ဆိုသည်။

၂၀၁၃ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့အထိ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၏ ကောက်ခံရရှိသာ စာရင်းများအရ ဌာနဆိုင်ရာ မော်တော်ယာဉ် ၃၈,၈၈၈ စီးအနက် သုံးပုံနှစ်ပုံ ဖြစ်သည့် ၂၅,၂၂၀ စီးမှာ ယာဉ်အို ယာဉ်ဟောင်းများ ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနထံမှ သိရသည်။

ယာဉ်အိုယာဉ်ဟောင်း အပ်နှံရေး အစီအစဉ်အရ လာရောက်အပ်နှံသည့် မော်တော်ယာဉ်များ၊ တရားရုံးများတွင် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသည့် မော်တော်ယာဉ်များနှင့် မော်တော်ဆိုင် ကယ်များကိုလည်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဗဟို စက်ပစ္စည်း စာရင်းအင်းနှင့် စစ်ဆေးရေး ဦးစီးဌာနက ကြမ်းခင်းဈေး သတ်မှတ်၍ လေလံတင် ရောင်းချလျက် ရှိကြောင်း အဆိုပါ ဝန်ကြီးဌာနထံမှ သိရသည်။

The Voice,kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment