Pages

Pages - Menu

Friday, September 20, 2013

ခင်မောင်တိုး၏ “ခွန်အားဖြည့် မိငယ်” တေးစီးရီး ကွယ်လွန်သည့် နှစ်ပတ်လည်နေ့တွင် ထွက်ရှိမည်

RangonNewsDaily:: September 20, 2013

အဆိုတော် ခင်မောင်တိုး နောက်ဆုံး ထွက်ရှိခဲ့သည့် တေးစီးရီးဖြစ်သည့် “ခွန်အားဖြည့် မိငယ်” တေးစီးရီး ဗီစီဒီကို ၎င်း ကွယ်လွန်သည့် နှစ်ပတ်လည်နေ့တွင် ဖြန့်ချိနိုင်ရန်လုပ်ဆောင်လျက်ရှိကြောင်း ဇနီး ဒေါ်ဝေေ၀ခိုင်က မဇ္ဈိမသို့ပြောကြားလိုက်သည်။ ၎င်း စီးရီးကို ၂၀၁၂ ခုနှစ် စက်တင်ဘာလအတွင်း ထွက်ရှိခဲ့ခြင်း ဖြစ်သည်။

“ဒီအခွေကို စီစဉ်တာကြာပါပြီ၊ ဒီအခွေထဲမှာ အမှတ်တရအနေနဲ့ သားဖြစ်တဲ့ မင်းမင်းဦးက ဆန်းသစ်လနဲ့ တွဲပြီး နှစ်ပုဒ် သရုပ်ဆောင်ထားတယ်။ နောက်ပြီး ဦးတိုးကြီးမဆုံးခင်က ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေနဲ့ သူ့ရဲ့ဗီဒီယိုဖိုင်ထဲက ပုံတချို့ကို ထည့်သွင်းအသုံးပြုသွားမှာပါ။

စီးရီးထွက်တဲ့နေ့မှာ ထွေထွေထူးထူး လုပ်တာမျိုး မဟုတ်ဘဲ အိမ်မှာပဲဆွမ်းကပ်တာလုပ်မှာပါ။ ဒီခွေထွက်ပြီး နောက်နှစ်ရောက်မှ ကိုတိုးကြီးသီချင်းတွေကို ရေးတဲ့ တေးရေးဆရာတွေ စုစည်းသီဆိုမယ့်ခွေကို ထုတ်ပါမယ်။ အဲဒီခွေက ကျွန်မကိုယ်တိုင်ထုတ် မယ့် စီးရီးခွေပါ” ဟု ၎င်းက ဆက်လက် ပြောသည်။

ယင်းဗီစီဒီတွင် ဝေဠုကျော်၊ ဉဏ်လင်းအောင်၊ မင်းမင်းဦး၊ ဆန်းသစ်လ စသူတို့ ပါဝင်ထားသည်။ ဒါရိုက်တာ လင်းသစ်ဦးက ပုံဖော်ရိုက်ကူးထားခြင်းဖြစ်သည်။ အဆိုတော် ခင်မောင်တိုးသည် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်တွင် စင်ကာပူနိုင်ငံတွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

Mizzima - News, RangonNewsDaily
kolatt (Pabedan)

No comments:

Post a Comment