Pages

Pages - Menu

Sunday, September 22, 2013

ဆင်းမ်ကတ်ခွဲတမ်းများမရောင်းဘဲချန်လှပ်ပါကသက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများအား အရေးယူမည်

RangonNewsDaily:: September 22, 2013

ရန် ကုန်တိုင်းဒေသကြီးအတွင်း ကျပ် ၁၅၀ဝတန်ဖုန်းကတ်များ ရောင်း ချရာတွင် ခွဲတမ်းအားလုံးကိုရောင်း ချခြင်းမပြုဘဲ ချန်လှပ်သောပြု မူဆောင်ရွက်မှုမျိုးရှိပါက သက် ဆိုင်ရာအုပ်ချုပ်ရေးမှူးအား အ ရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ခင်က ပြော ကြားလိုက်သည်။
စက်တင်ဘာ ၁၈ရက်က ကျင်းပသော ရန်ကုန်တိုင်းဒေသ ကြီး လွှတ်တော်ဆဋ္ဌမပုံမှန်အ စည်းအဝေး (ပဉ္စမနေ့)တွင် လွှတ် တော်ကိုယ်စားလှယ် ဦးစိုးဝင်း၏ မေးခွန်းဖြစ်သော ကျပ် ၁၅၀၀ တန် တယ်လီဖုန်းကတ်များ တစ် အိမ်ထောင်တစ်လုံးစီရရှိရေး ဆောင်ရွက်ရာတွင် ကျေးရွာအ ချို့၌ရရှိလာသော ခွဲတမ်းအားလုံး ကို အပြည့်အဝ မဲဖောက်ရောင်း ချခြင်းမရှိသည်ကို တွေ့ရှိရသဖြင့် ယခုဆောင်ရွက်မှုထက် သာလွန် ကောင်းမွန်သော စီမံခန့်ခွဲမှုဖြင့် ဆောင်ရွက်ရန် အစီအစဉ်ရှိမရှိ နှင့်ပတ်သက်၍ ပြန်လည်ဖြေ ကြားရာတွင် ယင်းသို့ပြောကြား ခဲ့ခြင်းဖြစ်သည်။
::
လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ခင်က ''အချို့ ကျေးရွာများမှာရရှိလာသော ခွဲ တမ်းအားလုံးကို မဲခွဲရောင်းချခြင်း မပြုဘဲ အနည်းငယ်ချန်လှပ်ပြီး မိမိသဘောဖြင့် ပြုမူဆောင်ရွက် မှုများရှိပါက မည်သည့်မြို့နယ်၊ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး စသည် တို့ကိုဖော်ပြ၍ တိုင်ကြားလာပါ က စစ်ဆေး၍ မှန်ကန်မှုရှိပါက အရေးယူဆောင်ရွက်သွားမယ်'' ဟု ဖြေကြားခဲ့သည်။
::
ဆက်လက်၍ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ လမ်း ညွှန်ချက်နှင့်အညီ ပြည်သူများ၊ ဝန်ထမ်းများအား ခွဲဝေရောင်းချ ရန်သတ်မှတ်ထားသော ဖုန်းကတ် များအား သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ပြ ဿနာတစ်စုံတစ်ရာမရှိစေရေး အတွက် ပွင့်လင်းမြင်သာစွာချ ထားပေးလျက်ရှိကြောင်း၊ ယခု လိုအချိန်အခါသည် ရရှိမှုနဲ့မျှတ မှုလိုအပ်သည့် အချိန်အခါဖြစ်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအ ဖွဲ့အနေဖြင့် တတ်နိုင်သမျှ အ ကောင်းဆုံးဖြစ်အောင် ကြိုးစား ဆောင်ရွက်လျက်ရှိပြီး သာလွန် ကောင်းမွန်သော စီမံခန့်ခွဲမှုစနစ် ဖြင့် စီမံဆောင်ရွက်ရန် အစီအ စဉ်ရှိကြောင်း ဖြေကြားခဲ့သည်။
::
ကျပ် ၁၅၀ဝတန် တယ်လီ ဖုန်းလိုင်းကတ်များ ရောင်းချရာ တွင် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် အုပ်ချုပ် ရေးမှူးများထံသို့ အကြောင်း ကြားထားသော်လည်း တချို့ရပ် ကွက်၊ကျေးရွာရှိ အုပ်ချုပ်ရေးမှူး များအား ဖုန်းခွဲတမ်းကိစ္စများနှင့် ပတ်သက်၍ တိုင်ကြားမှုများဖြစ် ပေါ်လာခဲ့သောကြောင့် ခရိုင်၊ မြို့နယ်များတွင် အလားတူဖြစ် စဉ်မျိုးမဖြစ်ပွားစေရေးအတွက် ကြီးကြပ်မှု အားနည်းသည်ဟုယူ ဆကာ အဆင့်ဆင့်အရေးယူမှု များ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆက်လက်ဖြေကြားခဲ့သည်။

Eleven Media ::-- , RangonNewsDaily
kolatt (Pabedan)


No comments:

Post a Comment