Pages

Pages - Menu

Sunday, August 11, 2013

ပြည်သူ့ခေတ်ကြီးရောက်ပြီဆိုတဲ့ အချိန်အထိ လူ့လောကမှာ နေချင်ခဲ့တဲ့ဆရာဆန္ဒတွေမပြည့်ဝ ခဲ့ပါ

ပြည်သူ့ခေတ်ကြီးရောက်ပြီဆိုတဲ့ အချိန်အထိ လူ့လောကမှာ နေချင်ခဲ့တဲ့ဆရာဆန္ဒတွေမပြည့်ဝ
ခဲ့ပါ

Kolatt(PBDN) :: Aug 10, 2013

ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ငါးဆယ်ကနဲ့စာရင် အခုအချိန်မှာ ဒီမိုကရေစီဘက်တော်သားတွေ ကြုံတွေ့ရဖွယ်ရှိတဲ့ အဲဒီ အဟန့်အတားတွေဟာ မဖြစ်စလောက်ပါလို့ ဘယ်လိုမှမဆိုနိုင်သေးသည့်တိုင်အောင် အပုံကြီးလျော့နည်းသွားခဲ့ပြီလို့တော့ ဆိုနိုင်မှာ ဖြစ်တယ်ဗျ။

 ပြောရရင် ပြီးခဲ့တဲ့ နှစ်ငါးဆယ်လုံးလုံး ကျွန်တော်တို့ ဒီမိုကရေစီဘက်တော်သားတွေဟာ မိမိတို့ ယုံကြည်ချက်အတွက် ဘဝတွေ၊ အသက်တွေအထိ ပေးဆပ်ရနိုင်တယ်ဆိုတဲ့အတွေးက ကျွန်တော်တို့ စိတ်တွေကို အမြဲလွှမ်းမိုးနေခဲ့တာ ဖြစ်တယ်ဗျာ။ 

ညကြီးသန်းခေါင် ကိုယ့်အိမ်နား ဆိုင်ကယ်/ကား ရပ်သံကြားရင် အိပ်ရာက ဖျတ်ခနဲထပြီး အသင့်ပြင်ဆင်ထားတဲ့အထုပ်ကို လက်က အလိုလိုဆွဲမိလျက်သား ဖြစ်နေခဲ့ကြတာဖြစ်တယ်ဗျာ။ 

ဘယ်ဌာနက ဘယ်သူတွေမှန်းမသိတဲ့လူတွေရဲ့ ခေါ်သွားတာခံရပြီဆိုရင်လည်း ကျန်ရစ်တဲ့ မိသားစုဝင်တွေဟာ ငါတို့အဖေ၊ အစ်ကို၊ ခင်ပွန်းကို ဘယ်တော့မှ ပြန်တွေ့ရမှာလဲ၊ ပြန်ရော တွေ့မှတွေ့ရပါဦးတော့မလားဆိုတဲ့ ပူပန်သောကတွေ တစ်ပွေ့တစ်ပိုက်နဲ့ ကျန်ရစ်ခဲ့ကြရတာ ဖြစ်တယ်ဗျ။

အခုတော့ အားလုံးသိကြတဲ့အတိုင်း အခြေအနေတွေဟာ မျက်လှည့်ပြလိုက်သလိုလို့ တင်စားရလောက်အောင် ပြောင်းလဲသွားခဲ့ပြီ ဖြစ်တယ်ဗျာ။ နိုင်ငံရေးဟာ မဝင်ကောင်းတဲ့ နယ်မြေဖြစ်တယ်ဆိုတဲ့ အယူအဆဟာ ကျွန်တော်တို့ ပြည်သူများအကြား အတော်အတန် အားပျော့မှေးမှိန်စပြုလာနေပြီ ဖြစ်တယ်ဗျာ။

 နိုင်ငံတစ်လွှားမှာ နိုင်ငံရေးလှုပ်ရှားမှုတွေဟာ တစ်နေ့တခြား အားကောင်းမောင်းသန် ဖြစ်လာနေပြီ ဖြစ်တယ်ဗျာ။

