RangonNewsDaily:: September 19, 2013
ဒမတ်စကက် မြို့တော်အနီးရှိ ဂျော်ဘာအရပ်တွင်သမ္မတဘာရှာအာဆက်ဒ်၏ တပ်ဖွဲ့များကို တွန်းလှန် တိုက်
ဒမတ်စကက် မြို့တော်အနီးရှိ ဂျော်ဘာအရပ်တွင်သမ္မတဘာရှာအာဆက်ဒ်၏ တပ်ဖွဲ့များကို တွန်းလှန် တိုက်
ခိုက်နေသည့် သူပုန်တပ်ဖွဲ့ တစ်ခုဖြစ်သော
အန်ဆာဒီမက်ခ်ျတို့က iPadကို လက်နက်ချိန်ညှိသော ရေဒါစနစ်
အသွင် တီထွင် အသုံးပြုနေခြင်း ဖြစ်သည်။
Appleကုမ္ပဏီကထုတ်လုပ်သောTabletကွန်ပျူတာiPadများကို ဖျော်ဖြေရေးအတွက်၊အလုပ်အတွက်စသည်ဖြင့်
ရည်ရွယ်ချက် အမျိုးမျိုးနှင့် အသုံးပြုကြသည်မှာ
မဆန်းချေ။ သို့သော်လည်း ဆီးရီးယား အစိုးရကို တော်လှန်နေ
သော သူပုန်တပ်ဖွဲ့
အချို့ကမူ iPadကို လက်နက်ကဏ္ဍတွင်ပါ အသုံးပြုနေသည်မှာ အံ့ဩစရာ ဖြစ်လာခဲ့
သည်။
ဒမတ်စကက် မြို့တော်အနီးရှိ ဂျော်ဘာအရပ်တွင်သမ္မတဘာရှာအာဆက်ဒ်၏
တပ်ဖွဲ့များကို တွန်းလှန် တိုက်
ခိုက်နေသည့် သူပုန်တပ်ဖွဲ့ တစ်ခုဖြစ်သော
အန်ဆာဒီမက်ခ်ျတို့က iPadကို လက်နက်ချိန်ညှိသော ရေဒါစနစ်
အသွင် တီထွင်
အသုံးပြုနေခြင်း ဖြစ်သည်။
လက်လုပ် မော်တာအမြောက်များကို ပစ်ခတ်ရာတွင်
ပစ်မှတ်ချိန်ရွယ်မည့် စနစ်တစ်ခု လိုအပ်နေရာ ယင်းကို iPadဖြင့် သူပုန်များက
ဖြေရှင်းခဲ့ခြင်း ဖြစ်သည်။ စက်တင်ဘာ လလယ်က ဒမတ်စကက် ဆင်ခြေဖုံးရှိ
ဂျော်ဘာ
သို့ မော်တာဖြင့် လှမ်း၍ပစ်ခတ်ရာတွင် သူပုန်များက iPadကို အသုံးပြု
ချိန်တွယ်ကြသည်ကို တွေ့ရှိရသည်။
ဇွန်လအတွင်းကလည်းအာဆက်ဒ်၏တပ်သားအချို့သည်iPadရှိ မြေပုံစနစ်များကို အသုံးပြုကာ ပစ်မှတ်ရှာဖွေ
ဇွန်လအတွင်းကလည်းအာဆက်ဒ်၏တပ်သားအချို့သည်iPadရှိ မြေပုံစနစ်များကို အသုံးပြုကာ ပစ်မှတ်ရှာဖွေ
မှုများ
ပြုလုပ်ခဲ့ဖူးသည်။အန်ဆာဒီမက်ခ်ျ သူပုန်အဖွဲ့များ ရိုက်ကူးထားသည့်
မှတ်တမ်းဗီဒီယို တစ်ခုတွင်မူ တပ်
ဖွဲ့ဝင်များက မော်တာအနီးတွင် iPadကို
ထားရှိကာ သတ်မှတ်ထားသည့် ပစ်ကွင်းနေရာများကို ဆွေးနွေး
ရွေးချယ်နေကြောင်း
တွေ့ရှိရသည်။
ကာလရှည်ကြာစွာ တိုက်ခိုက်နေသော ဆီးရီးယား ပြည်တွင်းစစ်
အတွင်းတွင် သူပုန်တို့သည် ရရာပစ္စည်းများ
ကို လက်နက်အဖြစ် ဖန်တီးခဲ့ကြသည်။
၎င်းတို့၏ လက်ရာများအနက် အိမ်လုပ် သံချပ်ကားများ၊ စက်သေနတ်
များအပြင်
ဒုံးကျည်ပစ်စင်များပင် ပါဝင်သည်။
သူပုန်များသည် ပုလင်းလွတ်များထဲတွင်
ဓာတ်ဆီနှင့် အခြားမီးလောင်ပေါက်ကွဲတတ်သော အရည်များ ထည့်
ထားသည့်
မိုလိုတော့ဗ် အိမ်လုပ်ဗုံးများကိုလည်း အသုံးပြုခဲ့ကြောင်း သိရှိရသည်။
Planet Myanmar Network , RangonNewsDaily
kolatt (Pabedan)
Planet Myanmar Network , RangonNewsDaily
kolatt (Pabedan)
No comments:
Post a Comment