Pages

Pages - Menu

Thursday, September 26, 2013

ဆယ်တန်းကျောင်းသား မောင်းနှင်သော ဆိုင်ကယ်တိုက်၍ လူသေမှုဖြစ်

Photo: ဆယ်တန်းကျောင်းသား မောင်းနှင်သော ဆိုင်ကယ်တိုက်၍ လူသေမှုဖြစ် Thursday, September 26, 2013

ကချင်ပြည်နယ်၊ မိုးညှင်းမြို့အ.ထ.က(၂) မနက်ပိုင်း ကျောင်းဆင်းချိန်တွင်  ဆယ်တန်းကျောင်းသား၏ ဆိုင်ကယ်မှ ဝင်တိုက်၍ လူသေဆုံး မှုတစ်ခု ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အထက(၂)တွင်ကျောင်းတွင် တက်နေသော ဒဿမတန်း ကျောင်းသားတစ်ဦးသည်HENSIM – 125 အမျိုးအစား အစိမ်းပုတ်ရောင် ဆိုင်ကယ်၊ ၄ယ/၅၂၉၈၄  အမှတ်(၂) အောင်သပြေ စည်ပင်သာယာဈေး မြောက်ဘက်ရှိ လမ်းပေါ်တွင်မောင်းနှင်လာစဉ် လမ်းဖြတ်ကူးလာသော ဒေါ်လှမြိုင် အသက်(၅၅)နှစ်အား ၀င်ရောက်တိုက်မိခဲ့ရာ ဒေါ်လှမြိုင် ဦးခေါင်းဂျိုစောင်း နှစ်လက်မခန့် ပေါက်ပြဲဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ ကြေမွဒဏ်ရာများ ရရှိ၍ သေဆုံးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

“ယရင်ခေတ်ကလို ယာဉ်ထိန်း မော်တော်ပီကယ်တွေ ပြန်ထားပြီး လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းတွေ ရှင်းလင်း ဟောပြောပွဲတွေ ပြုလုပ်ပေးမှသာ ယာဉ်တိုက်မှုတွေ ကျဆင်းနိုင်မှာပါ။ အသင်မပြည့်တဲ့ သူတွေကို ဆိုင်ကယ်တွေ မစီးစေချင်ဘူး။ လူကငယ်ငယ် တင်စီးတာက(၂)ယောက်၊ အရှိန်ပြင်းပြင်းစီးတော့ လူတိုက်မှုတွေ ဖြစ်ကုန်တယ်။ ကလေးတွေ ဒုက္ခရောက်တာ လူကြီးမိဘတွေနဲ့ ဌာနဆိုင်ရာတွေမှာ တာဝန်ရှိတယ်”ဟု ကျောင်းသား မိဘတစ်ဦးက ပြောသည်။ မိုးညှင်းခရိုင်မြို့တစ်ခုလုံးတွင် ယာဉ်ထိန်းတာဝန်ရှိသူ တစ်ဦးသာရှိနေခြင်းသည်လည်း အားနည်းချက်တစ်ခုဖြစ်သည်ဟု မြို့ခံများက ထောက်ပြပြောဆိုကြသည်။

ဆိုင်ကယ်မောင်းနှင်သူကျောင်းသား၏ ဦးခေါင်းဝဲဘက် ဂျိုစောင်းတွင် နှစ်လက်မခန့် ပေါက်ပြဲ ဒဏ်ရာရနှင့် ၀ဲဘက်ခြေသန်းပွန်းပဲ့ ဒဏ်ရာများရရှိခဲ့ပြီး အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ၎င်းကို မော်တော်ယာဉ်(ပ) ၅/၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၇ /၃၀၄(က) ရဲအုပ်မှ အရေးယူထားကြောင်း သိရသည်။

သီဟအောင်
The Myanma Age

RangonNewsDaily:: September 26, 2013
ကချင်ပြည်နယ်၊ မိုးညှင်းမြို့အ.ထ.က(၂)မနက်ပိုင်း ကျောင်းဆင်းချိန်တွင်ဆယ်တန်းကျောင်းသား၏ဆိုင်ကယ်
မှ ဝင်တိုက်၍ လူသေဆုံး မှုတစ်ခု ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အထက(၂)တွင်ကျောင်းတွင် တက်နေသော ဒဿမတန်း ကျောင်းသားတစ်ဦးသည်HENSIM – 125 အမျိုးအစား အစိမ်းပုတ်ရောင်ဆိုင်ကယ်၊၄ယ/၅၂၉၈၄အမှတ်(၂) အောင်သပြေ စည်ပင်သာယာဈေး မြောက်ဘက်ရှိလမ်း
ပေါ်တွင်မောင်းနှင်လာစဉ် လမ်းဖြတ်ကူးလာသော ဒေါ်လှမြိုင် အသက်(၅၅)နှစ်အား ၀င်ရောက်တိုက်မိခဲ့ရာ
ဒေါ်လှမြိုင်ဦးခေါင်းဂျိုစောင်း နှစ်လက်မခန့် ပေါက်ပြဲဒဏ်ရာ၊ဦးခေါင်းနောက်စေ့ ကြေမွဒဏ်ရာများ ရရှိ၍ သေ
ဆုံးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

“ယရင်ခေတ်ကလို ယာဉ်ထိန်း မော်တော်ပီကယ်တွေ ပြန်ထားပြီး လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းတွေ ရှင်း
လင်း ဟောပြောပွဲတွေ ပြုလုပ်ပေးမှသာယာဉ်တိုက်မှုတွေ ကျဆင်းနိုင်မှာပါ။ အသင်မပြည့်တဲ့ သူတွေကို ဆိုင်
ကယ်တွေ မစီးစေချင်ဘူး။ 
 
လူကငယ်ငယ်တင်စီးတာက(၂)ယောက်၊အရှိန်ပြင်းပြင်းစီးတော့လူတိုက်မှုတွေ ဖြစ်ကုန်တယ်။ ကလေးတွေ
ဒုက္ခရောက်တာ လူကြီးမိဘတွေနဲ့ ဌာနဆိုင်ရာတွေမှာ တာဝန်ရှိတယ်”ဟု ကျောင်းသား မိဘတစ်ဦးက ပြော
သည်။မိုးညှင်းခရိုင်မြို့တစ်ခုလုံးတွင်ယာဉ်ထိန်းတာဝန်ရှိသူတစ်ဦးသာရှိနေခြင်းသည်လည်း အားနည်းချက်
တစ်ခုဖြစ်သည်ဟု မြို့ခံများက ထောက်ပြပြောဆိုကြသည်။

ဆိုင်ကယ်မောင်းနှင်သူကျောင်းသား၏ ဦးခေါင်းဝဲဘက် ဂျိုစောင်းတွင် နှစ်လက်မခန့် ပေါက်ပြဲ ဒဏ်ရာရနှင့် ၀ဲ
ဘက်ခြေသန်းပွန်းပဲ့ ဒဏ်ရာများရရှိခဲ့ပြီး အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ၎င်းကို မော်တော်ယာဉ်(ပ) ၅
/၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၇ /၃၀၄(က) ရဲအုပ်မှ အရေးယူထားကြောင်း သိရသည်။

သီဟအောင်
The Myanma Age , RangonNewsDaily
kolatt (Pabedan)

No comments:

Post a Comment