Pages

Pages - Menu

Friday, August 9, 2013

မိတ္ထီလာ မူးယစ်ဆေးကျော်စောသူများကို ဖမ်းဆီး

RangonNewsDaily:: Aug 9, 2013

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တွင် မူးယစ်ဆေး ရောင်းဝယ်သုံး စွဲမှုဖြင့် ကျော်စောသတင်း ထွက်ရှိနေသူများကို သြဂုတ်လ ၅ ရက်နေ့က လိုက်လံ ဖမ်းဆီးလျက် ရှိကြောင်း မိတ္ထီလာမြို့နယ် အတွင်းရှိ နယ်မြေပိုင် ရဲစခန်းများနှင့် သက်သေအဖြစ် ပါဝင်ခဲ့သော ရပ်ကွက်နယ်မြေမှူး များက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး တောင်ပိုင်း မူးယစ်အထူးအဖွဲ့မှ ဒုရဲအုပ်ချန် ထွန်းနှင့် အဖွဲ့သည် ပြီးခဲ့သည့် သြဂုတ်လ ၅ ရက်နေ့က မိတ္ထီလာမြို့ ဈေး အရှေ့ပြင် ဘူတာလမ်းရှိ Crown အပ်ချုပ်ဆိုင်သို့ သတင်းအရ ဝင်ရောက် ၍ သားသား (ခ) ငြိမ်းချမ်းကို ရှာဖွေခဲ့ကြောင်း သက်သေအဖြစ် လိုက်ပါဆောင် ရွက်ခဲ့သော မိတ္ထီလာမြို့ ဈေးအရှေ့ ပြင်ရပ်ကွက် ရာအိမ်မှူးဦးစိုးမြင့်က ပြောကြားသည်။

အဆိုပါ သားသား (ခ) ငြိမ်းချမ်းကို ရှာဖွေရာတွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ပစ္စည်းများကို မတွေ့ခဲ့ရသော်လည်း ၎င်းကိုယ်တိုင် မူးယစ်ဆေးဝါး သုံးစွဲကြောင်း ဝန်ခံသဖြင့် မိတ္ထီလာမြို့ မြို့မရဲစခန်းတွင် မယ(ပ)၄/၂၀၁၃ ပုဒ်မ ၁၅ အရ ဖမ်းဆီး အရေးယူထားကြောင်း အဆိုပါ ရဲစခန်းထံမှ သိရသည်။

“မူးယစ်ဆေးသုံးစွဲတယ်လို့ ကျော်စောသူတွေ၊ ရောင်းဝယ်သုံးစွဲသူတွေကို သတင်းပေး တိုင်ကြားသူတွေက အထောက်အထား အခိုင်အမာတွေနဲ့ကို တိုင်ထားတာဖြစ်တယ်” ဟု အဆိုပါ မူးယစ်ဆေးဝါး ရောင်းဝယ်သုံး စွဲမှုများကို ကွင်းဆင်း ဖမ်းဆီးရာတွင် သက်သေအဖြစ် လိုက်ပါဆောင် ရွက်ခဲ့သော မိတ္ထီလာမြို့ မြို့မ (၄) ရပ်ကွက်၏ ရာအိမ်မှူး ဦးဝဏ္ဏလင်း က ပြောကြားသည်။

အဆိုပါ မူးယစ်အထူးအဖွဲ့သည် သတင်းအရ မိတ္ထီလာမြို့ မြို့မ (၄) ရပ်ကွက် စာတိုက်လမ်းနေ မင်းသီဟ (၂၅) နှစ်၏ နေအိမ်ကို ရှာဖွေရာ မူးယစ်ဆေးဝါးနှင့် ပတ်သက်သောပစ္စည်း မတွေ့ရသော်လည်း ၎င်းကိုယ်တိုင်က မူးယစ်ဆေးဝါး သုံးစွဲကြောင်း ဝန်ခံခဲ့၍ မိတ္ထီလာမြို့ မြို့မ ရဲစခန်းတွင် မယ (ပ) ၄/၂၀၁၃ ပုဒ်မ ၁၅ အရ ဖမ်းဆီးအရေး ယူထားကြောင်း မြို့မရဲစခန်းထံမှ သိရသည်။

ဆက်လက်၍ မန္တလေးတောင်ပိုင်း မူးယစ်အထူးအဖွဲ့သည် အဆိုပါ သြဂုတ်လ ၅ ရက်နေ့တွင် မိတ္ထီလာမြို့ ပြည်သာယာတောင်ပိုင်း ၁x၂ လမ်းကြားရှိ မအေးကြည်ဖြိုး ၂၁ နှစ်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ မီးဖိုချောင်အတွင်းမှ ၈၈ စာတန်းပါ နီညိုရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၉၄ ပြားကို ရှာဖွေတွေ့ရှိခဲ့၍ ၎င်းကိုစစ်ဆေးရာ တရုတ်နိုင်ငံ ကြယ်ဂေါင်မြို့ရှိ အစိုင်း (ခ) ငစိုင်းထံမှ စိတ်ကြွဆေးပြား တစ်ပြားလျှင် ကျပ်နှစ်ထောင်ဖြင့် ဝယ်ယူခဲ့ကြောင်း အစစ်ခံခဲ့ခြင်းကြောင့် မိတ္ထီလာမြို့ အမှတ် (၂) ရဲစခန်းတွင် မအေးကြည်ဖြိုးနှင့် အစိုင်း (ခ) ငစိုင်းတို့ကို မယ (ပ)/၂၀၁၃ မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း အဆိုပါ ရဲစခန်းထံမှ သိရသည်။

The Voice Weekly , RangonNewsDaily
kolatt (Pabedan): 9.8.2013

No comments:

Post a Comment