နန်းခင်ဇေယျာပုံတူ ရေးဆွဲ၊ ထုလုပ်ပွဲ မေရီချက်ပ်မင်းတွင်ကျင်းပမည်
RangonNewsDaily:: Aug 28, 2013
မော်ဒယ်နန်းခင်ဇေယျာ၏ ပုံတူ လက်တွေ့ရေးဆွဲ၊ ထုလုပ်ပွဲကို
စက်တင်ဘာလဆန်းတွင် မေရီချက်ပ်မင်း (နားမကြားသော ကလေးများကျောင်း) တွင်
ကျင်းပမည်ဖြစ်ကြောင်း ပန်းပုကျော်ကျော်မင်းက မဇ္ဈိမသို့ ပြောကြား လိုက်သည်။
“အဓိက,ကတော့ နားမကြားတဲ့ကလေးတွေကို ပန်းပုပညာသင်ပေးချင် တယ်။
သူတို့နားမကြားပေမယ့် အမြင်အာရုံ က စူးရှတယ်။ မျက်စိမမြင်တဲ့လူက
ကိုယ်အင်္ဂါချို့ယွင်းသူဖြစ်ပေမယ့်
နားမကြားတဲ့လူကတော့ ပတ်ဝန်းကျင်နဲ့ အဆက်အသွယ် ပြတ်သွားတယ်လေ။
အဲဒီမှာ
ကျွန်တော်ပြချင်တာက သူတို့က နားမကြား ပေမယ့် အမြင်အာရုံနဲ့
အလုပ်လုပ်နိုင်စွမ်းရှိတယ်ဆိုတာကို
ပြချင်တာပါ။ နောက်ပြီး နန်းခင်ဇေယျာကို ရွေးတယ်ဆိုတာကလည်း သူက
သရုပ်ဆောင်လည်း ဖြစ်တယ်။ နောက်ပြီး တိုင်းရင်းသား ပုံစံလည်းပေါက်တော့
သူ့ကိုအကူအညီတောင်းလိုက်တာပါ။ စက်တင်ဘာ ၉ ရက်မှာ လုပ်ဖို့များပါတယ်”ဟု
ပြောသည်။
နန်းခင်ဇေယျာက “ကျွန်မက ကလေးတွေအားလုံးကို
ပျော်ရွှင်စေချင်တယ်။ ကိုယ်ပိုင်ဉဏ်လည်း ဖွံ့ဖြိုး စေချင်တယ်။ နောက်ပြီး
ကလေးတွေလည်း ကျွန်မပုံတူကို ၀ိုင်းပြီးတော့ ပန်းပုထုမှာဆိုတော့ သူတို့လေး
တွေကို ပျော်မှာပါ” ဟု ပြောသည်။
Mizzima - News , RangonNewsDaily
kolatt (Pabedan): 28.8.2013
No comments:
Post a Comment