Pages

Pages - Menu

Wednesday, September 4, 2013

တရုတ်ရေတပ် ဆေးရုံသင်္ဘော တစ်ပတ်ကြာ ဆေးကုသမှု အစီအစဉ် ပြီးဆုံး၍ ပြန်လည်ထွက်ခွာ

kolatt(PBDN): Sep . 4. 2013

တရုတ်ရေတပ် ဆေးရုံသင်္ဘော (Peace Ark) ၏ မြန်မာနိုင်ငံတွင်း တစ်ပတ်ကြာ ဆေးကုသမှု အစီအစဉ် ပြီးဆုံး၍ စက်တင်ဘာ ၃ ရက် နံနက် ၈ နာရီခန့်က ပြန်လည်ထွက်ခွာ သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဆေးရုံသင်္ဘောသည် မြန်မာနိုင်ငံသို့ သြဂုတ် ၂၈ ရက်၊ နံနက်ပိုင်းက သီလ၀ါဆိပ်ကမ်း၊ MITT သို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ခရီးစဉ်အတွင်း တပ်မတော်သားများနှင့် ၎င်းတို့၏ မိသားစုဝင်များ အပါအ၀င် အရပ်သားပြည်သူ စုစုပေါင်း ၇၀၀၀ ကျော်ကို အခမဲ့ဆေးကုသမှု လုပ်ငန်းများ လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

"မြန်မာနိုင်ငံရဲ့ ဆေးကုသမှု ခရီးစဉ်အတွင်းမှာ ဆေးရုံသင်္ဘောပေါ်မှာပဲ ကုသပေးတာ ရှိသလို ကွင်းဆင်းကုသတာ မျိုးတွေလည်း လုပ်ခဲ့ပါတယ်။ နောက် ကျွန်တော်တို့ဆီက ဆရာဝန်တွေနဲ့ မြန်မာနိုင်ငံက ဆရာဝန်တွေ ပူးပေါင်းပြီး ဆေးပညာဆိုင်ရာ နှီးနှောဖလှယ်ပွဲတွေလည်း လုပ်ခဲ့ပါတယ်" ဟု ဆေးရုံသင်္ဘော၏ ရေတပ်ဒုတိယ ဦးစီးမှူး မစ္စတာရှန်းဟောင်က ဆိုသည်။

ထို့ပြင် တပ်မတော် သားဖွားမီးယပ်နှင့် ကလေးရောဂါ အထူးကုဆေးရုံ၊ တပ်မတော် အရိုးအထူးကုဆေးရုံ၊ ကျောက်တန်း ပြည်သူ့ဆေးရုံ၊ သန်လျင် ပြည်သူ့ဆေးရုံ၊ သန်လျင် သောက်တော်တွင်း အခြေခံပညာ မူလတန်းကျောင်း၊ သန်လျင် လူငယ်သင်တန်းကျောင်းများသို့ ကွင်းဆင်းကုသပေးခဲ့ပြီး ခွဲစိတ်ကုသရန် လိုအပ်သည့် လူနာများကိုမူ ဆေးရုံသင်္ဘောသို့ ပို့ဆောင်ကာ အခမဲ့ ခွဲစိတ်ကုသ ပေးခဲ့ကြောင်းလည်း သိရသည်။ 

ခရီးစဉ်၌ ပြင်ပလူနာ ၃၁၉၀ ဦး၊ အတွင်းလူနာ ၄၉ ဦး၊ ခွဲစိတ်ကုလူနာ ၇၇၀ ဦး၊ အခြားကျန်းမာရေးဆိုင်ရာ စစ်ဆေးလူနာ ၃၀၁၆ ဦးကို ကျန်းမာရေး စောင့်ရှောက်ပေးခဲ့သည်။

Eleven

RangonNewsDaily:: September 4, 2013
တရုတ်ရေတပ် ဆေးရုံသင်္ဘော (Peace Ark) ၏ မြန်မာနိုင်ငံတွင်း တစ်ပတ်ကြာ ဆေးကုသမှု အစီအစဉ် ပြီးဆုံး၍ စက်တင်ဘာ ၃ ရက် နံနက် ၈ နာရီခန့်က ပြန်လည်ထွက်ခွာ သွားခဲ့ကြောင်း သိရသည်။ အဆိုပါ ဆေးရုံသင်္ဘောသည် မြန်မာနိုင်ငံသို့ သြဂုတ် ၂၈ ရက်၊ နံနက်ပိုင်းက သီလ၀ါဆိပ်ကမ်း၊ MITT သို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ခရီးစဉ်အတွင်း တပ်မတော်သားများနှင့် ၎င်းတို့၏ မိသားစုဝင်များ အပါအ၀င် အရပ်သားပြည်သူ စုစုပေါင်း ၇၀၀၀ ကျော်ကို အခမဲ့ဆေးကုသမှု လုပ်ငန်းများ လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

"မြန်မာနိုင်ငံရဲ့ ဆေးကုသမှု ခရီးစဉ်အတွင်းမှာ ဆေးရုံသင်္ဘောပေါ်မှာပဲ ကုသပေးတာ ရှိသလို ကွင်းဆင်းကုသတာ မျိုးတွေလည်း လုပ်ခဲ့ပါတယ်။ နောက် ကျွန်တော်တို့ဆီက ဆရာဝန်တွေနဲ့ မြန်မာနိုင်ငံက ဆရာဝန်တွေ ပူးပေါင်းပြီး ဆေးပညာဆိုင်ရာ နှီးနှောဖလှယ်ပွဲတွေလည်း လုပ်ခဲ့ပါတယ်" ဟု ဆေးရုံသင်္ဘော၏ ရေတပ်ဒုတိယ ဦးစီးမှူး မစ္စတာရှန်းဟောင်က ဆိုသည်။

ထို့ပြင် တပ်မတော် သားဖွားမီးယပ်နှင့် ကလေးရောဂါ အထူးကုဆေးရုံ၊ တပ်မတော် အရိုးအထူးကုဆေးရုံ၊ ကျောက်တန်း ပြည်သူ့ဆေးရုံ၊ သန်လျင် ပြည်သူ့ဆေးရုံ၊ သန်လျင် သောက်တော်တွင်း အခြေခံပညာ မူလတန်းကျောင်း၊ သန်လျင် လူငယ်သင်တန်းကျောင်းများသို့ ကွင်းဆင်းကုသပေးခဲ့ပြီး ခွဲစိတ်ကုသရန် လိုအပ်သည့် လူနာများကိုမူ ဆေးရုံသင်္ဘောသို့ ပို့ဆောင်ကာ အခမဲ့ ခွဲစိတ်ကုသ ပေးခဲ့ကြောင်းလည်း သိရသည်။

ခရီးစဉ်၌ ပြင်ပလူနာ ၃၁၉၀ ဦး၊ အတွင်းလူနာ ၄၉ ဦး၊ ခွဲစိတ်ကုလူနာ ၇၇၀ ဦး၊ အခြားကျန်းမာရေးဆိုင်ရာ စစ်ဆေးလူနာ ၃၀၁၆ ဦးကို ကျန်းမာရေး စောင့်ရှောက်ပေးခဲ့သည်။

Eleven , RangonNewsDaily
kolatt (Pabedan)

No comments:

Post a Comment