ဒီအချိန်မှာ မြန်မာပြည်သူတိုင်း (ပြည်သူတိုင်း) ဟာ မိမိတို့ စိတ်သန်ရာ နိုင်ငံရေးလှုပ်ရှားမှုများမှာ ပျော်ပျော်ရွှင်ရွှင်၊ ထက်ထက်သန်သန်၊ တက်တက်ကြွကြွ ပါဝင်ဆင်နွှဲကြရမယ့်အချိန် ဖြစ်တယ်ဗျ။

 နိုင်ငံရေးပါတီဝင်လိုသူများက ပါတီတွေ ဝင်ကြ၊ ပွင့်လင်းလူ့အဖွဲ့အစည်း ပေါ်ပေါက်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လူသားချင်း စာနာရေး စတဲ့ လူသားအကျိုးပြုလုပ်ငန်းလုပ်ဖို့ စိတ်ဝင်စားသူတွေ ကိုယ် ပါဝင်လိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြ၊ ကျောင်းသားတွေ၊ အလုပ်သမားတွေ၊ လယ်သမားတွေလည်း သက်ဆိုင်ရာ အသင်းအပင်း အစည်းအရုံးတွေ ဖွဲ့စည်းထူထောင် ပါဝင် လှုပ်ရှားကြ။

အဲသလို ပြည်သူအားလုံး မြိုင်မြိုင်ဆိုင်ဆိုင် သိုင်းသိုင်းဝိုင်းဝိုင်း ပါဝင်ဆင်နွှဲလှုပ်ရှား ကြရမယ့်အချိန် ဖြစ်တယ်ဗျ။ အဲသလိုလုပ်ကြဖို့ လိုအပ်တဲ့အကြောင်းရင်းကတော့ နိုင်ငံရေးမှာ ပြည်သူတွေ ပိုပြီးများများပါဝင်လေ ပြည်သူ့ခေတ်သို့ ပိုပြီးမြန်မြန် ရောက်လေဖြစ်မှာကြောင့် ဖြစ်တယ်ဗျာ။

 ပြည်သူ့ခေတ်ကြီးရောက်ပါပြီလို့ ပြောနိုင်တဲ့အချိန်အထိတော့ ကျွန်တော် လူ့ဘဝမှာ နေချင်ပါသေးတယ်ဗျ။

၂၁၊ ၁၀၊ ၂၀၁၂
maungwuntha@gmail.com

Helen Ayekyaw

RangonNewsDaily:: Aug 10, 2013
ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ငါးဆယ်ကနဲ့စာရင် အခုအချိန်မှာ ဒီမိုကရေစီဘက်တော်သားတွေ ကြုံတွေ့ရဖွယ်ရှိတဲ့ အဲဒီ အဟန့်အတားတွေဟာ မဖြစ်စလောက်ပါလို့ ဘယ်လိုမှမဆိုနိုင်သေးသည့်တိုင်အောင် အပုံကြီးလျော့နည်းသွားခဲ့ပြီလို့တော့ ဆိုနိုင်မှာ ဖြစ်တယ်ဗျ။ ပြောရရင် ပြီးခဲ့တဲ့ နှစ်ငါးဆယ်လုံးလုံး ကျွန်တော်တို့ ဒီမိုကရေစီဘက်တော်သားတွေဟာ မိမိတို့ ယုံကြည်ချက်အတွက် ဘဝတွေ၊ အသက်တွေအထိ ပေးဆပ်ရနိုင်တယ်ဆိုတဲ့အတွေးက ကျွန်တော်တို့ စိတ်တွေကို အမြဲလွှမ်းမိုးနေခဲ့တာ ဖြစ်တယ်ဗျာ။

ညကြီးသန်းခေါင် ကိုယ့်အိမ်နား ဆိုင်ကယ်/ကား ရပ်သံကြားရင် အိပ်ရာက ဖျတ်ခနဲထပြီး အသင့်ပြင်ဆင်ထားတဲ့အထုပ်ကို လက်က အလိုလိုဆွဲမိလျက်သား ဖြစ်နေခဲ့ကြတာဖြစ်တယ်ဗျာ။

