RangonNewsDaily:: Aug 2, 2013
(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော် ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံးမှ သဘင် ပညာရှင် ၁၅၀ ဦးက အပျိုတော်ယိမ်း ကပြမည် ဖြစ်ကြောင်း အဆိုပါ အစည်းအရုံးထံမှ သိရသည်။ အပျိုတော်ယိမ်း ကပြမှုတွင် ရန်ကုန်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ တနင်္သာရီ၊ စစ်ကိုင်း၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် မွန်ပြည်နယ်တို့ရှိ သဘင် ပညာရှင် ၁၅၀ ဦး ပါဝင်မည် ဖြစ်ကြောင်း အဆိုပါ အစည်းအရုံး ပြန်ကြားရေးမှူး ဦးဝင်းကြိုင်က ပြောကြားသည်။
“SEA Games ဖွင့်ပွဲနဲ့ ပိတ်ပွဲမှာ အပျိုတော်ယိမ်း ကဖို့ တာဝန်ပေးခံရတယ်။ မန္တလေးတိုင်းနဲ့ မကွေးတိုင်းက ပေါင်းပြီးတော့ လေ့ကျင့်ရမယ်။ လူဦးရေ ၄၀ လောက်တော့ ရှိမယ်။ စုစုပေါင်း အရေ အတွက်ကတော့ ၁၅၀ ပါ” ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး၏ ဦးဆောင်မှုဖြင့် သဘင်ပညာရှင်များ စုပေါင်းကာ SEA Games အားကစားပွဲတော် လှုံ့ဆော်ရေး သီချင်းများ ရိုက်ကူးခြင်းနှင့် စုပေါင်း ပဒေသာကပွဲ တို့ကို လည်း ပြုလုပ်ခဲ့ကြောင်း အဆိုပါ အစည်းအရုံးထံမှ ထပ်မံ သိရသည်။
The Voice Weekly , RangonNewsDaily
kolatt (Pabedan): 2.8.2013

No comments:
Post a Comment