Pages

Pages - Menu

Sunday, August 18, 2013

အီဂျစ်နိုင်ငံ အပေါ် တုံ့ပြန်မှုများ ပြုလုပ်သွားရန် ဥရောပသမဂ္ဂအား ဟော်လန်ဒ်နှင့် ကင်မရွန်း တောင်းဆို

Photo: အီဂျစ်နိုင်ငံ အပေါ် တုံ့ပြန်မှုများ ပြုလုပ်သွားရန် ဥရောပသမဂ္ဂအား ဟော်လန်ဒ်နှင့် ကင်မရွန်း တောင်းဆို 
Sunday, August 18, 2013

ပြင်သစ်သမ္မတ ဖရန်ဆွာဟော်လန်ဒ်နှင့် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းတို့ နှစ်ဦးသည် သြဂုတ် ၁၆ ရက် တွင် တယ်လီဖုန်းမှ တစ်ဆင့် အပြန်အလှန် ဆွေးနွေး ခဲ့ကြသည်။

၎င်းတို့နှစ်ဦးသည် အီဂျစ်နိုင်ငံ၏ ဆန္ဒပြမှုများကို အစိုးရက အကြမ်းဖက် ဖြိုခွင်းမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြကြောင်း ပြင်သစ် သမ္မတရုံးမှ ထုတ်ပြန်သော အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားသည်။

အီဂျစ်နိုင်ငံ၏ မတိုးသာ မဆုတ်သာ အခြေအနေနှင့် စပ်လျဉ်း၍ ဥရောပ သမဂ္ဂမှ ထိရောက်စွာ တုံ့ပြန် သွားရန် လိုအပ်နေပြီ ဖြစ်ပြီး အီဂျစ်နိုင်ငံနှင့် ၎င်းတို့၏ ဆက်ဆံရေးကို ပြန်လည် သုံးသပ်ပေးရန် ဥရောပ သမဂ္ဂအား ပြင်သစ်နှင့် ဗြိတိန် နှစ်နိုင်ငံ ခေါင်းဆောင်များက တောင်းဆိုခဲ့ကြောင်း သိရသည်။

အီဂျစ်နိုင်ငံတွင် မကြာမီ ရက်များက ဖြစ်ပေါ်ခဲ့သော ပြင်းထန်သည့် အကြမ်းဖက် နှိမ်နင်းမှုများနှင့် စပ်လျဉ်း၍ လည်းစိုးရိမ် ပူပန်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ၎င်းတို့နှစ်ဦးက ထုတ်ဖော် ပြောကြားခဲ့သည်။

ထို့နောက် ဟော်လန်ဒ်သည် ဂျာမနီ ဝန်ကြီးချုပ် အိန်ဂျဲလာမာကယ်နှင့် အီတလီ ဝန်ကြီးချုပ် အွန်ရီကို လက်တာတို့ နှစ်ဦးနှင့်လည်း သြဂုတ် ၁၆ ရက် အစောပိုင်းက ဆွေးနွေးခဲ့သည်ဟု သိရသည်။

ယင်းကဲ့သို့ ဆွေးနွေးစဉ်၌ အီဂျစ်နိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော အကြမ်းဖက်မှုများကို အဆုံးသတ်စေရန်၊ အမျိုးသားရေး ဆွေးနွေးပွဲများ ပြန်လည် ကျင်းပရန်နှင့် အီဂျစ်နိုင်ငံ၏ အခြေအနေအပေါ် ဥရောပ သမဂ္ဂမှ တုံ့ပြန်မှုများ ပြုလုပ်သွားကြရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

မြ၀တီ

RangonNewsDaily:: Aug 18, 2013

ပြင်သစ်သမ္မတ ဖရန်ဆွာဟော်လန်ဒ်နှင့် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းတို့ နှစ်ဦးသည် သြဂုတ် ၁၆ ရက် တွင် တယ်လီဖုန်းမှ တစ်ဆင့် အပြန်အလှန် ဆွေးနွေး ခဲ့ကြသည်။ ၎င်းတို့နှစ်ဦးသည် အီဂျစ်နိုင်ငံ၏ ဆန္ဒပြမှုများကို အစိုးရက အကြမ်းဖက် ဖြိုခွင်းမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြကြောင်း ပြင်သစ် သမ္မတရုံးမှ ထုတ်ပြန်သော အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားသည်။

အီဂျစ်နိုင်ငံ၏ မတိုးသာ မဆုတ်သာ အခြေအနေနှင့် စပ်လျဉ်း၍ ဥရောပ သမဂ္ဂမှ ထိရောက်စွာ တုံ့ပြန် သွားရန် လိုအပ်နေပြီ ဖြစ်ပြီး အီဂျစ်နိုင်ငံနှင့် ၎င်းတို့၏ ဆက်ဆံရေးကို ပြန်လည် သုံးသပ်ပေးရန် ဥရောပ သမဂ္ဂအား ပြင်သစ်နှင့် ဗြိတိန် နှစ်နိုင်ငံ ခေါင်းဆောင်များက တောင်းဆိုခဲ့ကြောင်း သိရသည်။

အီဂျစ်နိုင်ငံတွင် မကြာမီ ရက်များက ဖြစ်ပေါ်ခဲ့သော ပြင်းထန်သည့် အကြမ်းဖက် နှိမ်နင်းမှုများနှင့် စပ်လျဉ်း၍ လည်းစိုးရိမ် ပူပန်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ၎င်းတို့နှစ်ဦးက ထုတ်ဖော် ပြောကြားခဲ့သည်။

ထို့နောက် ဟော်လန်ဒ်သည် ဂျာမနီ ဝန်ကြီးချုပ် အိန်ဂျဲလာမာကယ်နှင့် အီတလီ ဝန်ကြီးချုပ် အွန်ရီကို လက်တာတို့ နှစ်ဦးနှင့်လည်း သြဂုတ် ၁၆ ရက် အစောပိုင်းက ဆွေးနွေးခဲ့သည်ဟု သိရသည်။

ယင်းကဲ့သို့ ဆွေးနွေးစဉ်၌ အီဂျစ်နိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော အကြမ်းဖက်မှုများကို အဆုံးသတ်စေရန်၊ အမျိုးသားရေး ဆွေးနွေးပွဲများ ပြန်လည် ကျင်းပရန်နှင့် အီဂျစ်နိုင်ငံ၏ အခြေအနေအပေါ် ဥရောပ သမဂ္ဂမှ တုံ့ပြန်မှုများ ပြုလုပ်သွားကြရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

မြ၀တီ , RangonNewsDaily
kolatt (Pabedan): 18.8.2013

No comments:

Post a Comment