Pages

Pages - Menu

Thursday, September 19, 2013

မော်ဒယ်တစ်ဦးအဖြစ် နာမည်ကြီးခဲ့သူ ကေတီပရိုက်၏ ဓာတ်ပုံများခိုးယူခဲ့သူဓာတ်ပုံသူခိုးအား ဖမ်းဆီးနိုင်ခဲ့ပြီဟု မင်းသမီး ကေတီပရိုက်က အတည်ပြု

RangonNewsDaily:: September 19, 2013

လိင်ဆက်ဆံနေသည့် သူမ၏ပုံများအား ခိုးယူခဲ့သူအား ဖမ်းဆီးမိပြီဟု ကေတီပရိုက်စ်က အတည်ပြုပြောကြားခဲ့သည်။အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်သည့် ကေတီ၏ ပုံများအား သူမ၏ အဆက်ဟောင်းများမှ ရိုက်ယူထားခဲ့သည့် ဓာတ်ပုံများအား ခိုးယူသွားခဲ့သည့် သံသယရှိသူအား ရဲများကယခုအခါတွင် အချုပ်ခန်း၌ချုပ်နှောင်ထားခဲ့ပြီး ဖြစ်သည်။ “ဓာတ်ပုံတွေကို ခိုးယူပြီးတော့ အမည်ပျက်စေရန်သတင်းဖြန့်တဲ့သူကို ဖမ်းဆီးအရေးယူနေပါပြီ။ဒါကြောင့် ဓာတ်ပုံတွေကို ဘယ်သူခိုးသလဲဆိုတာ သိရပါတော့မယ်”ဟု သူမ၏ တွစ်တာစာမျက်နှာတွင် ရေးသား ဖော်ပြလိုက်သည်။

သူမအနေဖြင့် သူမ၏ ဓာတ်ပုံအား ခိုးယူခဲ့သူအား ဖမ်းဆီးမိခဲ့သည့်အတွက် ၀မ်းသာကြောင်း၊ အဆိုပါ ဓာတ်ပုံများကြောင့် သူမ၏ အိမ်ထောင်ရေးအား ထိခိုက်လိမ့်မည်မဟုတ်ကြောင်းလည်း ပြောကြားခဲ့သည်။

ကေတီနှင့်ခင်ပွန်းဖြစ်သူ Kieran Hayler တို့မှာ လွန်ခဲ့သော ဇန်န၀ါရီလတွင် ဘဟားမက်တွင် လက်ထပ်ခဲ့ကြသည်။

တစ်ချိန်က စွဲမက်ဖွယ်ရာအလွန်ကောင်းသည့် မော်ဒယ်တစ်ဦးအဖြစ် နာမည်ကြီးခဲ့သူ ကေတီမှာ UK နိုင်ငံပြင်ပတွင် သားယောက်ျားလေးတစ်ဦး ဖွားမြင်ခဲ့ပြီး ဖြစ်သည်။

သားဖြစ်သူအား Jett ဟု အမည်ပေးထားပြီး ရှစ်ပတ်စော၍ မွေးဖွားခဲ့သည့်အတွက် ဆေးရုံတွင်ပင်ရှိနေသေးသည်။ သူမတို့ သားအမိနှင့်အတူ Kieran Hayler မှာလည်း ဆေးရုံတွင်ရှိနေသည်ဟု tv3 ဖျော်ဖြေ ရေး သတင်းဌာနတွင် ဖော်ပြထားသည်။

Jett မှာ ကေတီ၏ တတိယမြောက် ရင်သွေးငယ်တစ်ဦးဖြစ်သည်။ မန်ချက်စတာ တိုက်စစ်မှူးဟောင်း ဒွိုက်ယော့နှင့် သားတစ်ဦးမွေးဖွားခဲ့ပြီး Peter Andre နှင့်လည်း သမီးတစ်ဦး မွေးဖွားခဲ့သည်။ Jett နှင့် ကေတီတို့မှာ အင်္ဂလန်နိုင်ငံသို့ ယခုလအစောပိုင်းက ပြန်လည်ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

အခိုးခံရသည့် ဓာတ်ပုံများမှာ ကေတီ နှင့်သူမ၏ ချစ်သူဟောင်းတစ်ဦးဖြစ်သူ Dane Bowers တို့၏ မှတ်တမ်းဖြစ်ပြီး ၁၉၉၉ ခုနှစ်တွင် ၎င်းတို့၏ နေအိမ်မှ ခိုးယူခံခဲ့ရခြင်းဖြစ်သည်။

Mizzima - News, RangonNewsDaily
kolatt (Pabedan)

No comments:

Post a Comment