Pages

Pages - Menu

Wednesday, September 25, 2013

ရေဆူဆရာတော် ရုပ်ထုတော်အား ချင်းတောင်ပေါ်သို့ပင့်ဆောင်ပူဇော်မည်


RangonNewsDaily:: September 25, 2013
ချင်းပြည်နယ်တွင်ပထမဆုံး သာသနာမျိုးစေ့ချခဲ့သည့် လုံပီးဆရာတော်၊ ရေဆူဆရာတော်၊ တောင်တန်းသာ

သနာပြု ဆရာတော်ဟူ၍ ဘွဲ့တော်မျိုးမျိုးဖြင့် ခေါ်တွင်ကြည်ညိုကြရသည့် ဆရာတော်ဦးဥတ္တမသာရ၏ ရုပ်တု
တော်ကို လာမည့် တပို့တွဲလပြည့်ကျော် (၁၂)ရက်နေ့တွင် ချင်းတောင်ပေါ်သို့ ပင့်ဆောင်ပူဇော်မည်ဖြစ် ဟား
ခါးမြို့မ သာသနာပြု ဆရာတော်ထံမှ သိရသည်။
“တောင်တန်းသာသနာပြု ဆရာတော်ကြီးရဲ့ရုပ်ထုတော်ကိုယိုးဒယားနိုင်ငံမှာလွန်ခဲ့နှစ်ကထုလုပ်ခဲ့ပါတယ်။ 
အခုဟားခါးမြို့၊ ရုန်းတောင်အရှေ့ဖက် တောင်ကုန်းတော်ပေါ်က သံသရာအေး စေတီနားမှာ သီးသန့် အ
ဆောင်တော် ထားရှိသီတင်းသုံးမှာ ဖြစ်ပါတယ်။ 

လုံပီးဆရာတော်ဟာချင်းတောင်ပေါ်မှာဗုဒ္ဓသာသနာ့မျိုးစေ့ကိုချထားပေးခဲ့သူ ဖြစ်တဲ့အတွက် ဆရာတော်ကြီး
ရဲ့ ပုံတော်ကို အမှတ်တရထုဆစ် ကိုးကွယ်ရခြင်းဖြစ်ပါတယ်”ဟု ဟားခါးမြို့မ သာသနာပြုဆရာတော် ဒေါက်
တာအရှင်တေဇောသာရက မိန့်ကြားသည်။

ဟားခါးမြို့မပရိယတ္တိစာသင်တိုက်နာယက ဆရာတော် ချင်းတောင်သာသနာ သမိုင်းအစ ရေဆူ ဆရာတော်

ကြီးကဆိုသည့်အဆိုအမိန့်အတိုင်း ကျေးဇူးတော်ရှင် ရေဆူဆရာတော် ဘုရားကြီးအား ကျေးဇူးဆပ်သည့် အ
နေဖြင့် ရေဆူဆရာတော်၏ရုပ်တုတော်ကိုထိုင်းနိုင်ငံဗန်ကောက်မြို့တွင်ဟားခါးမြို့မ ဆရာတော် ကိုယ်တော်
တိုင် ကြီးကြပ်ထုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ခငွေ ထိုင်းဘတ်တစ်သိန်း ပေးရသည်ဟု ဆိုသည်။စားရိတ်စကငွေ မြန်မာကျပ်သိန်း
(၆၀)ကုန်ကျခဲ့

ကြောင်း ဆရာတော်မှဆက်လက် သိရသည်။ လာမည့်တပို့တွဲ လပြည့်ကျော်(၁၂)ရက်နေ့တွင် ရန်ကုန်၊ မန္တလေးမုံရွာ၊ ယင်းမာပင်၊ ပုလဲ၊ ပုံတောင်၊ ပုံညာ၊ရေမျက်နီ၊ ကျော၊ ဂန့်ဂေါ၊ ဟားခါးစသည့် ခရီးစဉ်အတိုင်း ပင့်ဆောင်၍ ဟားခါးမြို့ ရုန်းအရှေ့ဖက် တောင်တန်းပေါ် စံကျောင်းတွင် သီတင်းသုံးမည်ဖြစ်ကြောင်း သိရ
သည်။

ရေဆူဆရာတော်ဦးဥတ္တမသာရသီတင်းသုံမည့် စံကျောင်းတော်ကို စတင်တည်ဆောက်နေပြီဖြစ်သည်။ တန်
ဘိုးသိန်း(၇၀)၀န်းကျင် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

ပန်းချယ်ရီ
မြန်မာ့ခေတ် , RangonNewsDaily
kolatt (Pabedan)

No comments:

Post a Comment