ဘယ်ဌာနက ဘယ်သူတွေမှန်းမသိတဲ့လူတွေရဲ့ ခေါ်သွားတာခံရပြီဆိုရင်လည်း ကျန်ရစ်တဲ့ မိသားစုဝင်တွေဟာ ငါတို့အဖေ၊ အစ်ကို၊ ခင်ပွန်းကို ဘယ်တော့မှ ပြန်တွေ့ရမှာလဲ၊ ပြန်ရော တွေ့မှတွေ့ရပါဦးတော့မလားဆိုတဲ့ ပူပန်သောကတွေ တစ်ပွေ့တစ်ပိုက်နဲ့ ကျန်ရစ်ခဲ့ကြရတာ ဖြစ်တယ်ဗျ။

အခုတော့ အားလုံးသိကြတဲ့အတိုင်း အခြေအနေတွေဟာ မျက်လှည့်ပြလိုက်သလိုလို့ တင်စားရလောက်အောင် ပြောင်းလဲသွားခဲ့ပြီ ဖြစ်တယ်ဗျာ။ နိုင်ငံရေးဟာ မဝင်ကောင်းတဲ့ နယ်မြေဖြစ်တယ်ဆိုတဲ့ အယူအဆဟာ ကျွန်တော်တို့ ပြည်သူများအကြား အတော်အတန် အားပျော့မှေးမှိန်စပြုလာနေပြီ ဖြစ်တယ်ဗျာ။

နိုင်ငံတစ်လွှားမှာ နိုင်ငံရေးလှုပ်ရှားမှုတွေဟာ တစ်နေ့တခြား အားကောင်းမောင်းသန် ဖြစ်လာနေပြီ ဖြစ်တယ်ဗျာ။

ဒီအချိန်မှာ မြန်မာပြည်သူတိုင်း (ပြည်သူတိုင်း) ဟာ မိမိတို့ စိတ်သန်ရာ နိုင်ငံရေးလှုပ်ရှားမှုများမှာ ပျော်ပျော်ရွှင်ရွှင်၊ ထက်ထက်သန်သန်၊ တက်တက်ကြွကြွ ပါဝင်ဆင်နွှဲကြရမယ့်အချိန် ဖြစ်တယ်ဗျ။

နိုင်ငံရေးပါတီဝင်လိုသူများက ပါတီတွေ ဝင်ကြ၊ ပွင့်လင်းလူ့အဖွဲ့အစည်း ပေါ်ပေါက်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လူသားချင်း စာနာရေး စတဲ့ လူသားအကျိုးပြုလုပ်ငန်းလုပ်ဖို့ စိတ်ဝင်စားသူတွေ ကိုယ် ပါဝင်လိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြ၊ ကျောင်းသားတွေ၊ အလုပ်သမားတွေ၊ လယ်သမားတွေလည်း သက်ဆိုင်ရာ အသင်းအပင်း အစည်းအရုံးတွေ ဖွဲ့စည်းထူထောင် ပါဝင် လှုပ်ရှားကြ။

အဲသလို ပြည်သူအားလုံး မြိုင်မြိုင်ဆိုင်ဆိုင် သိုင်းသိုင်းဝိုင်းဝိုင်း ပါဝင်ဆင်နွှဲလှုပ်ရှား ကြရမယ့်အချိန် ဖြစ်တယ်ဗျ။ အဲသလိုလုပ်ကြဖို့ လိုအပ်တဲ့အကြောင်းရင်းကတော့ နိုင်ငံရေးမှာ ပြည်သူတွေ ပိုပြီးများများပါဝင်လေ ပြည်သူ့ခေတ်သို့ ပိုပြီးမြန်မြန် ရောက်လေဖြစ်မှာကြောင့် ဖြစ်တယ်ဗျာ။

ပြည်သူ့ခေတ်ကြီးရောက်ပါပြီလို့ ပြောနိုင်တဲ့အချိန်အထိတော့ ကျွန်တော် လူ့ဘဝမှာ နေချင်ပါသေးတယ်ဗျ။

၂၁၊ ၁၀၊ ၂၀၁၂
maungwuntha@gmail.com
RangonNewsDaily
kolatt (Pabedan): 10.8.2013

No comments:

Post a Comment