Pages

Pages - Menu

Wednesday, September 11, 2013

လားရှိုးမြို့တွင် ရေကြီးရေလျှံမှု ဖြစ်စဉ် ရေထဲကျသွားသော ဖိနပ်အား လိုက်ကောက်ရာ မှ ရေနှစ်သေဆုံး

Photo: ဖိနပ်လိုက်ကောက်ရာမှ ရေနှစ်သေဆုံး  
 Wednesday, September 11, 2013

လားရှိုးမြို့အေတီ(AT)ချောင်း ရေကြီးရေလျှံမှု စတင်ဖြစ်ပွားသည့် စက်တင်ဘာလ(၇)ရက်နေ့ည၌ ကုန်းညောင်ရွာ အနီးတွင် လူတစ်ဦးသည် ရေထဲကျသွားသော ဖိနပ်အား လိုက်ကောက်ရာ မှ မျောပါသွားခဲ့ပြီး စက်တင်ဘာလ ၁၀ရက်နေ့တွင် ၎င်း၏အလောင်း အား ပြန်လည်တွေ့ရှိကြောင်း ၎င်းရွာသားများက ပြောကြသည်။
ယင်းဖြစ်ရပ်အား မျက်မြင်တွေ့ရှိသူ ယာဉ်မောင်းတစ်ဦးက“ကျွန်တော်တို့ မူဆယ်က ပြန်လာတဲ့နေ့ လားရှိုးအ၀င် အေတီချောင်းအနားရောက်တော့ ကားသွားမရအောင် ရေတွေက အရမ်းများနေပြီ။

မြို့ရှောင်လမ်းက ပတ်သွားပြီး မောင်းလာခဲ့တာ ကုန်းညောင်ရွာရောက်တော့ ကားတွေအားလုံး ဆက်မောင်းမရအောင် ရေကအရမ်း တက်နေတယ်။ ကျွန်တော်တို့ခရီးသည်အားလုံး ချောင်းရေအကျကို ရပ်စောင့်နေတာ။ ဒီအချိန်မှာ ရေစပ်ဆင်းကြည့်နေတဲ့ ခရီးသည် တစ်ယောက်က သူ့ဖိနပ်မျှောသွားလို့ဆိုပြီး ရေထဲဆင်းလိုက် ကောက်နေတာ တွေ့လိုက်ရတယ်။ ဖိနပ်ကောက်နေတုန်း ချောင်းရေက ရုတ်တရက်ထပ်တက်လာတော့ အဲ့ဒီလူ ရေမျှောသွားတာကို မြင်လိုက်ရတယ်” ဟု ပြောသည်။

အဆိုပါ အလောင်းအား သွားရောက်ဆယ်ယူသည့် လူမှုကူညီရေးအသင်းမှ ကိုစိုးမင်းနိုင်က “ကျွန်တော်တို့ အသင်းကို သက်ဆိုင်ရာက လူသေလောင်း တစ်ခု သယ်ဖို့အကြောင်းကြားတာနဲ့ လိုက်သွားကြတာပါ။ ဟိုရောက်တော့ စက်တင်ဘာ(၇)ရက်နေ့ညက ဖိနပ်လိုက်ကောက်ရင်း မျှောပါသွားတဲ့သူမှန်း သိရတယ်။ မူဆယ်က သူ့မိသားစုဝင်တွေ လိုက်လာတာကို လည်း တွေ့ရတယ်” ဟု ပြောသည်။

၎င်းဖိနပ်ကောက်ရာမှ သေဆုံးသွားသူသည် မူဆယ်မြို့၊ ဆယ်တောင်ရပ် ကွက်မှ အသက်(၄၉)နှစ်အရွယ် ဦးစိုင်းအောင်တင် ဖြစ်ပြီး မူဆယ်မှ လားရှိုးသို့ ကိုယ်တိုင်ကားမောင်း ခရီးထွက်ခဲ့ရာမှ ရေနှစ်သေ ဆုံးခြင်း ဖြစ်ကြောင်း သက်ဆိုင်ရာမှ သိရသည်။

