Pages

Pages - Menu

Tuesday, August 27, 2013

နိုင်ငံခြားသားများအတွက် ချင်းတွင်းနှင့် ဧရာ ခရီးစဉ် ရှစ်ခေါက်ပို့ဆောင်မည်

Photo: နိုင်ငံခြားသားများအတွက် ချင်းတွင်းနှင့် ဧရာ ခရီးစဉ် ရှစ်ခေါက်ပို့ဆောင်မည်
Tuesday, August 27, 2013

ဇူလိုင်လ မှ စက်တင်ဘာလအထိ လာရောက် သည့် နိုင်ငံခြားသား ခရီးသွား ဧည့်သည်များကို ချင်းတွင်းမြစ် ဟုမ္မလင်းခရီးစဉ် ငါးခေါက်၊ ဧရာ ဝတီမြစ် ဗန်းမော်ခရီးစဉ် သုံးခေါက် တို့ကို ရေကြောင်းခရီးစဉ်ဖြင့် ပို့ ဆောင်ပေး မည်ဖြစ်ကြောင်း Myanmar Golden River Group (MGRG)  ဒါရိုက်တာ ဦးသန်းဝင်းက ပြောသည်။  MGRG မှ ဟုမ္မလင်းခရီး စဉ်ကို မန္တလေးမြို့မှ ၂၀၁၃ ခုနှစ် ဇူလိုင် ၂၂ ရက်တွင် နိုင်ငံခြားသား ခရီးသည် ၂၅ ဦးတင်ဆောင် ၍ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ် ရေ ကြောင်းလမ်းအတိုင်း ပထမတစ် ခေါက် ပို့ဆောင်ပေးခဲ့ရာ ဩဂုတ် ၂ ရက်တွင် ခရီးစဉ်ပြီးဆုံးသဖြင့် နိုင်ငံခြားသား ခရီးသည်များကို ပုဂံမြို့သို့ ပို့ဆောင်ပေးခဲ့ရသည်။ ဒုတိယအခေါက်ကို ဩဂုတ် ၅ ရက်မှ ၁၆ ရက် အထိ နိုင်ငံခြား သား ခရီးသည် ၂၀ ဦးဖြင့် မန္တလေး မြို့မှ ဟုမ္မလင်းမြို့သို့ ပို့ဆောင် ခဲ့ရပြီး ယခုအခါ ချင်းတွင်းခရီး စဉ် တတိယအခေါက်ကို ဩဂုတ် ၁၉ ရက်မှ စတင်၍ နိုင်ငံခြားသား ခရီးသည် ၁၅ ဦးဖြင့် မန္တလေးမြို့ မှ ထွက်ခွာ သွားပြီဖြစ် ကြောင်း သိ ရသည်။

''ချင်းတွင်းခရီးစဉ် ဟုမ္မလင်း မြို့ကို ငါးခေါက်ပြေးဆွဲမယ်။ အ ခု တတိယအခေါက်ခရီးစဉ်က ဩဂုတ် ၃၀ ရက်မှာ ပြီးဆုံးမယ်။ ဗန်းမော်ခရီးစဉ်က ကျွန်တော်တို့ နိုင်ငံခြားခရီးသည်တင်ပြီး တိုက် ရိုက်ပြေးဆွဲတာ မဟုတ်ပါဘူး။ Road To Mandalay  ဂျာမန် သင်္ဘောကြီးနဲ့ ခရီးသည်တွေ သွား တဲ့အခါ ကျွန်တော်တို့  MGRG  က နှစ်စီး လိုက်ပါပေးရတာပါ။  Road To Mandalay သင်္ဘော ကြီးက ရေမိုင်ဖြည်းဖြည်းပဲ မောင်း နိုင်တယ်။ ကျွန်တော်တို့က ပိုမြန် တယ်။ ခရီးသည်တွေ လေ့လာ ချင်တဲ့ မြို့ရွာတွေမှာ ကျွန်တော် တို့  MGRG က အမြန်ရေယာဉ် တွေနဲ့ ဆိပ်ကမ်းအရောက် ပို့ပေး ရတယ်။ ကုန်းပေါ်မှာ တစ်နာရီ၊ နှစ် နာရီကြာ လေ့လာလည်ပတ်ခွင့်အ ချိန် ပေးထားတယ်။ 

Road To Mandalay သင်္ဘောကြီးက ကျွန် တော်တို့ကို မစောင့်ဘဲ ဆက်ထွက် သွားတယ်။ ဆိုက်ကပ်ရပ်နားတဲ့ ဆိပ်ကမ်းမှာ လေ့လာပြီးရင် ကျွန် တော်တို့က သင်္ဘောကြီးဆီ ရောက် အောင်ပို့ပေးတယ်။  Road To Mandalay  သင်္ဘောကြီးနဲ့ လာတဲ့ သူတွေက ငွေကုန်ကြေးကျ အ များဆုံးခံနိုင်တဲ့ နိုင်ငံခြားသား တွေဖြစ်လို့ သင်္ဘောကြီးကပဲ စား ရေး၊ နေရေး၊ အိပ်ရေး တာဝန် ယူထားတယ်။ ကျွန်တော်တို့ အ လုပ်က ရပ်နားချင်တဲ့ ဆိပ်ကမ်း တွေကို ပို့ပေးရတဲ့အလုပ်ပဲ လုပ် ပေးရတယ်''ဟု  MGRG  မှ ရေ ကြောင်းသွားလာရေးမန်နေဂျာ ဦးမျိုးဇေယျက ပြောသည်။

