Pages

Pages - Menu

Friday, August 2, 2013

`အမှားလုပ်မိသောကျောင်းသားကျောင်းသူများကို ဝိုင်းဝန်းအပြစ်တင်ခြင်းထက် အခွင့်အရေးတစ်ခုပြန်ပေးရန်လိုအပ်ကြောင်း ဦးကိုကိုလှိုင်ပြောကြား´

RangonNewsDaily:: Aug 2, 2013

ကျောင်းသားကျောင်းသူများအနေဖြင့်အမှား လုပ်မိခဲ့ပြီဆိုလျှင်လည်း ၄င်းတို့အား ဝိုင်းဝန်း အပြစ်တင်ခြင်းထက် အခွင့်အရေးတစ်ခုပြန်လည် ပေးရမည်ဖြစ်ကြောင်း၊ ပတ်ဝန်းကျင်အသိုင်း အဝိုင်းကလည်း ဝေဖန်နေခြင်းမျိုးထက် မဖြစ်ပွား မီကတည်းက မိတ်ဆွေကောင်းပီသစွာထိန်းသိမ်း ခြင်းမျိုးကို လုပ်ဆောင်သင့်ကြောင်း နိုင်ငံတော် သမ္မတအကြံပေး ဦးကိုကိုလှိုင်ကဆိုသည်။ တက္ကသိုလ်ကျောင်းများတွင် မဖွယ်မရာ အပြုအမူများဖြစ်ပွားခြင်းသည် ကာယကံရှင်များ ကိုသာမက တိုင်းပြည်အတွက်ပါထိခိုက်နစ်နာ မှုဖြစ်စေကြောင်း နိုင်ငံတော်သမ္မတအကြံပေး ဦးကိုကိုလှိုင်က ပြည်ထောင်စုနေ့စဉ်သို့ သုံးသပ် ပြောကြားသည်။

မကြာသေးမီကာလကနည်းပညာတက္ကသိုလ် တစ်ခုတွင် မဖွယ်မရာဖြစ်ပွားမှုတစ်ရပ်ဖြစ်ပွား ခဲ့ခြင်းနှင့်ပတ်သက်၍ ''တစ်ယောက်ချင်းစီရဲ့ ဘဝကို ထိခိုက်စေသလို သူတို့ဆီက တိုင်းပြည် အပေါ်အကျိုးပြုမယ့်အရာတွေလဲ ဆုံးရှုံးနိုင်လို့ တိုင်းပြည်အတွက်ပါ နစ်နာစေပါတယ်'' ဟု ဦးကိုကိုလှိုင်ကပြောသည်။

အထက်ပါဖြစ်ပွားမှုမျိုးများကို စာသင်ခန်း စည်းကမ်း၊ ကျောင်းစည်းကမ်းများအရထိန်းသိမ်း ရမည်ဖြစ်ကြောင်း၊ မိဘများမှာလည်း သားသမီး များကို မျက်ခြည်မပြတ်စောင့်ကြည့်၍ တစ်ဦး ပေါ်တစ်ဦး အပြန်အလှန်လေးစားကာ သိမ်သိမ် မွေ့မွေ့ဖြင့် ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ သား သမီးနှင့်မိဘအပြန်အလှန်လေးစားမှုထားရှိရမည် ဖြစ်ကြောင်း ၄င်းကပြောသည်။

ကျောင်းသားကျောင်းသူများအနေဖြင့်ပင်ကို အသိစိတ်ဓာတ်ဖြင့် မိမိတို့တန်ဖိုးကို အလေးထား ရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ကျောင်းသူများ အနေဖြင့် ပြောင်းလဲမှုများလာသည့်ခေတ်တွင် မိန်းကလေးတို့၏ ဣနြေ္ဒနှင့်တန်ဖိုးကို ပိုမိုတန်ဖိုး ထားသည့်စိတ်ဓာတ်ရှိရန်လိုအပ်ကြောင်း ဦးကိုကို လှိုင်ကဆိုသည်။

တက္ကသိုလ်များတွင် မဖွယ်မရာအပြုအမူ ကိစ္စရပ်များ ဖြစ်ပွားခြင်းမရှိစေရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအ
ဖွဲ့က တင်းကြပ်စွာကိုင်တွယ် သွားရန်စီစဉ်နေကြောင်းသိရသည်။

အောရမ်း
Union Daily , RangonNewsDaily
kolatt (Pabedan): 2.8.2013

No comments:

Post a Comment