Pages

Pages - Menu

Sunday, October 27, 2013

ပြင်ဦးလွင်မြို့သို့ ဆီးဂိမ်းတွင်ပြိုင်ပွဲဝင်မည့် အစ္စလာမ်ဘာသာဝင် အားကစားသမားများ သွားရောက်လေ့လာ

ပြင်ဦးလွင်မြို့၊ သမိုင်းဝင် မြို့လယ်ဗဟိုဗလီကြီး၊
RangonNewsDaily:: October. 27 .2013
၂၀၁၃ခုနှစ်၊ အောက်တိုဘာလ (၂၅)ရက်၊ သောကြာနေ့တွင် ပြင်ဦးလွင်မြို့သို့ အင်ဒိုနီးရှား၊ ဘရှုနိုင်း စသည့် အာဆီယံနိုင်ငံများမှ စစ်ဘက်ဆိုင်ရာ သေနတ်ပစ် အားကစားသမားများ အယောက် (၇၀)ခန့် လာရောက်
လေ့လာခဲ့ကြောင်း သတင်းရရှိပါသည်။ မြန်မာနိုင်ငံသည် မကြာခင်ရောက်ရှိတော့မည့် ဆီးဂိမ်းတွင် တာဝန်ယူဆောင်ရွက်ရသဖြင့် အားကစားသ
မားများ၏ သွားရေးလာရေးအား အစိုးရအစီအစဉ်ဖြင့်လုံခြုံရေးပြည့်ဝစွာ လိုက်လံပို့ဆောင်ပေးနေကြောင်း သိရပါသည်။

အားကစားသမားများမှာ သက်ဆိုင်ရာနိုင်ငံအလိုက် စစ်ယူနီဖောင်း(ပြောက်ကျား)၀တ်များဖြင့် ပြင်ဦးလွင်မြို့
သို့ သွားရောက်လေ့လာကြပြီး အစ္စလာမ်ဘာသာဝင်များဖြစ်သည့်အတွက် အစ္စလာမ်ဘာသာဝင်များ၏ နေ့
ထူးနေ့မြတ်ဖြစ်သော သောကြာ၊ ဂျိုမိုအာဟ်နမာဇ်ကို ပြင်ဦးလွင်မြို့ မြို့လယ် ဗဟို ဗလီကြီးတွင် နေ့လည် (၁၂း၂၅) အချိန်က လာရောက်ဝတ်ပြုဆုတောင်းမှုများ ပြုလုပ်ခဲ့ပါသည်။

ပြင်ဦးလွင်မြို့တွင်ရှိသော အစ္စလာမ်ဘာသာရေးဝတ်ပြုကျောင်းတော် မြို့လယ် ဗဟို ဗလီကြီးမှတာဝန်ရှိသူ အကြီးအကဲများမှလဲ အဆိုပါ နိုင်ငံခြားသား အားကစားများအတွက် အထူးအစီအစဉ်ဖြင့် ဗလီဝတ်ကျောင်း
တော်၏ ရှေ့ဆုံးတန်းများတွင် ၀တ်ပြုဆုတောင်းရန်အတွက် ထားရှိပေးကြောင်းလဲ သိရသည်။
အားကစားသမားများ စီးနင်းလာသည့် Express ကားနှင့် အားကစားသမား ( ဓါတ်ပုံ- မျက်ဝန်းစီဂျေ )
ပြင်ဦးလွင်မြို့ခံတစ်ဦးအား ဆက်သွယ်မေးမြန်းရာတွင် " ထူးခြားတာကတော့ လက်ဆွဲနှုတ်ဆက်ကြတဲ့ မြို့ခံ
မွတ်စလင်မ်တွေအနေနဲ့ အားကိုးရာမဲ့သူတွေဆီကို အားပေးဖို့လာကြတဲ့ မွတ်စလင်မ်နိုင်ငံများက မိတ်ဆွေ
တွေ ဆိုတဲ့ပုံစံတွေနဲ့ မျက်ရည်တွေဝဲနေတဲ့သူတွေ၊ ငိုကြတဲ့သူတွေနဲ့ အီမာန်ရှင်အချင်းချင်းရဲ့အချစ်တွေကို ပြ
သနေကြသလိုပါပဲ "ဟု ပြောပါတယ်။

ထိုသို့ ဂျိုမိုအာဟ် နမာဇ် ၀တ်ပြုဆုတောင်းပြီးနောက်ပိုင်းတွင် ဒေသခံများနှင့် နွေးထွေး ချစ်ခင်စွာ နှုတ်ဆက်
ကြပြီး နေပြည်တော်ဘက်သို့ ဆက်လက်ထွက်ခွာခဲ့ကြောင်း အလင်းမျက်ဝန်း စီဂျေများမှ သတင်းပေးပို့ပါ
သည်။
 
အလင်းမျက်ဝန်း ,  kolatt(PBDN)
RangonNewsDaily


No comments:

Post a Comment