Pages

Pages - Menu

Sunday, October 27, 2013

ရန်ကုန်- ဘားအံ ပွင့်သစ်စရတနာ မှန်လုံယာဉ်နှင့် ၁၈ ဘီး ဘိလပ်မြေ တင် ယာဉ်နှစ်စီး တိမ်းရှောင်ရာမှ ရိုက်နှက် မှုဖြစ်

RangonNewsDaily:: October. 27 .2013
ရန်ကုန်- ဘားအံသို့ ပြေးဆွဲသည့် ခရီးသည်တင် ပွင့်သစ်စရတနာ မှန်လုံယာဉ်နှင့် ၁၈ ဘီး ဘိလပ်မြေ တင်ယာဉ်တို့ ကားတိမ်းရှောင်ရာမှ မှန်လုံယာဉ်ပြန်ကွေ့၍ ၁၈ဘီးကား မောင်းသူနှင့် ယာဉ်နောက်လိုက်ကို သံတုတ်ဖြင့် ရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ နံနက် ဝဝး၃ဝ နာရီက ရန်ကုန်မှ ဘားအံသို့ ယာဉ်မောင်း နိုင်ဝင်းမောင် ၃၆ နှစ်(ဘ) ဦးခင်ရွှေ၊ ယာဉ်နောက်လိုက် ကျော်စိုးလွင် ၂၆ နှစ် (ဘ) ဦးဇော်မင်းတို့ မောင်းနှင်လာသည့် ပွင့်သစ်စ ရတနာ မှန်လုံယာဉ်လိုင်းမှ ခရီးသည် မှန်လုံယာဉ် အမှတ် ၆ဂ/--- နှင့် ဘားအံမှ ရန်ကုန်မြို့သို့ ယာဉ်မောင်း ဇော်စိုးမိုး ၂၅ နှစ် (ဘ) ဦးအောင်ဇော်ထူး၊ ယာဉ်နောက်လိုက် တင်နိုင်ဝင်းတို့ မောင်းနှင်လာသည့် ယာဉ်အမှတ် ၄ဃ/--- ဘိလပ်မြေတင် ၁၈ ဘီးယာဉ်တို့သည် ဘီးလင်းမြို့ တလမွန် ထမင်းဆိုင် အနီး၌ ကားချင်း တိမ်းရှောင်ရာမှ

စကားများကြသဖြင့် မှန်လုံခရီးသည်တင်ယာဉ် ပြန်ကွေ့လာပြီး ဘီးလင်းမြို့အဝင် ဝင်းပြန်ကျေးရွာ မိုင်တိုင်အမှတ် (၁၂ဝ/၇)နှင့် (၁၂ဝ/၈) အကြားတွင် ဘိလပ်မြေတင် ယာဉ်ရှေ့၌ ပိတ်ဆို့ရပ်တန့်ကာ ခရီးသည်တင် မှန်လုံယာဉ်မှ ယာဉ်မောင်း နိုင်ဝင်းမောင်နှင့် ယာဉ်နောက် လိုက် ကျော်စိုးလွင်တို့နှစ်ဦးက ဘိလပ်မြေယာဉ်၏ နောက်ကြည့်မှန်ကို ရိုက်ခွဲပြီး ယာဉ်မောင်း ဇော်စိုးမိုးနှင့် ယာဉ်နောက်လိုက် တင်နိုင်ဝင်းတို့ကို သံတုတ်ဖြင့် ရိုက်ပြီး လက်သီးဖြင့်ထိုးခဲ့ရာ

 ဇော်စိုးမိုး၏ ခန္ဓာကိုယ်တွင် ဖူးရောင်ဒဏ်ရာများ၊ ယာဉ်နောက်လိုက် တင်နိုင်ဝင်း၏ ခြေထောက်နှစ်ဖက်တွင် ပွန်းပဲ့ဒဏ်ရာများ အသီးသီး ရရှိခဲ့သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ဘီးလင်းရဲစခန်းမှ ကျော်စိုးလွင်အား (ပ) သတင်းအချက်အမှတ် ၇၈/၂ဝ၁၃၊ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၂၇၉/၄၂၇/၃၂၅ တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

မြ၀တီ ::--kolatt(PBDN)
RangonNewsDaily


No comments:

Post a Comment