Pages

Pages - Menu

Tuesday, September 10, 2013

ဆီးရီးယားကို မတိုက်ဘဲနေသည်က ပိုအန္တရာယ်များဟု ဂျွန်ကယ်ရီဆို

RangonNewsDaily:: September 10, 2013

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ဆီးရီးယားက ဓာတုလက်နက် သုံးခြင်းကို ပြန်မတိုက်ဘဲနေခြင်း သာလျှင် ပိုပြီးအန္တရာယ် ကြီးမားကြောင်း သတိပေး ပြောဆိုလိုက်သည်ဟု BBC သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မစ္စတာကယ်ရီသည် ထိုသို့ သတိပေးချက်ကို မြို့တော်လန်ဒန်၌ ရှိနေစဉ် ပြောကြားခဲ့ခြင်း ဖြစ်ပြီး မကြာခင် အမေရိကန်ပြည်ထောင်စုသို့ ပြန်ကာ ကွန်ဂရက်လွှတ်တော်ကို အဆိုပါတိုက်မိန့် အတွက် သဘောတူညီပေးရန် ပြောကြားဖွယ် ရှိနေသည်။

ထိုစဉ် ရုရှားက အမေရိကန် ပြည်ထောင်စုအနေနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကိုသာ ပစ်မှတ်ထားပြုလုပ် သင့်ကြောင်း တိုက်တွန်း ပြောကြားလိုက်သည်။
အမေရိကန်ပြည်ထောင်စု အနေနှင့် ဆီးရီးယားကို စစ်ရေးအရ တိုက်ခိုက်ခဲ့ ပါလျှင် မည်သည့်အရာမဆို ဖြစ်လာနိုင်စေရမည်ဟု ဆီးရီးယားခေါင်းဆောင် ဘာရှားအယ်အာဆတ်က တုံ့ပြန်ပြောကြား လိုက်သည်။

သြဂုတ်လ ၂၁ ရက်နေ့က မစ္စတာ အာဆတ်၏တပ်များသည် မြို့တော် ဒမတ်စကတ်၌ ပြည်သူ ၁၄၂၉ ဦးကို ဓာတု အဆိပ်ဓာတ်ငွေ့ဖြင့် တိုက်ခိုက်သတ်ဖြတ် ခဲ့ကြောင်း အမေရိကန်အစိုးရက တပ်အပ် ပြောဆိုထားသည်။
ယင်းသို့ တိုက်ခိုက်ခဲ့ခြင်းကို မည်သူ ကမျှ တုံ့ပြန်ခြင်းမပြုခဲ့ပါလျှင် ဒမတ်စကတ် အစိုးရအနေနှင့် မည်သူ့ကိုမဆို နှိပ်စက်ကလူ ပြု၍ရနိုင်သည်ဟု ထင်သွားနိုင်ကြောင်း ဥရောပတစ်ခွင် သွားလာခဲ့သော မစ္စတာကယ်ရီက ပြောကြားသတိပေးခဲ့ခြင်း ဖြစ်သည်။
"ကျွန်တော်တို့ တုံ့ဆိုင်းမနေသင့်ပါဘူး။ အရေးမယူဘူးဆိုရင် ပိုပြီး အန္တရာယ်ကြီးပါတယ်" ဟု ဂျွန်ကယ်ရီက ပြောကြားခဲ့သေးသည်။

အမေရိကန် ရုပ်သံလိုင်းတစ်ခုက သမ္မတအာဆတ်နှင့် အင်တာဗျူးစဉ် ၄င်းက ဆီးရီးယားသို့ စစ်ရေးဖြင့် လာတိုက်ပါက ကလဲ့စားချေမည်ဟု သမ္မတအာဆတ်က ပြောကြားခဲ့သေးသည်။
"ကျွန်တော့်ပြည်သူကို ကျွန်တော် ဓာတုလက်နက် သုံးပါတယ်လို့ သက်သေ အထောက်အထား မရှိပါဘူး" ဟု ၄င်းက CBS ရုပ်သံလိုင်းကို ပြောကြားခဲ့သည်။

အမေရိကန်အစိုးရသည် စစ်ပွဲ ဆင်နွှဲလိုသောကြောင့် ဓာတုလက်နက်ကိစ္စကို အကြောင်းပြနေခြင်း ဖြစ်ကြောင်း ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီး ဝါလစ်မူအယ်လမ်က ပြောကြားခဲ့သည်။

The Voice, RangonNewsDaily
kolatt (Pabedan)

No comments:

Post a Comment