Pages

Pages - Menu

Thursday, July 4, 2013

မုံရွာကွန်ပျူတာတက္ကသိုလ်အနီးရှိ Y Power ကေတီဗွီအား ရဲတပ်ဖွဲ့မှ ဝင်ရောက်ဖမ်းဆီး

မုံရွာကွန်ပျူတာတက္ကသိုလ်အနီးရှိ Y Power ကေတီဗွီနှင့်အနှိပ်ခန်းဆိုင်အားမုံရွာရဲတပ်ဖွဲ့မှဇူလိုင်လ (၃)ရက်
ည၁၂ နာရီကျော်ခန့်က ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါဆိုင်သည်သတ်မှတ်ထားသောစည်းကမ်းဖြစ်သည့်ည(၁၁)နာရီ ကျော်အထိ ဖွင့်လှစ်နေသောကြောင့်
ဝင်ရောက်ဖမ်းဆီးရမှ တစ်ဆင့် အဆိုပါဆိုင်တွင် အခန်းဝင်နေသော ယောကျာ်းများနှင့် လေဒီများကိုဖမ်းဆီး
ခဲ့ကြောင်း သိရသည်။ ဖမ်းဆီးသည့်အချိန်တွင် မုံရွာ န.မ.ခ မှ စစ်ဘက်ဆိုင်ရာ အရာရှိတစ်ဦးလည်း လာ
ရောက်အနားယူနေသည်ကို တွေ့ရှိခဲ့ပြီး ဖမ်းဆီးသည့် ရဲတပ်ဖွဲ့နှင့် အချေအတင် စကားများခဲ့ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့်တစ်ပတ်အတွင်းမှာလည်း မုံရွာအလုံ သုံးထောင်းချွန်းနားတွင် ဖွင့်လှစ်ထားသော န.မ.ခမှ ဗိုလ်မှူး
တစ်ဦးဖွင့်လှစ်ထားသည့် ကေတီဗွီ ဆိုင်ကိုလည်း သက်ဆိုင်ရာမှ ပိတ်ပင်ခဲ့ကြောင်း သိရှိရသည်။ 
 
ယခုကဲ့သို့ ရဲတပ်ဖွဲ့၏ဆောင်ရွက်မှုများအတွက် နှစ်ထောင်းအားရ ဖြစ်မိပါကြောင်း၊ စီမံချက်ကာလ အတွင်း
မို့ ဖမ်းဆီးတာမဟုတ်ဘဲ ရေရှည်အထိ ထည့်သွင်းစဉ်းစားစေချင်ကြောင်း၊ ဖမ်းတုန်းခဏ ပိတ်ထား၊ ပြီးရင်
သွေးအေးသွားရင် အလျှိုလျှို ပြန်ပေါ်လာကြမှာကိုလည်း စိုးရိမ်ကြောင်း မုံရွာမြို့ခံတစ်ဦးက ပြောကြားသည်။
 
ThanLarWaddy Times , RangonNewsDaily
kolatt(PBDN): 4.7.2013
 

No comments:

Post a Comment