လှိုင်ထွေးအောင်

Yangon Media Group
နိုင်ငံခြား ခရီးသွားများအတွက်ချင်းတွင်းဧရာ သင်္ဘောနှစ်စင်းကို တွေ့ရစဉ်။ ဓာတ်ပုံ - လှိုင်ထွေးအောင်
နိုင်ငံခြား ခရီးသွားများအတွက်ချင်းတွင်းဧရာ သင်္ဘောနှစ်စင်းကို တွေ့ရစဉ်။ ဓာတ်ပုံ - လှိုင်ထွေးအောင်
RangonNewsDaily:: Aug 27, 2013

ဇူလိုင်လ မှ စက်တင်ဘာလအထိ လာရောက် သည့် နိုင်ငံခြားသား ခရီးသွား ဧည့်သည်များကို ချင်းတွင်းမြစ် ဟုမ္မလင်းခရီးစဉ် ငါးခေါက်၊ ဧရာ ဝတီမြစ် ဗန်းမော်ခရီးစဉ် သုံးခေါက် တို့ကို ရေကြောင်းခရီးစဉ်ဖြင့် ပို့ ဆောင်ပေး မည်ဖြစ်ကြောင်း Myanmar Golden River Group (MGRG) ဒါရိုက်တာ ဦးသန်းဝင်းက ပြောသည်။ MGRG မှ ဟုမ္မလင်းခရီး စဉ်ကို မန္တလေးမြို့မှ ၂၀၁၃ ခုနှစ် ဇူလိုင် ၂၂ ရက်တွင် နိုင်ငံခြားသား ခရီးသည် ၂၅ ဦးတင်ဆောင် ၍ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ် ရေ ကြောင်းလမ်းအတိုင်း ပထမတစ် ခေါက် ပို့ဆောင်ပေးခဲ့ရာ ဩဂုတ် ၂ ရက်တွင် ခရီးစဉ်ပြီးဆုံးသဖြင့် နိုင်ငံခြားသား ခရီးသည်များကို ပုဂံမြို့သို့ ပို့ဆောင်ပေးခဲ့ရသည်။ 
 
ဒုတိယအခေါက်ကို ဩဂုတ် ၅ ရက်မှ ၁၆ ရက် အထိ နိုင်ငံခြား သား ခရီးသည် ၂၀ ဦးဖြင့် မန္တလေး မြို့မှ ဟုမ္မလင်းမြို့သို့ ပို့ဆောင် ခဲ့ရပြီး ယခုအခါ ချင်းတွင်းခရီး စဉ် တတိယအခေါက်ကို ဩဂုတ် ၁၉ ရက်မှ စတင်၍ နိုင်ငံခြားသား ခရီးသည် ၁၅ ဦးဖြင့် မန္တလေးမြို့ မှ ထွက်ခွာ သွားပြီဖြစ် ကြောင်း သိ ရသည်။

''ချင်းတွင်းခရီးစဉ် ဟုမ္မလင်း မြို့ကို ငါးခေါက်ပြေးဆွဲမယ်။ အ ခု တတိယအခေါက်ခရီးစဉ်က ဩဂုတ် ၃၀ ရက်မှာ ပြီးဆုံးမယ်။ ဗန်းမော်ခရီးစဉ်က ကျွန်တော်တို့ နိုင်ငံခြားခရီးသည်တင်ပြီး တိုက် ရိုက်ပြေးဆွဲတာ မဟုတ်ပါဘူး။ Road To Mandalay ဂျာမန် သင်္ဘောကြီးနဲ့ ခရီးသည်တွေ သွား တဲ့အခါ ကျွန်တော်တို့ MGRG က နှစ်စီး လိုက်ပါပေးရတာပါ။ 
 
Road To Mandalay သင်္ဘော ကြီးက ရေမိုင်ဖြည်းဖြည်းပဲ မောင်း နိုင်တယ်။ ကျွန်တော်တို့က ပိုမြန် တယ်။ ခရီးသည်တွေ လေ့လာ ချင်တဲ့ မြို့ရွာတွေမှာ ကျွန်တော် တို့ MGRG က အမြန်ရေယာဉ် တွေနဲ့ ဆိပ်ကမ်းအရောက် ပို့ပေး ရတယ်။ ကုန်းပေါ်မှာ တစ်နာရီ၊ နှစ် နာရီကြာ လေ့လာလည်ပတ်ခွင့်အ ချိန် ပေးထားတယ်။

Road To Mandalay သင်္ဘောကြီးက ကျွန် တော်တို့ကို မစောင့်ဘဲ ဆက်ထွက် သွားတယ်။ ဆိုက်ကပ်ရပ်နားတဲ့ ဆိပ်ကမ်းမှာ လေ့လာပြီးရင် ကျွန် တော်တို့က သင်္ဘောကြီးဆီ ရောက် အောင်ပို့ပေးတယ်။ 
 
Road To Mandalay သင်္ဘောကြီးနဲ့ လာတဲ့ သူတွေက ငွေကုန်ကြေးကျ အ များဆုံးခံနိုင်တဲ့ နိုင်ငံခြားသား တွေဖြစ်လို့ သင်္ဘောကြီးကပဲ စား ရေး၊ နေရေး၊ အိပ်ရေး တာဝန် ယူထားတယ်။ ကျွန်တော်တို့ အ လုပ်က ရပ်နားချင်တဲ့ ဆိပ်ကမ်း တွေကို ပို့ပေးရတဲ့အလုပ်ပဲ လုပ် ပေးရတယ်''ဟု MGRG မှ ရေ ကြောင်းသွားလာရေးမန်နေဂျာ ဦးမျိုးဇေယျက ပြောသည်။

လှိုင်ထွေးအောင်

Yangon Media Group , RangonNewsDaily
kolatt (Pabedan): 27.8.2013

No comments:

Post a Comment