Pages

Pages - Menu

Tuesday, October 29, 2013

ဘ၀ရဲ့ အောင်မြင်မှု ရဖို့ ဘာတွေလိုအပ်လဲ ?????

RangonNewsDaily:: October. 29 .2013
၁။ ချစ်ခြင်းမေတ္တာနဲ့ အောင်မြင်မှုဆိုတာကို ရရှိဖို့အတွက် ဘ၀မှာပေးဆပ်ရတဲ့ အရင်းအနှီးတွေက သိပ်ကြီးတတ်တာကို ဘယ်တော့မှ မမေ့ပါနဲ့။

၂။ ဆုံးရှုံးမှုနဲ့ ကြုံရတဲ့အခါ သင်ခန်းစာကိုပါ အဆုံးရှုံးမခံပါနဲ့။

၃။ ဘ၀ရဲ့ ရွှေဥပဒေ သုံးရပ်ကတော့ ……
(က) မိမိကိုယ်ကိုလေးစားပါ
(ခ) သူတစ်ပါးကိုလေးစားပါ
(ဂ) ကိုယ်လုပ်သမျှ အရာအားလုံးအတွက် တာဝန်ယူပါ။

၎။ တခါတလေ လိုချင်တာ မရလိုက်တာဟာ ကံကောင်းခြင်းတစ်မျိုးပဲဆိုတာလည်း မမေ့ပါနဲ့ ။

၅။ ဘာမဟုတ်တဲ့ သဘောထားကွဲလွဲမှုလေး တစ်ခုကြောင့် ခိုင်မြဲတဲ့ သံယောဇဉ်ကို ထိခိုက် မသွားပါစေနဲ့ ။

၆။ အမှားတခုကျူးလွန်လိုက်မိမှန်း သတိထားမိသွားတာနဲ့ ပြင်ဖို့ ချက်ချင်း ကြိုးစားပါ။

၇။ တစ်ခါတလေကျတော့လည်း ဆိတ်ဆိတ်နေလိုက်ခြင်းဟာ အကောင်းဆုံးအဖြေပဲဆိုတာ သတိရပါ။

၈။ ချစ်သူတွေနဲ့ သဘောထား ကွဲလွဲတဲ့အခါ လတ်တလောဖြစ်နေတာကိုပဲ ဦးတည်မိပါစေ။ အတိတ်တွေကို မဖော်မိစေနဲ့ ။

Maukkha Magazine , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment