Pages

Pages - Menu

Monday, October 14, 2013

လုပ်သားပြည်သူများသို့ လုံခြုံရေးအသိပေးနိုးဆော်ခြင်း

RangonNewsDaily:: October. 13 .2013
ရန်ကုန်တိုင်းဒေသကြီးနယ်မြေအတွင်း ၁၃.၁၀.၂၀၁၃ရက်နေ့ နံနက် ၀၀၁၅နာရီအချိန် အင်းစိန်မြို့နယ်၊ 

 စော်ဘွားကြီးကုန်းရပ်ကွက်၊ ရန်ကုန်-ပြည်လမ်း၊ စော်ဘွားကြီးကုန်းကားမှတ်တိုင်တွင်ပေါက်ကွဲမှုတစ်ခုဖြစ်
ပွားခဲ့ပြီး မပေါက်ကွဲသေးသည့် လက်လုပ်မိုင်းတစ်လုံးအား ရှင်းလင်းနိုင်ခြင်းနှင့်
၁၃.၁၀.၂၀၁၃ရက်နေ့၁၇၄၀နာရီအချိန်သာကေတမြို့နယ်၊၃/မာန်ပြေရပ်ကွက်၊ယမုံနာလမ်း၊အခွန်လွတ်ဈေး
ရှေ့ လမ်းဘေးပလက်ဖေါင်းအနီးရပ်ထားသည့် နောက်တွဲယာဉ်အောက်တွင်တွေ့ရှိသည့် ကြွပ်ကြွပ်အိတ်အ
မဲဖြင့်ထုပ်ထားသည့် အထုပ်အား ထက်နိုင်အောင်၊ (၁၄)နှစ်၊ (ဘ)ဦးလှထွန်းနှင့် ၀င်းမင်းထွေး၊ (၁၄)နှစ်၊ (ဘ
)ဦးနုပိန်တို့မှ ၎င်းအိတ်အတွင်းရှိ နာရီလက်တံအား လှည့်စဉ်ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် ၎င်းလူငယ်(၂)ဦး
တွင် (မစိုးရိမ်ရ)သော ဒဏ်ရာများ ရရှိခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးနယ်မြေအတွင်းပေါက်ကွဲမှု(၂)ကြိမ်ဖြစ်ပွားခဲ့သဖြင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့

မှူး၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် တိုင်း/ခရိုင်/မြို့နယ်များတွင် လုံခြုံရေးတိုးမြှင့်ချထား ဆောင်ရွက်လျက်ရှိပါ
သည်။

လုပ်သားပြည်သူများအနေဖြင့် ဘူတာများ၊ ကားဝင်းများ၊ ကားဂိတ်များ၊ သင်္ဘောဆိပ်များ၊ လူစည်ကားရာနေ

ရာများနှင့်လမ်းကြိုလမ်းကြားများတွင် မသင်္ကာအထုပ်များတွေ့ရှိပါက ဖွင့်ဖေါက်ခြင်းများမပြုလုပ်ဘဲ သက်ဆိုင်
ရာမြို့နယ်၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံနှင့် မြို့နယ် ရဲစခန်းများသို့ ချက်ချင်းသတင်းပို့ပေးကြပါရန်နှင့် ရပ်
ကွက်အုပ်ချုပ်ရေးမှူးများမှလည်း မိမိရပ်ကွက်ရှိ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများအားဆက်လက် သတင်းပေးပို့ပေး
နိုင်ရေး အသိပေး အကြောင်းကြားထားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

လုပ်သားပြည်သူများအနေဖြင့်လည်း ယခုကဲ့သို့ ပြည်သူများအထိတ်တလန့်ဖြစ်အောင်နှင့် ထိခိုက်ဒဏ်ရာ

ရသေစေအောင် အဖျက်အမှောင့်လုပ်ငန်းဖြစ်သည့် ပေါက်ကွဲမှုများဖြစ်ပေါ်အောင် လုပ်ဆောင်နေသူများ
အား ၀ိုင်းဝန်းကူညီပူးပေါင်းပါဝင်ဖေါ်ထုတ်ပေးကြပါရန် တိုက်တွန်းနိုးဆော် မေတ္တာရပ်ခံအပ်ပါသည်။

Yangon Police

No comments:

Post a Comment