Pages

Pages - Menu

Monday, September 23, 2013

ယောက်ျား ဘောလုံးပွဲကြည့်၍ ဇနီးက ဆွဲကြိုးချ သတ်သေ

RangonNewsDaily:: September 23, 2013

ယောက်ျားဖြစ်သူ ဘောလုံးပွဲကြည့်သည် ကိစ္စဖြင့် စကားများကြပြီး ဇနီးဖြစ်သူက မိမိကိုယ်ကို ဆွဲကြိုးချ သတ်သေခဲ့မှု တစ်ခု စက်တင်ဘာ ၂၀ ရက်က လှည်းကူးမြို့နယ် အတွင်းတွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်း ရရှိသည်။ အဆိုပါ ဖြစ်စဉ်မှာ လှည်းကူးမြို့နယ် စစ်ပင်ရွာရှိ လယ်တဲတစ်ခု တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သေဆုံးသူမှာ အသက်(၂၁) နှစ်အရွယ် မ ----- ဆိုသူ လယ်စားရင်းငှား တစ်ဦး ဖြစ်သည်ဟု ရဲတပ်ဖွဲ့က အတည်ပြု ထားသည်။

၎င်းသည် နေအိမ်တဲအတွင်း အမြင့်(၉) ပေခန့်ရှိ ခေါင်မိုးဝါးတန်းတွင် အရှည်(၁၈) ပေ၊ လက်သန်းလုံးခန့် အစိမ်းရောင် နွားချည်သည့် ပလစ်စတစ် ကြိုးဖြင့် ဆွဲကြိုးချ သေဆုံးနေသည်ကို ရဲတပ်ဖွဲ့တွေ့ရှိခဲ့ သည်ဟု ဆိုထားသည်။

ယင်းသေဆုံးမှုနှင့် ပတ်သက်ပြီး ပက်ဝန်းကျင်ကို စစ်ဆေးရာတွင်လည်း ၎င်း၏ ခင်ပွန်းဖြစ်သူနှင့် ဘောလုံးပွဲကြည့်သည့် ကိစ္စဖြင့် ရန်ဖြစ် စကားများခဲ့သည်ဟု ဆိုထားသည်။

ထို့နောက် ခင်းပွန်းဖြစ်သူမှာ ညနေ ၃ နာရီ အချိန်တွင် ဘောလုံးပွဲကြည့်ရန်
ရွာထဲသို့ ထွက်သွားပြီး ည ၈ နာရီခွဲ အချိန် နေအိမ်သို့ ပြန်ရောက်စဉ်တွင် ဇနီးဖြစ်သူအား ဆွဲကြိုးချ သေဆုံးနေလျက် တွေ့ရှိရခြင်း ဖြစ်သည်ဟု ဆို ထားသည်။

သေဆုံးသူ၏ တဲအတွင်းတွင်လည်း “အစ်ကိုကြီး သက်ကို မချစ်တော့ဘူး” ဟု ရေးသားထားသော စာရွက်ပိုင်းတစ်ခုကို တွေ့ရှိခဲ့ရသည်ဟု ရဲဌာနက ဖော်ပြထားသည်။

ထို့ကြောင့် အလောင်းအား လှည်းကူးဆေးရုံသို့ ပို့အပ်ရာ ပီအာရ် ၆၈ ဖြင့် လက်ခံထားရှိပြီး ဓမ္မတာတိုင်း သေဆုံးခြင်း ဟုတ်မ ဟုတ် စစ်ဆေးနိုင်ရန် လှည်းကူးမြို့နယ်၊ ဒါးပိန်နယ်မြေရဲစခန်းမှ စခန်းမှူးဖြစ်သူ ရဲအုပ်မင်းဦး က သေမှုသေခင်းရေးဖွင့်ထားသည်။

အဆိုပါအမှုကို ရဲစခန်းသေမှုသေခင်း အမှတ်စဉ် ၈/၂၀၁၃ဖြင့် ဆက်လက်စစ်ဆေးသွားမည်ဟုလည်း သိရသည်။

ယင်းနေ့တွင်ပင် နေရပ်လိပ်စာ အတည်တကျမရှိသူ တစ်ဦး သေဆုံးခဲ့မှု တစ်ခု သင်္ဃန်းကျွန်းမြို့နယ်တွင် ဖြစ်ပွားခဲ့ပြီး စက်တင်ဘာ ၂၁ ရက်တွင် လည်း သေမှုသေခင်းပေါင်း လေးမှုအထိ ဖြစ်ပွားထားသည်ကို တိုင်း ရဲဌာန ၏ မှုခင်းမှတ်တမ်း များအရ သိရသည်။

ယင်းသေမှုသေခင်း လေးမှုမှာ အရက်သေစာ သောက်စားထားပြီး အား အင်ချိနဲ့ သေဆုံးမှုသုံးမှုနှင့် ဓါတ်လိုက်သေဆုံးမှု တစ်ခုတို့ ဖြစ်သည်။

Mizzima - News , RangonNewsDaily
kolatt (Pabedan)

No comments:

Post a Comment