Pages

Pages - Menu

Friday, August 2, 2013

သေမင်းတမန် တောင်တွင် ထူးဆန်းသောရောဂါကြောင့် လူ ၃၀၀ ခန့် သေဆုံး


သေမင်းတမန်တောင်အား အဝေးမှ တွေ့ရစဉ်။ ဓာတ်ပုံ - ရဲနောင်(ဖယ်ခုံ/ရန်ကုန်တိုင်းမ်) RangonNewsDaily:: Aug 2, 2013

မန္တလေး တိုင်းဒေသကြီး သပိတ်ကျင်းမြို့ နယ်တွင်ရှိသော သေမင်းတမန် တောင် မီးလန်းသတ္တုတူးဖော်ရေး လုပ်ငန်းခွင်တွင် လုပ်ကိုင်နေသော လုပ်သားများအနက် လုပ်သား ၃ဝဝသည် ပုံစံတူရောဂါတစ်မျိုး ဖြင့် သေဆုံး ခဲ့ကြောင်း အသက် ဆုံးရှုံးခဲ့သည့် အလုပ်သမားမိသား စုများက ရန်ကုန်တိုင်းမ်နေ့စဉ် သတင်းစာသို့ ထုတ်ဖော်ပြောကြား လိုက်သည်။

ပြင်ဦးလွင်ခရိုင် သပိတ်ကျင်း မြို့နယ် ချောင်းကြီးကျေးရွာရှိ ဒေသအခေါ် 'မီးလန်း'ဆိုသည့် ရွှေသတ္တုတူးဖော်ရေးလုပ်ငန်းခွင် တွင် ဝင်ရောက်လုပ်ကိုင်သည့် ချောင်းကြီးကျေးရွာမှ အလုပ်သမား များတွင် အဆုတ်ကင်ဆာကဲ့သို့ အသက်ရှူ လမ်း ကြောင်း ဆိုင်ရာ ရောဂါတစ်မျိုးကြောင့် ယင်းသတ္တု မိုင်းတွင်းစတင်သည့် ၁၉၉၅ခုနှစ် မှ ယနေ့အချိန်အထိ အလုပ်သမား ပေါင်း၃ဝဝခန့်သည် ပုံစံတူရောဂါ တစ်မျိုးတည်းဖြင့် သေဆုံးခဲ့ရ ကြောင်း ချောင်းကြီးကျေးရွာ ဒေသခံတို့၏ ပြောကြား မှုများ အရ သိရသည်။

''သားသုံးဦးစလုံး ဒီလုပ်ငန်း ခွင်မှာ ဝင်လုပ်ကိုင်ခဲ့ကြတယ်။ ငွေလဲ ရခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ ဖြစ်လာတဲ့ရောဂါကို အဲဒီငွေတွေ နဲ့ ပြန်ကုတာတောင် မရတော့ ဘူး။ သားတွေကို ဒီလုပ်ငန်းမှာ လုပ်ကိုင်စေခဲ့တာက အဒေါ့်ကို အခုလို အထီး ကျန် ဆန်စေခဲ့ တယ်'' ဟု တီဘီကဲ့သို့ လက္ခဏာတူညီ သည့်ရောဂါဖြင့် သားသုံးဦးစလုံး ရောဂါတူ၊ ပုံစံတူ၊ တစ်နှစ်ခြား ပြီး သေဆုံးခဲ့ရပုံကို မိခင်ဖြစ်သူ ဒေါ်ရွှေဥက ပြောသည်။

အဆိုပါ သတ္တုမိုင်းတွင် သတ္တုတူးဖော်ရေးဆိုင်ရာလုပ်ငန်း မျိုးစုံရှိပြီး ယခုကဲ့သို့သေဆုံးခဲ့သည့် အလုပ်သမားများသည် သတ္တုကို လေမှုတ်စက်(လေဂမ်း)ဖြင့်မှုတ် သည့်လုပ်ငန်းခွင်မှ အလုပ်သမား များဖြစ်ကြောင်း၊ လုပ်ငန်းခွင်ဝင် ပြီးနောက် သုံးနှစ် မှ ငါးနှစ် အတွင်း ရောဂါဖြစ်ပွားပြီး သေဆုံးကြခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့ သို့ဖြစ်မည်ကို အလုပ်သမားများ အနေဖြင့် ကြိုတင်သိရှိနေသော် လည်း မိသားစုဝင်ငွေလိုအပ်ချက် အရ ကျေးရွာသားများက လုပ်ကိုင် ခဲ့ခြင်းဖြစ် ကြောင်း၊ လုပ်ငန်းခွင် တွင် ယင်းကဲ့သို့ရောဂါဖြစ်နေသူ ကို 'ဂမ်း'ရောဂါသမားဟု အမည် တွင်ခေါ်ယူနေသည်အထိ အခြေ အနေဆိုးရွားလျက်ရှိကြောင်း ချောင်းကြီးကျေးရွာ ဒေသခံများ ၏ပြောကြားချက်အရ သိရသည်။ ချောင်းကြီး ကျေးရွာသား ဦးလှငွေ က ''ဂမ်းရောဂါဖြစ်တဲ့သူ တိုင်းသေကြတာပဲ။ အခုဆိုရင် ကျေးရွာကလူတွေက မလုပ်သ လောက်ရှားနေပြီ။ ရှိတော့ရှိသေး တယ်''ဟုပြောသည်။ ဒေါ်ရွှေဥက''သားတွေနဲ့အ တူ အလုပ်ဆင်းခဲ့ကြတဲ့ သူငယ် ချင်းခြောက် ဦးလဲ ဒီရောဂါနဲ့ပဲ သေ ကုန်ပြီ''ဟု ဆက်လက်ပြော သည်။

မကြာသေး မီရက်ပိုင်းများ အတွင်းက ယင်းရောဂါဖြင့်သေ ဆုံးခဲ့သည့် အမျိုးသားတစ်ဦးရှိခဲ့ ပြီး ရောဂါဖြစ်ပွားနေပြီး သေဆုံး မည့်အချိန်ကို စောင့်နေသူများ လည်း ကျေးရွာတွင်ရှိနေကြောင်း ချောင်းကြီးရွာသားများက ပြော သည်။ မီးလန်း သတ္တု တွင်း (ဒေသ အခေါ် သေမင်းတမန်တောင်)ကို ၁၉၉၅ခုနှစ်ဝန်းကျင်မှ စတင်တူး ဖော်နေခြင်းဖြစ်ပြီး လက်ရှိတွင် ကုမ္ပဏီနှစ်ခုခန့်က ပြောင်းလဲလုပ် ကိုင်ခဲ့ပြီဖြစ်ကြောင်း ကျေးရွာသား များကပြောသည်။

ကျော်ဇေယျ
Yangon Media Group , RangonNewsDaily
kolatt (Pabedan): 2.8.2013

No comments:

Post a Comment