တင်ဦး၊စိုးမင်းနိုင်၊ထွန်းထွန်း
မြန်မာ့ခေတ်

RangonNewsDaily:: September 11, 2013

လားရှိုးမြို့အေတီ(AT)ချောင်း ရေကြီးရေလျှံမှု စတင်ဖြစ်ပွားသည့် စက်တင်ဘာလ(၇)ရက်နေ့ည၌ ကုန်းညောင်ရွာ အနီးတွင် လူတစ်ဦးသည် ရေထဲကျသွားသော ဖိနပ်အား လိုက်ကောက်ရာ မှ မျောပါသွားခဲ့ပြီး စက်တင်ဘာလ ၁၀ရက်နေ့တွင် ၎င်း၏အလောင်း အား ပြန်လည်တွေ့ရှိကြောင်း ၎င်းရွာသားများက ပြောကြသည်။ယင်းဖြစ်ရပ်အား မျက်မြင်တွေ့ရှိသူ ယာဉ်မောင်းတစ်ဦးက“ကျွန်တော်တို့ မူဆယ်က ပြန်လာတဲ့နေ့ လားရှိုးအ၀င် အေတီချောင်းအနားရောက်တော့ ကားသွားမရအောင် ရေတွေက အရမ်းများနေပြီ။

မြို့ရှောင်လမ်းက ပတ်သွားပြီး မောင်းလာခဲ့တာ ကုန်းညောင်ရွာရောက်တော့ ကားတွေအားလုံး ဆက်မောင်းမရအောင် ရေကအရမ်း တက်နေတယ်။ ကျွန်တော်တို့ခရီးသည်အားလုံး ချောင်းရေအကျကို ရပ်စောင့်နေတာ။ ဒီအချိန်မှာ ရေစပ်ဆင်းကြည့်နေတဲ့ ခရီးသည် တစ်ယောက်က သူ့ဖိနပ်မျှောသွားလို့ဆိုပြီး ရေထဲဆင်းလိုက် ကောက်နေတာ တွေ့လိုက်ရတယ်။ ဖိနပ်ကောက်နေတုန်း ချောင်းရေက ရုတ်တရက်ထပ်တက်လာတော့ အဲ့ဒီလူ ရေမျှောသွားတာကို မြင်လိုက်ရတယ်” ဟု ပြောသည်။

အဆိုပါ အလောင်းအား သွားရောက်ဆယ်ယူသည့် လူမှုကူညီရေးအသင်းမှ ကိုစိုးမင်းနိုင်က “ကျွန်တော်တို့ အသင်းကို သက်ဆိုင်ရာက လူသေလောင်း တစ်ခု သယ်ဖို့အကြောင်းကြားတာနဲ့ လိုက်သွားကြတာပါ။ ဟိုရောက်တော့ စက်တင်ဘာ(၇)ရက်နေ့ညက ဖိနပ်လိုက်ကောက်ရင်း မျှောပါသွားတဲ့သူမှန်း သိရတယ်။ မူဆယ်က သူ့မိသားစုဝင်တွေ လိုက်လာတာကို လည်း တွေ့ရတယ်” ဟု ပြောသည်။

၎င်းဖိနပ်ကောက်ရာမှ သေဆုံးသွားသူသည် မူဆယ်မြို့၊ ဆယ်တောင်ရပ် ကွက်မှ အသက်(၄၉)နှစ်အရွယ် ဦးစိုင်းအောင်တင် ဖြစ်ပြီး မူဆယ်မှ လားရှိုးသို့ ကိုယ်တိုင်ကားမောင်း ခရီးထွက်ခဲ့ရာမှ ရေနှစ်သေ ဆုံးခြင်း ဖြစ်ကြောင်း သက်ဆိုင်ရာမှ သိရသည်။

တင်ဦး၊စိုးမင်းနိုင်၊ထွန်းထွန်း
မြန်မာ့ခေတ် , RangonNewsDaily
kolatt (Pabedan)

No comments:

Post a Comment