Pages

Pages - Menu

Wednesday, September 18, 2013

နိုင်ငံခြားခိုးကူးခွေဖမ်းဆီးနေမှုကြောင့် အစည်းအရုံးအပေါ် အထင်မလွဲစေလိုဟု ဦးလူမင်းဆို

RangonNewsDaily:: September 18, 2013

မြန်မာနိုင်ငံနေရာအနှံ့အပြား၌ ရောင်းချနေသော မြန်မာဇာတ်လမ်း၊ မြန်မာ သီချင်းခိုးကူးခွေများကိုသာ ဖမ်းဆီးနိုင်ရေးအတွက် အဓိက ဦးတည်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံခြားဇာတ်လမ်းခိုးကူးခွေများကို ဖမ်းဆီးရန်အတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေဖြင့် ဖိအားပေးတိုက်တွန်းခဲ့ခြင်းမရှိခဲ့သလို သက်ဆိုင်မှုလည်း မရှိကြောင်း မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌဦးလူမင်းက ပြောကြားလိုက်သည်။ မြန်မာနိုင်ငံအတွင်းရှိ ခိုးကူးခွေအရောင်းဆိုင်များကို ဖမ်းဆီးရာ၌ မြန်မာသီချင်း၊ မြန်မာဇာတ်လမ်းခွေနှင့် ညစ်ညမ်း ခွေများရောင်းချခြင်းမတွေ့ရဘဲ နိုင်ငံခြားကားဇာတ်လမ်းခွေများကိုသာ ရောင်းချနေသည်ကို ဖမ်းဆီးအရေးယူခံရမှုများရှိနေသည့် အတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအပေါ် ခိုးကူးခွေရောင်းချနေသူများ က ဝေဖန်ပြောဆိုနေကြသည်ဟု ဦးလူမင်းက ဆိုသည်။
မြစ်မခမီဒီယာ , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၂၈.၈.၂၀၁၃


No comments:

Post a Comment