Pages

Pages - Menu

Monday, August 19, 2013

နိုင်ငံရေးအကျဉ်းသားများလွှတ်ရေး ဆန္ဒပြဆရာတော် တောင်ငူရောက်

Photo: နိုင်ငံရေးအကျဉ်းသားများလွှတ်ရေး ဆန္ဒပြဆရာတော် တောင်ငူရောက်
Monday, August 19, 2013

အကျဉ်းထောင်တွေထဲမှာ ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ တောင်းဆိုနေတဲ့ မြောက်ဒဂုံမြို့နယ်၊ သီရိအောင်မြေကျောင်း တိုက် ဆရာတော် ဦးရက္ခဝံသဟာ ရန်ကုန်ကနေ မန္တလေးအထိ လမ်းလျှောက်နေရာမှာ ဒီနေ့ ပဲခူးတိုင်း၊ တောင်ငူမြို့ကို ရောက် ရှိနေပြီလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်နေ့က ရန်ကုန်မြို့ကနေ စတင်လမ်းလျှောက်ကြွနေတာဖြစ်ပြီး လမ်းတစ်လျှောက် ခရီးစဉ်အကြောင်းကို ဆရာတော် ဦးရက္ခ၀ံသက RFAကို အခုလို မိန့်ပါတယ်။

"ရန်ကုန်မြို့တွင်းမှာတော့ တားဆီးတာတို့ ဘာတို့ရှိတယ်၊ မြို့ပြင်ရောက်တာနဲ့ အတားအဆီး ဘာမှမရှိဘူး၊ လိုအပ်တဲ့ အကူအညီတွေရှိရင်ပြောပါလို့ လာပြောတာတွေရှိတယ်၊ မြို့တစ်မြို့ဝင်လာရင် လူတွေနည်းနည်းလိုက်ပေးတာတွေ၊ နောက်နိုင် ငံရေးအကျဉ်းသားတွေရဲ့ ကျန်ခဲ့တဲ့မိသားစုတွေလာတယ်၊ ဦးဇင်းကို အားပေးတယ်"

ဆရာတော်ဦးရက္ခ၀ံသဟာ တစ်ရက်ကို မိုင်၂၀ လမ်းလျှောက်နေတာဖြစ်ပြီး ညဘက်တွေမှာတော့ ရောက်ရှိတဲ့နယ်ဒေသတွေက ဘုန်းကြီးကျောင်းတွေ မှာ သီတင်းသုံးတယ်လို့ သိရပါတယ်။ လမ်းလျှောက်ခရီးထွက်လာတာဟာ ဒီနေ့ဆိုရင် ၉ ရက်မြောက်နေ့ ရောက်ရှိပြီဖြစ်တာကြောင့် မန္တလေးကိုရောက် ရှိဖို့ ၁၅ ရက်နီးပါးကြာမယ်လို့ ခန့်မှန်းထားကြောင်း ပြောပါတယ်။

ဆရာတော် ဦးရက္ခဝံသဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၃ ရက်နေ့ကလည်း လက်ကျန်နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာတစ်ပါးတည်း ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

RFA

RangonNewsDaily:: Aug 19, 2013

အကျဉ်းထောင်တွေထဲမှာကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးဖို့ တောင်းဆိုနေတဲ့ မြောက်
ဒဂုံမြို့နယ်၊သီရိအောင်မြေကျောင်းတိုက်ဆရာတော်ဦးရက္ခဝံသဟာရန်ကုန်ကနေမန္တလေးအထိလမ်းလျှောက်
နေရာမှာ ဒီနေ့ ပဲခူးတိုင်း၊ တောင်ငူမြို့ကို ရောက် ရှိနေပြီလို့ ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ၁၁ ရက်နေ့ကရန်ကုန်မြို့ကနေစတင်လမ်းလျှောက်ကြွနေတာဖြစ်ပြီး လမ်းတစ်လျှောက်
 ခရီးစဉ်အကြောင်းကို ဆရာတော် ဦးရက္ခ၀ံသက RFAကို အခုလို မိန့်ပါတယ်။

"ရန်ကုန်မြို့တွင်းမှာတော့ တားဆီးတာတို့ ဘာတို့ရှိတယ်၊ မြို့ပြင်ရောက်တာနဲ့ အတားအဆီး ဘာမှမရှိဘူး၊ လိုအပ်တဲ့အကူအညီတွေရှိရင်ပြောပါလို့လာပြောတာတွေရှိတယ်၊ မြို့တစ်မြို့ဝင်လာရင်လူတွေနည်းနည်း
လိုက်ပေးတာတွေ၊ နောက်နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကျန်ခဲ့တဲ့မိသားစုတွေလာတယ်၊ ဦးဇင်းကို အားပေး
တယ်"

ဆရာတော်ဦးရက္ခ၀ံသဟာ တစ်ရက်ကို မိုင်၂၀ လမ်းလျှောက်နေတာဖြစ်ပြီး ညဘက်တွေမှာတော့ ရောက်ရှိ
တဲ့နယ်ဒေသတွေက ဘုန်းကြီးကျောင်းတွေ မှာ သီတင်းသုံးတယ်လို့ သိရပါတယ်။ လမ်းလျှောက်ခရီးထွက်
လာတာဟာ ဒီနေ့ဆိုရင် ၉ ရက်မြောက်နေ့ ရောက်ရှိပြီဖြစ်တာကြောင့် မန္တလေးကိုရောက် ရှိဖို့ ၁၅ ရက်နီး
ပါးကြာမယ်လို့ ခန့်မှန်းထားကြောင်း ပြောပါတယ်။

ဆရာတော် ဦးရက္ခဝံသဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၃ ရက်နေ့ကလည်း လက်ကျန်နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာတစ်ပါးတည်း ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

RFA , RangonNewsDaily
kolatt (Pabedan): 19.8.2013

No comments:

Post a Comment