Pages

Pages - Menu

Monday, August 19, 2013

နာမည်ကျော် တေးသံရှင်ဆယ့်နှစ်ဦးဖြင့် SEA Games လှုံ့ဆော်ရေး သီချင်းရိုက်ကူးမည်

RangonNewsDaily:: Aug 19, 2013

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ လှုံ့ဆော်ရေးသီချင်း တစ်ပုဒ်ဖြစ်သော ‘အရှေ့တောင်အာရှ သူရဲကောင်းများ’ သီချင်းကို နာမည်ကျော် တေးသံရှင် ဆယ့်နှစ်ဦးဖြင့် ဒါရိုက်တာအောင်မြတ်က ရိုက်ကူးသွားမည် ဖြစ်ကြောင်း ယင်းသီချင်း ရိုက်ကူးရေးကို တာဝန်ယူ စီစဉ်ပေးသည့် ADMA MEDIA မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးဝေမင်းမောင်က The Voice သို့ ပြောကြားသည်။

ယင်းတေးသီချင်းတွင် သရုပ်ဆောင်များအဖြစ် တေးသံရှင် ဘန်နီဖြိုး၊ ဂျောက်ဂျက်၊ ကျော်ထွဋ်ဆွေ၊ လွှမ်းပိုင်၊ နိုင်းဝမ်း၊ ရဲရင့်အောင်၊ သားသား၊ စန္ဒီမြင့်လွင်၊ အိမ့်ချစ်၊ မိစန္ဒီ၊ နန်းသူဇာနှင့် Bobby Soxer တို့ ပါဝင်မည် ဖြစ်ကြောင်း၊ တေးသီချင်းအတွက် သီချင်းစာသားကို တေးသံရှင်များ ကိုယ်တိုင်ရေးသားထားကြောင်း ၎င်းကဆိုသည်။

“ဆီးဂိမ်းလှုံ့ဆော်ရေးသီချင်း တော်တော်များများက မြန်မာတွေရဲ့ ကြိုးစားအားထုတ်မှုတွေကို ရေးဖွဲ့ထားတာများတယ်။ ဒီသီချင်းကတော့ အရှေ့တောင်အာရှ နိုင်ငံတွေ အားလုံးကို ကိုယ်စားပြုပြီး ရေးဖွဲ့ထားတာပါ။ သီချင်းရဲ့ အဓိပ္ပာယ်ကတော့ အနောက်တိုင်းသားတွေနဲ့အပြိုင် အာရှ သားတွေကလည်း ကြိုးစားနေကြပါတယ်ဆိုတဲ့ ပုံစံမျိုးလေးပါ။ ဒီသီချင်းကို ရန်ကုန်မြို့က အထင်ကရဖြစ်တဲ့ နေရာတွေအပြင် ချောင်းသာမှာလည်း ရိုက်မယ်။ သရုပ်ဆောင်တွေက R & B နဲ့ Hip Hop တေးသံရှင်တွေ ဖြစ်တဲ့ အတွက် သူတို့ရဲ့ music ပုံစံမပျောက်အောင်တော့ ရိုက်ကူး သွားမှာပါ” ဟု ဒါရိုက်တာ အောင်မြတ်က ပြောပြသည်။

တေးရေးလင်းထက် ရေးသားပြီး တေးသံရှင် ထူးအယ်လင်းနှင့် ဆုန်သင်းပါရ်တို့ သီဆိုထားသော ရောင်စုံဥယျာဉ် အမည်ရှိ ဆီးဂိမ်းလှုံ့ဆော်ရေးသီချင်းကို ယခုအခါ ရုပ်သံလိုင်းများတွင် မကြာခဏ ထုတ်လွှင့်လျက် ရှိသည်။

The Voice Weekly , RangonNewsDaily
kolatt (Pabedan): 19.8.2013

No comments:

Post a Comment