Pages

Pages - Menu

Monday, September 23, 2013

လက်မှတ်ထိုးပြီး ချက်လက်မှတ်ထဲမှ ငွေကျပ် ၆၃ သိန်း ထုတ်ယူမှုဖြစ်ပွား

RangonNewsDaily:: September 23, 2013

လက်မှတ်ထိုးထားသည့် ချက်လက်မှတ် တစ်စောင်မှ ငွေကျပ် ၆၃ သိန်းအား ထုတ်ယူသွားသည့် ဖြစ်စဉ်ကို စက်တင်ဘာလ ၁၆ ရက်က ဧရာဝတီဘဏ် (ဘုရင့်နောင်ဘဏ်ခွဲ) တွင် ဖြစ်ပွားခဲ့ကြောင်း၊ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မသင်္ကာသူ တစ်ဦးအား စတင်စစ် ဆေးနေပြီဖြစ်ကြောင်းကို တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်ထားသည်။ တာမွေမြို့နယ်၊ အရိုးကုန်းရပ်ကွက်နေသူ ဦး-----သည် ငွေထုတ်ယူရန်အတွက် ဇနီးဖြစ်သူ အမည်နှင့် လက်မှတ်ရေးထိုးထားသည့် ချက်လက်မှတ်ကို မိမိအိမ်ခန်းအတွင်းရှိ မှန်တင်ခုံ အံဆွဲအတွင်း သိမ်းဆည်းထားခဲ့သည်။

စက်တင်ဘာ ၂၀ ရက်တွင် ဇနီးဖြစ်သူက ဧရာဝတီဘဏ် (ဘုရင့် နောင်ဘဏ်ခွဲ)သို့ လာရောက်၍ ဘဏ်စာရင်းအား စစ်ဆေးရာ စက်တင်ဘာ ၁၆ ရက်ပါ ချက်လက်မှတ်ဖြင့် ငွေကျပ် (၆၃)သိန်းကို အမျိုးသမီးတစ်ဦးက ထုတ်ယူထားသည်ကို တွေ့ရှိခဲ့သည်။

အဆိုပါ ပိုက်ဆံထုတ်ယူသွားသူမှာ မိမိအိမ်အတွက် အိမ်အကူ ပို့ဆောင်ပေးခဲ့သူ အိမ်အကူ ပွဲစားတစ်ဦးဖြစ်ကြောင်း ထုတ်ယူသွားသည့် ဘဏ်စာရင်းများက ဖော်ပြထားသည်။

ထို့အတွက်ကြောင့် အိမ်ရှိ သိမ်းဆည်းထားသည့် ချက်လက်မှတ်အား စစ်ဆေးရာတွင် ပျောက်ဆုံးနေသဖြင့် ၎င်းထုတ်ယူသွားသည့် အမျိုးသမီးကို အရေးယူပေးပါရန် တာမွေမြို့နယ်ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် တာမွေမြို့နယ် ရဲစခန်းက (ပ)၄၀၉/၂၀၁၃ဖြင့် အမှုဖွင့် တိုင်တန်းခံထားရသူကို ဖမ်းဆီးရမိရန်အတွက် အိမ်အကူ အမျိုးသမီးမှတစ်ဆင့် စစ်ဆေးလျက်ရှိသည်။

ခိုးယူကြောင်း မှန်ကန်ပါက ပုဒ်မ ၃၈၀ ဖြင့် တရားစွဲတင်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး ရဲဌာနက သတင်းထုတ်ပြန်ထားသည်။
Mizzima News::, RangonNewsDaily
kolatt (Pabedan)

No comments:

Post a Comment