Pages

Pages - Menu

Sunday, August 4, 2013

လုပ်အားပေးခိုင်းစေသည့် ကျေးရွာအုပ်ချုပ်ရေးမှူးကို တရားစွဲမည်

RangonNewsDaily:: Aug 4, 2013

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွင် ဒေသခံရွာသားများကို လုပ်အားပေး စေခိုင်းသည်ဟုဆိုကာ လမ်းခွကျေးရွာ အုပ်ချုပ်ရေးမှူးကို တရားရုံးသို့ ဦးတိုက်လျှောက်ထား တရားစွဲဆိုသွားမည် ဖြစ်ကြောင်း လမ်းခွကျေးရွာအုပ်စု အရှေ့ရွာသစ်ကျေးရွာမှ တိုင်ကြားသူ ဦးစိုးဝင်းက The Voice သို့ ပြောကြားသည်။ “ကျွန်တော်တို့ ရွာသားတွေကို ဇူလိုင်လ ၂၉ ရက်နေ့က အုပ်ချုပ်ရေးမှူးရုံး အုတ်တံတိုင်းခတ်ဖို့ လိုင်းကျင်း တူးခိုင်းတာ ဖြစ်ပါတယ်။ ခိုင်းတုန်းက လုပ်အားပေးလို့ ပြောတယ်။ ရွာသားတချို့ရဲ့ မကျေနပ်သံကြားမှ လုပ်အားခ ပြန်ပေးပါတယ်။ ဒီလိုအတင်းအဓမ္မ လုပ်အားပေး စေခိုင်းမှုနဲ့ ပတ်သက်ပြီး တရားရုံးမှာ ဦးတိုက်လျှောက်ထား အမှုဖွင့်ပါ့မယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ အုတ်တံတိုင်းခတ် မြေကျင်းတူးရန်အတွက် လုပ်အားပေး စေခိုင်းခြင်း မဟုတ်ကြောင်းနှင့် အကူအညီ တောင်းခံကာ ဆောင်ရွက်စေခြင်း သာ ဖြစ်ကြောင်း မြစ်သားမြို့နယ် လမ်းခွကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်ဝင်းက The Voice ၏ ဆက်သွယ်မေးမြန်းခြင်းကို ပြန်လည် ဖြေကြားသည်။

ယင်းအုပ်ချုပ်ရေးမှူးရုံးသည် ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမဘေးတွင် တည်ရှိပြီး အရှည် ၁၃၀ ပေရှိသော ရုံး၏အရှေ့ဘက်ခြမ်းကို အုတ်၊ ထုံး၊ သဲ အလှူရှင်များ၏ အလှူငွေဖြင့် အုတ်ခုံခံသံဆန်ခါ ခြံစည်းရိုးခတ်ခြင်း ဖြစ်ကြောင်း ဦးကျော်နိုင်ဝင်းက ဆက်လက်ပြောကြားသည်။

မူလပထမက လုပ်အားပေး စေခိုင်းခြင်းဖြစ်ပြီး တိုင်ကြားမည်ဟု ပြောဆိုသံများ ထွက်ပေါ်လာခြင်းကြောင့် သုံးရက်ခန့်အကြာမှ လုပ်အားခငွေအဖြစ် ၁၅၀၀ ကျပ်ပေးခြင်း ဖြစ်ကြောင်း၊ ဇူလိုင်လ ၂၉ ရက်နေ့က လုပ်အားပေး စေခိုင်းခြင်း ခံရသူ ၂၀ ဦးရှိပြီး လုပ်အားပေး မလိုက်သူလေးဦးတို့ကို ဒဏ်ငွေ ၁၀၀၀ ကျပ်စီ ရိုက်ခဲ့ကြောင်း အရှေ့ရွာသစ်ကျေးရွာ ဒေသခံတစ်ဦးက ထပ်မံပြောကြားသည်။
The Voice ,  RangonNewsDaily
kolatt (Pabedan): 4.8.2013

No comments:

Post a Comment