Pages

Pages - Menu

Tuesday, August 27, 2013

မန္တလေးတိုင်းဒေသကြီးတွင် နာရေးပို့ပြီး အပြန် ယာဉ် တိမ်းမှောက်ရာမှ တစ်ဦး သေ၊ ၁၃ ဦး ဒဏ်ရာရ

RangonNewsDaily:: Aug 27, 2013

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ဖျောက်ဆိတ်ကုန်း ကျေးရွာအနီးစွယ်တော်ဘုရားအမှတ်(၂ယန္တရား

 တပ်ရင်းနားတွင် သြဂုတ်လ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီ အချိန်ခန့်က တောင်အင်း မြောက်အင်း သုသာန်သို့ နာရေး ပို့ဆောင်ပြီး အပြန်တွင် နာရေး ပို့ဆောင်သည့် မော်တော်ယာဉ် တိမ်းမှောက်၍ လူတစ်ဦး သေဆုံး
ကာ ၁၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း မန္တလေး ပြည်သူ့ ဆေးရုံကြီးမှ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြော
ကြားသည်။
ယင်းမော်တော်ယာဉ်သည် နာရေးပို့ပြီး အပြန်တွင် ကားစတီယာရင် ခါယမ်းသွားပြီး လမ်းဘေးရှိ စာသင်
ကျောင်းတစ်ကျောင်းထဲသို့ထိုးဝင်သွားကာ ယာဉ် တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ တိမ်းမှောက်သည့် ယာဉ် မောင်းနှင်သူက ပြောဆိုသည်။

“စတီယာရင်က ခါပြီး ယမ်းသွားတယ်။ ဘရိတ် အုပ်လိုက်လို့ သက်သာသွား တာ။ ကားက လိုက်ထရပ် ကား

ပါ” ဟု ၎င်းက ဆိုသည်။

အဆိုပါ ယာဉ် တိမ်းမှောက်မှုကြောင့် ဒဏ်ရာရသူ ၁၁ ဦးမှာ မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက် ကုသလျက် ရှိပြီး နှစ်ဦးမှာ အရေးပေါ် ဌာနတွင် ဆက်လက် ကုသမှု ခံယူနေဆဲ ဖြစ်ကြောင်း ယင်းဆေးရုံမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“နာရေးပို့ပြီး အပြန်မှာ မှောက်တာပါ။ လောလောဆယ်တော့ ခေါင်းတွေ အရမ်း မူးနေတယ်။ တစ်ယောက်

 သေသွားတယ်လို့ သိရတယ်” ဟု အဆိုပါ နာရေး လိုက်လံ ပို့ဆောင်သူ တစ်ဦး၏ လူနာရှင်က ပြောကြား
သည်။

The Voice, RangonNewsDaily
kolatt (Pabedan): 27.8.2013

No comments:

Post a Comment