Pages

Pages - Menu

Friday, August 2, 2013

တနင်္သာရီမြစ်ရေ ဆက်လက်မြင့်တက်မှုကြောင့် တနင်္သာရီမြို့ပေါ်၌ ရေကြီးလျက်ရှိ

တနင်္သာရီမြစ်ရေ ဆက်လက်မြင့်တက်မှုကြောင့် တနင်္သာရီမြို့ပေါ်၌ ရေကြီးလျက်ရှိ

Kolatt :: Aug 2, 2013

တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင် တနင်္သာရီ မြို့နယ်သည်
မိုးများအဆက် မပြတ် ရွာသွန်းရွာသွန်းမှု ကြောင့် သြဂုတ်လ (၁)ရက် ညနေ(၆)နာရီတွင် တနင်္သာရီ မြစ်ရေသည် သာမန်မြစ်ရေ အထက်(၂၃.၅) ပေ အထိ
ဆက်လက် မြင့်တက်လျက် ရှိသည်။

 ချောင်းကြီးရပ်ရွှေလိပ်ပြာလမ်းတွင် (၆)ပေကျော်နှင့် ချောင်းငယ် ရပ်ကွက် တွင် (၆.၂)ပေခန့် မြင့်တက်နေပြီး လူနေအိမ် (၂၀၂)လုံး ရေနစ်မြုပ်လျက် ရှိရာ ပြည်သူများမှ ကယ်ဆယ်ရေး စခန်း များသို့ ပြောင်းရွှေ့နေထိုင်လျက် ရှိသည်။

အထက-(တနင်္သာရီ) ကျောင်းဝင်းအတွင်းတွင် မြစ်ရေ(၃)ပေခန့်
မြင့်တက် နေသဖြင့် ယနေ့မှစ၍ မြစ်ရေ ပြန်ကျသည် အထိ
ကျောင်းပိတ် ထားလိုက် ရသည်။ အဆိုပါ မြစ်ရေ ဆက်လက် မြှင့်တက်လျက် ရှိသော ကြောင့် တနင်္သာရီမြို့နယ် အတွင်းရှိ ကျေးရွာများ မှ ကျောင်းသား/သူများ သွားလာရန် ခက်ခဲပြီး အန္တရာယ်ရှိနိုင်သ ဖြင့် ကျောင်းများ လည်း ခေတ္တပိတ်ထားလျက် ရှိသည်။

မြိတ်- တနင်္သာရီ- ကော့သောင်း ပြည်ထောင်စု လမ်းမကြီး တွင်လည်း ကားလမ်း ရေကျော်မှုများ ဖြစ်ပေါ် လျက်ရှိရာ သြဂုတ်လ(၁)ရက် ညနေ(၆)နာရီတွင် မိုင်တိုင်အမှတ် (၄၁/၄)နှင့် (၄၁/၅)တွင် (၂)ပေ၊ (၄၆/၆)နှင့် (၄၇/၀)တွင် (၅)ပေ၊ (၄၈/၃)နှင့် (၄၈/၆)တွင် (၅)ပေ၊(၅၂/၃)နှင့် (၅၂/၇)တွင် (၇.၆)ပေ ဖြင့် လမ်းပေါ် ရေကျော် လျက်ရှိသဖြင့် မော်တော်ယာဉ်များဖြင့် သွားလာရခက်ခဲလျက် ရှိသည်။

ကယ်ဆယ်ရေးစခန်းများတွင် ပြောင်းရွေ့ နေထိုင်လျက်ရှိသော
ပြည်သူများအား တနင်္သာရီ တိုင်းဒေသ ကြီး အစိုးရ အဖွဲ့ ကိုယ်စား မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး နှင့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူ တို့က သြဂုတ်(၁)ရက်နေ့ နေ့လည်(၂း၃၀)နာရီ အချိန် ကယ်ဆယ်ရေး စခန်းများရှိ ရေဘေးသင့် ပြည်သူများအား ကျန်းမာရေး၊ တကိုယ်ရည်သန့်ရှင်း ဂရုစိုက်ကြရန် အားပေးစကား ပြောကြားပြီး ခြင်ထောင်၊စောင်၊ လုံချည်၊ စားသုံးဆီ ၊ မာမား ခေါက်ဆွဲနှင့် ဆန်အိတ်များ ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။ 

