RangonNewsDaily:: September 17, 2013
ထိုင်းနိုင်ငံ ကန်ချနာပူရီနဲ့ မြန်မာနိုင်ငံ ထားဝယ်ရေနက်ဆိပ်ကမ်းတို့ကို ဆက်သွယ်ဖို့ ဖောက်လုပ်နေတဲ့ အ
ထိုင်းနိုင်ငံ ကန်ချနာပူရီနဲ့ မြန်မာနိုင်ငံ ထားဝယ်ရေနက်ဆိပ်ကမ်းတို့ကို ဆက်သွယ်ဖို့ ဖောက်လုပ်နေတဲ့ အ
ဝေးပြေးလမ်းမတစ်လျှောက်မှာရှိတဲ့
သဗြုချောင်းနဲ့ ရေပုတ်ကျေးရွာကြား အရှည် ၁၃ မိုင်လောက်ကို မြေယာ
လျော်ကြေးမရတဲ့ ဒေသခံရွာသားတွေက သစ်တုံးတွေနဲ့ ပိတ်ဆို့ထားလိုက်တယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီကနေ့မနက်ပိုင်းက ထားဝယ်မြို့
ဆန်းချီရပ်ကွက်မှာရှိတဲ့ ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေး
အဖွဲ့ရုံးခန်းမှာ
ဒေသခံတွေစုပေါင်းဖွဲ့စည်းထားတဲ့ "လူထုအခြေပြု ရေရှည်တည်တံ့ ခိုင်မြဲရေးနဲ့
ဖွံ့ဖြိုးတိုးတက်
ရေးကော်မတီ" က သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
စီမံကိန်းအတွက် မြေတွေဆုံးရှုံးခဲ့တဲ့ ထားဝယ်ခရိုင် မေတ္တာ၊ ကလက်ကြီး၊ ရေပုတ်၊ ကထောင်းနီစတဲ့ ကျေးရွာ ၇ ရွာက ရွာသား ၈ဝ လောက်ဟာ မြေလျော်ကြေးမရသေးတာကြောင့် ရွာသားတွေပူးပေါင်းပြီး စီမံကိန်းကား
စီမံကိန်းအတွက် မြေတွေဆုံးရှုံးခဲ့တဲ့ ထားဝယ်ခရိုင် မေတ္တာ၊ ကလက်ကြီး၊ ရေပုတ်၊ ကထောင်းနီစတဲ့ ကျေးရွာ ၇ ရွာက ရွာသား ၈ဝ လောက်ဟာ မြေလျော်ကြေးမရသေးတာကြောင့် ရွာသားတွေပူးပေါင်းပြီး စီမံကိန်းကား
တွေသွားမရအောင် ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့ကတည်းက
ပိတ်ဆို့လိုက်တာပါ။
ထားဝယ်ရေနက်ဆိပ်ကမ်းဘက်စုံစီမံကိန်းကိုအကောင်အထည်ဖေါ်နေတဲ့ အီတာလျံ၊ ထိုင်းကုမ္ပဏီက ၂ဝ၁၁
ထားဝယ်ရေနက်ဆိပ်ကမ်းဘက်စုံစီမံကိန်းကိုအကောင်အထည်ဖေါ်နေတဲ့ အီတာလျံ၊ ထိုင်းကုမ္ပဏီက ၂ဝ၁၁
ခုနစ်ကစပြီးထားဝယ်ဒေသခံတွေအတွက် လျော်ကြေးတွေပေးထားပြီး ဖြစ်ပေမယ့်ဒီလမ်းပိတ်ဆို့ထားတဲ့ ကျေး
ရွာ ၇ ရွာက ဒေသခံ ၈ဝ လောက်ကတော့
လျော်ကြေးငွေမရသေးဘူးလို့ သိရပါတယ်။
အခုလို လမ်းပိတ်ထားတာဟာ ၃ ကြိမ်မြောက်ရှိပြီလို့သိရပြီး လာမယ့်စက်တင်ဘာလ ၂၈ ရက်နေ့ ပျဉ်းသား
အခုလို လမ်းပိတ်ထားတာဟာ ၃ ကြိမ်မြောက်ရှိပြီလို့သိရပြီး လာမယ့်စက်တင်ဘာလ ၂၈ ရက်နေ့ ပျဉ်းသား
တောရွာမှာအစိုးရအဖွဲ့တာဝန်ရှိသူတွေ၊ ဒေသခံတွေ၊ကုမ္ပဏီတာဝန်ရှိသူတွေ
တွေ့ဆုံဆွေးနွေးသွားဖို့ရှိတယ်
လို့ သိရပါတယ်။ကန်ချနပူရီကနေ
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအထိ ကားလမ်းအရှည်ဟာ မိုင် ၁ဝဝ
ကျော်လောက်ရှိတယ်လို့ သိရပါတယ်။
RFA , RangonNewsDaily
kolatt (Pabedan)
RFA , RangonNewsDaily
kolatt (Pabedan)
No comments:
Post a Comment