ထို့အတူ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး အောင်လွင် က ကယ်ဆယ်ရေး စခန်းများရှိ ရေဘေးသင့် ပြည်သူများအား ဆန်၊ဆီ၊ ခေါက်ဆွဲ ခြောက်များကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။

မြိတ်ပုလဲမြေ

RangonNewsDaily:: Aug 2, 2013
တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင်တနင်္သာရီ မြို့နယ်သည်မိုးများအဆက်မပြတ်ရွာသွန်းရွာသွန်းမှု ကြောင့်
 သြဂုတ်လ (၁)ရက် ညနေ(၆)နာရီတွင် တနင်္သာရီ မြစ်ရေသည် သာမန်မြစ်ရေ အထက်(၂၃.၅) ပေ အထိ
ဆက်လက် မြင့်တက်လျက် ရှိသည်။ ချောင်းကြီးရပ်ရွှေလိပ်ပြာလမ်းတွင် (၆)ပေကျော်နှင့် ချောင်းငယ် ရပ်ကွက် တွင် (၆.၂)ပေခန့် မြင့်တက်နေပြီး လူနေအိမ် (၂၀၂)လုံး ရေနစ်မြုပ်လျက် ရှိရာ ပြည်သူများမှ ကယ်ဆယ်ရေး စခန်း များသို့ ပြောင်းရွှေ့နေထိုင်
လျက် ရှိသည်။

အထက-(တနင်္သာရီ) ကျောင်းဝင်းအတွင်းတွင် မြစ်ရေ(၃)ပေခန့်မြင့်တက် နေသဖြင့် ယနေ့မှစ၍ မြစ်ရေ
ပြန်
ကျသည် အထိကျောင်းပိတ် ထားလိုက် ရသည်။ အဆိုပါ မြစ်ရေ ဆက်လက် မြှင့်တက်လျက် ရှိသော ကြောင့် တနင်္သာရီမြို့နယ် အတွင်းရှိ ကျေးရွာများ မှ ကျောင်းသား/သူများ သွားလာရန် ခက်ခဲပြီး အန္တရာယ်ရှိနိုင်သ
 ဖြင့် ကျောင်းများ လည်း ခေတ္တပိတ်ထားလျက် ရှိသည်။

မြိတ်- တနင်္သာရီ- ကော့သောင်း ပြည်ထောင်စု လမ်းမကြီး တွင်လည်း ကားလမ်း ရေကျော်မှုများ ဖြစ်ပေါ် လျက်ရှိရာ သြဂုတ်လ(၁)ရက် ညနေ(၆)နာရီတွင် မိုင်တိုင်အမှတ် (၄၁/၄)နှင့် (၄၁/၅)တွင် (၂)ပေ၊ (၄၆/၆)နှင့် (၄၇/၀)တွင် (၅)ပေ၊ (၄၈/၃)နှင့် (၄၈/၆)တွင် (၅)ပေ၊(၅၂/၃)နှင့် (၅၂/၇)တွင် (၇.၆)ပေ ဖြင့် လမ်းပေါ် ရေကျော် လျက်ရှိသဖြင့် မော်တော်ယာဉ်များဖြင့် သွားလာရခက်ခဲလျက် ရှိသည်။

ကယ်ဆယ်ရေးစခန်းများတွင် ပြောင်းရွေ့ နေထိုင်လျက်ရှိသောပြည်သူများအား တနင်္သာရီ
တိုင်းဒေသ ကြီး
 အစိုးရ အဖွဲ့ ကိုယ်စား မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး နှင့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူ တို့က သြဂုတ်(၁)ရက်နေ့ နေ့လည်(၂း၃၀)နာရီ အချိန် ကယ်ဆယ်ရေး စခန်းများရှိ ရေဘေးသင့် ပြည်သူများအား ကျန်းမာရေး၊ တကိုယ်ရည်သန့်ရှင်း ဂရုစိုက်ကြရန် အားပေးစကား ပြောကြားပြီး ခြင်ထောင်၊စောင်၊ လုံချည်၊ စားသုံးဆီ ၊ မာမား ခေါက်ဆွဲနှင့် ဆန်အိတ်များ ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။

ထို့အတူ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး အောင်လွင် က ကယ်ဆယ်ရေး စခန်းများရှိ ရေဘေးသင့် ပြည်
သူများ
အား ဆန်၊ဆီ၊ ခေါက်ဆွဲ ခြောက်များကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။

မြိတ်ပုလဲမြေ , RangonNewsDaily
kolatt (Pabedan): 2.8.2013

No comments:

Post a Comment